"ကျွန်ုပ်ကွီးရွှေနှင့် ရပ်ကွက်တွင်းကဟောလိဝုဒ်"

avatar

မဂႅလာပါ မြန်မာ-ဟိုဗ်အဖွဲ့သားများခင်ဗျာ။

image006.jpg

"ပြေးဟေ့-ဖောင်းဖောင်း-ဒိုင်း- အိမ်ထဲဝင်နေ- ဟာပြစ်ကုန်ပီ"

သာယာသောနံနက်ခင်းလေးအား ဝရုန်းသုန်းကားဖြစ်အောင်ပြုလုပ်နေသူများကတော့ ယူနီဖောင်းအစိမ်းကြားများဖြစ်ကြသည်။ စကစ-၏ လက်ပါးစေများ၊ ခွေးတစ်သိုက်ဟု သမုတ်ခံရသူများဖြစ်ကြသည်။

ကျွန်တော်ကွီးရွှေ ယနေ့ ဈေးမရောင်းဖြစ်ပါ။ ‌ဈေးရောင်းရန် စိတ်လည်းမရှိပါ။ နံနက်ခင်း၏ နေခြည်နုနုလေးအောက်တွင် ကဗျာမဆန်သော ဝရုန်းသုန်းကား အဖြစ်ပျက်လေး ဖြစ်ပျက်ပီးသွားနောက် ကျနော့စိတ်တို့သည် လေးလံခြင်း၊ စိုးရိမ်ခြင်း၊ တုန်လှုပ်ခြင်း၊ ဒေါသထွက်ခြင်း၊ စိတ်မကောင်းခြင်းများစွာနှင့် ယနေ့နံနက်ခင်းအား အလိုမတူပါပဲ လက်ခံလိုက်ရတော့သည်။

မည်သည့်အချိန်က ကင်းပုန်းဝပ်နေမှန်းမသိသော ထို စကစ တစ်စုသည် ကျွန်တော်များ ရပ်ကွက်၏ အနောက်ထိပ် လူပြတ်သော လမ်းကြားတစ်ခုအတွင်းမှ လက်နက်ကိုယ်စီစွဲကိုင်ထားလျှက် လမ်းကိုပိတ်လိုက်ကြသည်။ ထို့နောက် ဖြတ်သန်းသွားလာသူများအား လက်နက်ဖြင့်ချိန်ကာ ချိန်းခြောက်ဟိန်းဟောက်လျက် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ကြသည်။ ထိုနေရာမှသည် လမ်းတစ်လျောက် အိမ်များအား တစ်အိမ်တက်ဆင်း ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်နေကြသည်။

ကျွန်တော်ကွီးရွှေတို့မိသားစုလေးမှာ မိန်းမသားများသည့်မိသားစုဖြစ်၍ အားလုံးကြောက်လန့်နေကြသည်။ ယမန်နေ့ကမှ ဖတ်ထားသော ပူပူနွေးနွေး ဖေ့ဘုတ်သတင်းအရ မန္တလေးအပါဝင် အခြားသောမြို့ကြီးများတွင်လည်း ထိုနည်းအားဖြင့် အတင်းပိတ်ဆို့ ဝင်ရောက်စစ်ဆေး၊ မသက်ာပါက ဖမ်းဆီးချုပ်နှောင်ရိုက်နှက်ခြင်းများ လုပ်ဆောင်နေကြကြောင်းသိရှိထားရသည်။

ယခု ထိုကဲ့သို့ ရပ်ကွက်ကိုပိတ်ကာ အတင်းဝင်ရောက်စစ်ဆေးနေသည့်ကိစ္စသည် ကျွန်တော်များ နဖူးတွေ့ဒူးတွေ့ ကြုံနေရပါပီ။ ရပ်ကွက်လမ်းများအား အရပ်လေးမျက်နှာမှ ပိတ်ဆို့ထားကြကာ မည်သူတစ်ဦးတစ်ယောက်မှ ရှောင်ထွက်ပြေးရန်မတတ်သာသည့်အခြေနေဆိုက်ရောက်နေသဖြင့် လာမည့်ဘေးပြေးတွေ့ရုံသာရှိတော့သည်။

