"ကံထလာတဲ့ ကွီးရွှေ"
မဂ်လာပါ ဟိုက်ဗ်အဖွဲ့သားများခင်ဗျား။

ဒီနေ့တော့ ကျွန်တော် ကွီးရွှေ ကံစမ်းမဲပေါက်တာလေး ပြောပြအုန်းမယ်ဗျ။
ကိုမြန်မာကိုကိုရဲ့ Rising Star Game ပိုစ်နဲ့ Giveaway ကံစမ်းမဲလေးတွေဖောက်ပေးနေတာကို ပါဝင်ဆင်နွဲနေခဲ့တာ တစ်ပါတ်လောက်ရှိခဲ့ပါပီ။ အဲ ကျွန်တော်ကိုယ်တိုင်လဲ Rising Star ကိုကစားဖြစ်နေတာ ဆယ်ရက်ကျော်ခဲ့ပီပေါ့။ ကျွန်တော် မြန်မာဟိုက်ကွန်မြူနတီမှာ ပိုစ်ကောင်းကောင်းမတင်ဖြစ်တာလဲ လေးငါးရက်ခန့်ရှိသွားပြီထင်ပ။
ဒီရက်ပိုင်းမှာ ကျနော်ကွီးရွှေ ဟိုက်ဗ်ဘလော့ချိန်း ဂိန်းများကို လေ့လာစူးစမ်းရင်း ကိုယ်တိုင်လဲ ကစားကာ တဖက်တလမ်းက ဟိုက်ဗ်ကလေးများတိုးတက်လာအောင် ကြိုးစားကြံဆောင်နေခဲ့သည်ပေါ့။ ဒီလိုနဲ့ Splinterlands Giveaway တို့ Rising Star Giveaway တို့ကဲ့သို့ ဂိန်းနှင့်ဆိုင်သော ကံစမ်းမဲပေးကာ ပရိုမိုးရှင်းလုပ်နေသော Gamerများ၏ ပိုစ်များကို တွေ့ခဲ့ပါတယ်။

ကံစမ်းမဲဆို စိတ်ဝင်စားတတ်တဲ့ ကျနော်ကွီးရွှေ ဘယ်နေလိမ့်မလဲ ပါဝင်ကံစမ်းတော့တာပေါ့။ သူတို့ ကံစမ်းပေးတဲ့ Giveaway မှာ စည်းကမ်းချက်က သိပ်ပီးထွေထွေထူးထူးမရှိပါဘူး သူတို့တင်တဲ့ ပိုစ်ကို နဲနဲများများမဆိုလို ဘုတ်ပေးခြင်း၊ ကွန်မန့်ပေးခြင်းနှင့် ဂိန်းကစားသော အကောင့်နာမည်လေး မန့်ပေးလိုက်ရုံပါပဲ။
တစ်ချို့က တစ်ရက်တခါ၊ တစ်ချို့က ၃ရက်တစ်ခါ၊ တစ်ချို့က တစ်ပါတ်တစ်ခါ စသည်ဖြင့် နှစ်သက်သလို၊ အလျင်းသင့်သလို ပေးနေကြတယ်ဗျ။ ကျွန်တော်လဲ လက်လှမ်းမီသလောက် အချို့သော Giveawayကံစမ်းပွဲလေးတွေ ဝင်ရောက် မန့်ပီး စာရင်းပေးဖြစ်ခဲ့တာပေါ့ဗျာ။

အခု ကျွန်တော်မဲပေါက်တာက မြန်မာRising Star gamer @myanmarkoko ရဲ့ ပွဲလေးမှာ ပေါက်တာပါ။ ကျွန်တော်သူ့ရဲ့ Rising Star Gameပိုစ်လေးတွေကို မှန်မှန်ဘုတ်ပေး အားပေးနေခဲ့တာ ကြာပါပီ။ သူ့ရဲ့ ကံစမ်းမဲဖောက်ပေးတာလေးတွေကိုလဲ စာရင်းပေးပါဝင်ခဲ့တာလဲ တပါတ်ကျော်ကြာခဲ့သည်ပေါ့။ ယနေ့တော့ ကျွန်တော်မမျှော်လင့်ပဲ Notifacation မှာ ကျွန်တော့အမည်အား mention ခေါ်ပီးပြောထားတာများ တွေ့သည့်အတွက် ထိုပိုစ်ကိုသွားရောက်ကြည့်မိရာက ကျွန်တော်ကံစမ်းမဲပေါက်ကြောင်း @myanmarkoko မှ ပြောထားသည်ကိုတွေ့ရပါသည်။
ထိုပိုစ်ကွန်မန့်အောက်မှာပင် ကံစမ်းမဲပေါက်၍ ကျွန်တော်အလွန်ပျော်ကြောင်း၊ နောက်ထပ်အစီအစဉ်များတွင်လည်း စာရင်းထည့်ပေးပါရန်နှင့် အောင်မြင်ပါစေဆုတောင်းရင်းကွန်မန့်ပြန်ပေးလိုက်ပါတယ်။

