“အန်ဒါဇီးရိုးများအကြောင်း”

avatar

“အန်ဒါဇီးရိုးများအကြောင်း”
image006.jpg

မဂႅလာပါ မြန်မာ-ဟိုဗ်အဖွဲ့သားများခင်ဗျာ။

အရင်ရက်တွေတုန်းက မွင်းခါးတွေ အဝကြွေးတာတင်မက ဘိုက်ပွဲတွေပါ ဆက်ဆက်ကြွေးတဲ့ ပွဲတော်ကြီးနွဲပျော် လို့ပျော်မဆုံးမော်မဆုံးပေါ့ဗျာ။ ဒီကနေ့တော့ မွင်းခါးဆက်ကြွေးရင် ဝအီနေသူများက မုန်းသွားရင် နောက်ရက် မသုံးဆောင်နိုင်မှာစိုးလို့ မွင်းခါးအကြောင်းမပြောတော့ဘူးနော်။

ထူးပါတယ် ဆိုတဲ့ အင်တာနေရှင်နယ်နယူးကတော့ အာပလာဆီယံက သဘောထား ရှင်းရှင်းလင်းလင်း မြင်သာထင်သာရှိအောင် ထုတ်ပြလိုက်တယ်ဗျ။ အဲ့အရင်ရက်က မဲမဲလုံးလုံး ဇော်မဲလုံးက အာပလာဆီယံက စကစ ကိုအစည်းဝေးတက်ရောက်ခွင့်မပေးတာက မလားရှေးဝန်ကြီးရဲ့ တစ်ဦးတည်းသဘောထားပါ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ရွှီးရှောင်လုပ်နေသေးတယ်လေ။ အခုတော့ ဒင်းသာအနားရှိရင် မျက်နှာမဲကြီးကို မျက်နှာညိုကြီးဖြစ်အောင်တီးထည့်ပီးပြောလိုက်ချင်သေးတယ် ဟဲ့ငမဲပြာတာ ဟောဒီမှာ အိုဒင်ကာတာဂျာပိုစ် သတာစင်းမှာ အတိအလင်းထုတ်ပြန်ထားတာ ဖတ်ကြည့်စမ်းလို့သာ ပြောလိုက်ချင်ရဲ့။

အင်း-- ပြောသာပြောရတာ ဒင်းတို့ လေးယောက်ပေါင်း လေးတန်းမကျော်ကောင်တွေက နိုင်ငံခြားသတင်းစာလဲ ဖတ်တတ်မယ်မထင် ရော့ဖတ်စမ်းဆိုပေးလိုက်ရင် ဇောက်ထိုးကိုင်ပီး ခေါင်းတညိမ့်ညိမ့်လုပ်နေမည့် အစားတွေလေ။ အဲတော့ကာ ဆက်ရရင်ဖြင့် စကစ အုပ်စု အာပလာဆီယံနှင့် ပွဲပြတ်ပီလို့သာ တစ်ခန်းရပ်မှတ်။

ဒီနေ့ပီးတော့ နောက်နေ့ဆိုတာကူးလိုက်တာနဲ့ အိုးအမေးဇင်း သတင်းထူးများမှာ ဖတ်လို့မနိုင် မှတ်လို့မနိုင်ပါတကား။ အချိန်ကြာလာသည်နှင့်အမျှ မအလဘဝက တရွာလုံးနှင့် ငပွကြီးဇာတ် ကပြအသုံးတော်ခံနေပေါ့။

တို့ နုဂျီကတော့ ရာခိုင်နှုန်းတော်တော်များများ သံတမန်အရေးခင်းမှာ ချိန်ခွင်လျှာတဖက်စောင်းကာ အနိုင်ယူထားပြီး မအလတို့အုပ်စုမှာကား အန်ဒါဇီးရိုးရာခိုင်နှုန်းနှင့် ဟိုးအဝီစိသို့ဂိုးရန်တာစူလျက်--။

dqmsdxjjoaopwgdwuevteltfpdjcdqhdchc2nlyyj6yqe8c.png

တစ်ချိန်တွင် Power များစွာ ပိုင်ဆိုင်သော၊ Token များစွာ ပိုင်ဆိုင်သော မြန်မာဟိုက်ဗ် ကွန်မြူနတီ အဖွဲ့သားများ ဖြစ်နိုင်ကြပါစေကြောင်း အားပေးမေတ္တာပို့ရင်း - ကျွန်တော်၏ ပိုစ်အား ခေတ္တ ရပ်နားလိုက်ပါမည်။

@nyinyiwin
14.10.21: PM
dqmsdxjjoaopwgdwuevteltfpdjcdqhdchc2nlyyj6yqe8c.png



0
0
0.000
8 comments
avatar

မအလအပေါင်းပါတွေ ပြေးကြမယ်ထင်တယ်။

0
0
0.000
avatar

အသေထွက်ဖြစ်ဖို့များတယ်ဗျ။ !PIZZA

0
0
0.000
avatar

ဇတ်သိမ်းခန်းတော့ မကြာလောက်တော့ဘူးထင်တာပဲ။ !PIZZA

0
0
0.000
avatar

တကယ်မကြာလောက်တော့ပါဘူး စစ်ကိုင်းတိုင်း ထိုးစစ်ကို သူတို့လန်တာနဲ့ ပွဲပီးပီထင်တယ်ဗျ။ !PIZZA

0
0
0.000