မိမိတို့ တစ်အိမ်သားလုံး အိမ်အတွင်းတွင် စုစည်းထိုင်နေစေပီး ကျွန်တော်မှ အိမ်ရှေ့သစ်ပင်အကွယ်မှ လှမ်းမျှော်ကြည့်ကာ စနည်းနာကြည့်သည်။ တရုန်းရုန်းနှင့် အော်ဟစ်ဆဲဆိုသံ၊ ကြိမ်းမောင်းသံ လက်နက်များအား မောင်းတင်သံ တဖြောင်းဖြောင်းကို လှမ်း၍ပင်ကြားနေရသည်။ ကြောက်သော်လည်း ရှောင်လွဲစရာမရှိသည့်အခြေအနေ။

ကျွန်တော့နည်းတူ အနီးနားအိမ်များမှ လူအချို့ကလည်း မိမိတို့ အိမ်ဝင်းပေါက်များမှ ပြူတစ်ပြူတစ်ထွက်ကြည့်ကာ အခြေနေအား အကဲခတ်နေကြသည်။

ထိုစဉ်အခိုက် ရုတ်တရက်လိုသလိုပင် အပြင်းမောင်းလာသော ကားသံများကိုကြားရပီးနောက် ပစ်သံ၊ခတ်သံ၊ပြေးသံ၊အော်ဟစ်သံ၊ဆဲဆိုကြိမ်းမောင်းသံများသည် ရပ်ကွက်လမ်းမထက်တွင် ဆူညံပွက်လောရိုက်သွားသည်။ ကျွန်တော်၏ မိခင်ကြီးမှ အိမ်ထဲဝင်နေသားရေ ကျည်ဆံမှန်လိမ့်မယ်ဟုသတိပေးသော်လည်း ကျွန်တော်မှ အကာကွယ်မှနေ၍ အမေတို့သာ အိမ်ထဲမှာနေ ကျွန်တော်က လမ်းပေါ်အခြေအနေကြည့်ထားမှဖြစ်မယ်လို့ ပြန်ဖြေရင်း သတိထားကာ လှုပ်ရှားမှုအခြေနေအား စောင့်ကြည့်နေမိသည်။

ကားသုံးစီးခန့်အပြင်းမောင်းဝင်ကာ စကစ-ရမ်းကားနေသူများနှင့် အပြန်လှန် ပစ်ကြခတ်ကြသည်။ ဖောင်းဒိုင်းအသံများ တော်တော်ကြီး စည်စည်ကားကားဖြစ်သွားသည်။ ကားသုံးစီးလည်း တစ်လမ်းစီခွဲကာ အပြင်းပြန်မောင်းထွက်သွားကြသည်။ လမ်းမပေါ်တွင်တော့ ခေတ္တတိတ်ဆိတ်သွားသည်။

အရပ်လေးမျက်နှာမှ ၎င်းတို့အဖွဲ့သားများ ထိုနေရသို့ စုဝေးလာချိန်တွင် ကားသုံးစီးသည် ဘယ်ဆီရောက်သွားသည်မသိတော့ လမ်းမထက်တွင် ခွေးသေကောင်အလား ပြန့်ကြဲနေသော အကောင်သုံးလေးကောင်အားမြင်တွေ့ရသည်။ နောက်ထပ် ဆယ်မိနစ်ခန့်အကြာတွင် ကားကြီးသုံးလေးစင်းခန့် အင်အားအပြည့်နှင့် ထပ်ရောက်လာကြကာ ရပ်ကွက်လမ်းမပေါ်တွင် ကြိမ်းမောင်းအော်ဟစ်ဆဲဆိုနေကြရင်း ၎င်းတို့၏ မွင်းခါးဖြစ်သွားသည်များအား ကောက်တင်ကာ ပြန်သွားကြလေတော့သည်။