ကံစမ်းမဲဆို စိတ်ဝင်စားတယ်၊ ဝင်ရောက်ကံစမ်းတယ်၊ သို့ပေမင့် ကံစမ်းမဲပေါက်သည်က ကျွန်တော့အတွက် ခပ်ရှားရှားဖြစ်သည်။ ဟိုတစ်ချိန်ကဆိုလျင် ၃လုံး ၂လုံး ၁လုံး စသည်ဖြင့် လောင်းကစားခြင်းများ လုပ်ဖူးသော်လည်း တစ်ခါမှ မပေါက်ဖူးပါ။ ထီထိုးသည် နှစ်ရှည်လများကုန်လွန်သွားသည် တစ်ခါမှမပေါက်ဖူးခဲ့။ ဇနီးဖြစ်သူ၏ ဈေးထဲတွင် ငွေစုကြ၍ မဲဖောက်လျင်လည်း ကျွန်တော်ကနောက်ဆုံးမှ ပေါက်သည်(ဒါတောင် မဖြစ်မနေပေါက်ပေးရ၍)။

သို့ကလို ကျွန်တော်ကွီးရွှေ ကံစမ်းခြင်းဆိုင်ရာ ကံမစွပ်ပုံက သူများနောက်ဘိတ်ချီးမှ ကိုယ်က ရတတ်သည်။ သို့သော် ယနေ့တွင်တော့ မမျော်လင့်ပဲ စော်ကဲမင်းဖြစ်လို့ပဲ ပြောရမလား ကြက်ကန်းဆန်အိုးတိုးသည်ပြောရလေမလား။ ကျွန်တော်ကွီးရွှေ တည့်တည့်ကြီး မဲပေါက်ပါပီဗျ။ ကြွားစရာမရှိကြံဖန်ကြွားတာမဟုတ်ဘူးနော်ဗျ ကျွန်တော်ကွီးရွှေ မဟာကံတက်လာသည်ကို ခံစားနေရလို့ဗျို့။
ခုလို ကျွန်တော် ကံစမ်းမဲလေးပေါက်တော့ ပိုစ်မတင်ဖြစ်တာကြာတဲ့ မြန်မာဟိုက်ကွန်မြူနတီမှာစာတင်စရာ ပိုစ်တစ်ခုရလို့လဲ ကိုမြန်မာကိုကိုကို (@myanmarkoko)ကို အထူးကျေးဇူးတင်ပါကြောင်း ဒီပိုစ်ကနေ အထူးမန်းရှင်းခေါ်ပေးလိုက်ပါတယ်ဗျ။
မန်းရှင်းခေါ်ရေးလိုက်ရတဲ့အတွက် ကိုမြန်မာကိုကိုရေ ကြော်ငြာပေးတယ်လို့သဘောမှတ်ပေးပါနော။
"ကျနော်ကွီးရွှေ ကံထလာပီဗျို့" ထိုးစရာထီကလဲ အောင်ဘာလေမရှိတော့ နွေဦးထီထိုးလိုက်တယ်ဗျာ။
မြန်မာဟိုက်ကွန်မြူနတီအဖွဲ့သားများ ကျန်းမာကြပါစေ။
@nyinyiwin
13.11.21 : PM
စိုင်ကော်လို့ ခြုံပေါ်ရောက်၊ မမျော်ပဲ စော်ကဲမင်းဖြစ်၊ ကြက်ကန်းဆန်အိုးတိုးသည်လို့ ပြောရမည်ထက် ထင်ပေါ်လို့ စင်တော်ကကောက်ပါတယ်လို့ဇ် !LOLZ
lolztoken.com
Pretty soon he would be bacon.
@nyinyiwin, I sent you an $LOLZ on behalf of @nyimwa
Use the !LOL or !LOLZ command to share a joke and an $LOLZ. (3/4)
အဟေး ဟုတ်မှာပဲ !LOLZ
Woooo ပျော်စရာပဲ
ပျော်နေထာ !LOLZ
lolztoken.com
One without a spring.
@nweoomon, I sent you an $LOLZ on behalf of @nyinyiwin
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/6)
Yay! 🤗
Your content has been boosted with Ecency Points, by @nyinyiwin.
Use Ecency daily to boost your growth on platform!
Support Ecency
Vote for Proposal
Delegate HP and earn more
Woo သတင်းကောင်းလေး ကံကောင်းခြင်းလေးပေါ့နော်
ဟုတ်ပ ကံကောင်းလာပီ။ !PIZZA
အတိတ်ကောင်း နမိတ်ကောင်း ကံကောင်းသော ကွီးရွှေပ
!PIZZA
!PIZZA ဟုတ်ပဗျာ။
PIZZA Holders sent $PIZZA tips in this post's comments:
@nyinyiwin(8/10) tipped @risingstargame (x1)
uthantzin tipped nyinyiwin (x1)
nyinyiwin tipped htwegyi (x1)
htwegyi tipped nyinyiwin (x1)
nyinyiwin tipped ong.aye.myat.mon (x1)
kachinhenry tipped nyinyiwin (x1)
nyinyiwin tipped uthantzin (x1)
risingstargame tipped nyinyiwin (x1)
nyinyiwin tipped kachinhenry (x1)
Join us in Discord!
ဆက်ပြီးတော့ ဆက်တိုက် ကံကောင်း ပါစေဗျာ... !PIZZA
အဟီး ကျေးဇူးပါ ကိုဟင်ရေ။ !PIZZA
သူများတွေ ပေါက်ကုန်ပြီ။စာရေးဖို့ ကုန်ကြမ်းပါရ နှစ်သီးသုံးသီးစားပေါ့...!PIZZA
အဟေး ဟုတ်ပဗျာ !LOLZ !PIZZA
lolztoken.com
And I'll show you A-flat minor.
@uthantzin, I sent you an $LOLZ on behalf of @nyinyiwin
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/6)
This post has been manually curated by Rising Star Game
The NFT based music career game built on HIVE
!PIZZA
Thanks you !LOLZ !PIZZA