အချိန်အားဖြင့် နောက်ထပ်နာရီဝက်ခန့်ကြာသွားသည် မည်သူတစ်ဦးတစ်ယောက်မှ လမ်းပေါ်သို့မထွက်ရဲကြသေးပဲ လူသူကင်းစင်တိတ်ဆိတ်နေသော လမ်းမသည် တဖြေးဖြေးနှင့် တစ်ယောက်စနှစ်ယောက်စထွက်လာကြရာမှ ပြန်လည်၍ပုံမှန်ပြန်ဖြစ်လာသည်။ တစ်ယောက်တစ်ပေါက်ပြောနေကြသည်များလည်း တစ်စွန်းတစ်စကြားနေရသည်။

ပီဒက်ဖ်အဖွဲ့က စစ်ဆေးရေးစကစအဖွဲ့ကို ရုတ်တရက်ဝင်တိုက်သွားကြ၍ မွင်းခါးလေးပွဲနှင့် အူပေါက်ခြေပြတ်လက်ကျိုးနားပင်းများစွာဖြင့် နောက်ကြောင်းပြန်လှည့်သွားကြသည့်သတင်းသည် ရပ်ကွက်အတွင်း၌ တစ်ခဏအတွင်း ပြန့်နှံန့်၍သွားလေတော့သည်။

ကျွန်တော်ကွီးရွှေအတွက်တော့ ဟောလိဝုဒ် အက်ရှင်ဇာတ်ကားကောင်းတစ်ခုအား နှလုံးတုံ ရင်ခုန်စွာဖြင့် မျက်ဝါးထင်ထင်ကြည့်ခွင့်ရလိုက်ပါတော့သည်။
ဒီနေ့ညတော့ သေချာပေါက် အိပ်ရေးပျက်ရပေဦးမည်။

dqmsdxjjoaopwgdwuevteltfpdjcdqhdchc2nlyyj6yqe8c.png

တစ်ချိန်တွင် Power များစွာ ပိုင်ဆိုင်သော၊ Token များစွာ ပိုင်ဆိုင်သော မြန်မာဟိုက်ဗ် ကွန်မြူနတီ အဖွဲ့သားများ ဖြစ်နိုင်ကြပါစေကြောင်း အားပေးမေတ္တာပို့ရင်း - ကျွန်တော်၏ ပိုစ်အား ခေတ္တ ရပ်နားလိုက်ပါမည်။

@nyinyiwin
30.10.21: PM
dqmsdxjjoaopwgdwuevteltfpdjcdqhdchc2nlyyj6yqe8c.png



0
0
0.000
12 comments
avatar

သေသွားတာဝမ်းသာတာ

0
0
0.000
avatar

အကုန်သေရမှာ 😃 !PIZZA

0
0
0.000
avatar

အားရတာ ခွေးတေသေဟ 😃😁

0
0
0.000
avatar

နဲသေးတယ်ပြောရမှာ !PIZZA

0
0
0.000
avatar

ချက်ချင်း ဝဋ်လည်တာပ။
!PIZZA

0
0
0.000
avatar

ချက်ချင်းကို လည်တာ နောက်လဲ ရောက်ရာအရပ် ဒီကောင်တွေ နေစရာမရှိအောင်ဖြစ်အုန်းမှာ !PIZZA

0
0
0.000
avatar

အဲဒီ ရုပ်ရှင်က တရက်နဲ့ မပြီးလောက်ဘူး ကိုရွှေဘို။ !PIZZA

0
0
0.000
avatar

ဒီတစ်ကားနဲ့တင် ရင်တွေတုန်ပီးမောနေတာ အားတင်းပီး အားပေးရအုန်းမှာပဲ !PIZZA

0
0
0.000
avatar

ဒီပွဲအနိုင်တိုက်မှရမည်။မြန်မြန်အောင်မြင်ပါစေ။ !PIZZA

0
0
0.000
avatar

ဟုတ်တယ် ဒီပွဲ မြန်မြန်နိုင်မှ။ !PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
htwegyi tipped nyinyiwin (x1)

Learn more at https://hive.pizza.

0
0
0.000