စိန်ပြေးတမ်းဆိုသည်မှာ--

avatar

nyimwa_hive_cover_photo.jpg

မဂ်လာပါ။

ဒီနေ့အတွက် တကုတ်ကုတ်နှင့် အိမ်ခြံဝင်းအတွင်းအမှိုက်ရှင်းခြင်း၊ သစ်ပင်ပန်းပင်လေးများအား ရေလောင်းပေါင်းသင်၊ မြေဆွပေးခြင်းများ ပြုလုပ်နေရင်း ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားပီးသားရသလို စိတ်ရှုတ်ထွေးထိတ်လန့် နေသည်တို့လည်း အနည်းငယ်သက်သာခဲ့ရသည်။

ယမန်နေ့ကတော့ မြို့ထဲရောက်ရင်း ဂျိန်းစဘွန်းကားအား ကိုယ်တိုင်ရိုက်ခဲ့ရသောကြောင့်ဖြစ်သည်။ ဇာတ်ဝင်ခန်းက မင်းသားတို့ လူစုအား ခွေးရူးထနေသော တောပုန်းဓမြများက လိုက်ဖမ်းသည့် ဇာတ်ကွက်ဖြစ်သည်။ မင်းသားနှင့် မင်းသမီးတို့ စုံတွဲအပါဝင် ရွာသားများကလည်း တောမြိုင်အစပ်တွင် ဒီလမ်းကပြေးမည်၊ ဟိုလမ်းက ပြေးမည်နှင့် ပြေးရမည့်လမ်းရွေးရခက်နေကြသည်။ နောက်ဆုံးတော့ ခြေဦးတည့်ရာ အကုန်စွတ်ပြေးကြသည့် ဇာတ်ဝင်ခန်း။

ပြေးသည်ဆိုရာတွင် ခြေဘလာနှင့်ပြေးကြခြင်းမဟုတ်၊ စီးတော်မြင်း ဖွတ်ချက်ဆိုင်ကယ်ကိုယ်စီနှင့် ဖြစ်သည်။ ဇာတ်လမ်းအစက ခွေးဓမြတစ်သိုက်မှ အဝေးပြေးလမ်းမအား ခါးလည်မှဖြတ်ပိတ်ကာ လာသမျှယာဉ်များအား ဆက်ကြေးကောက်ကြသည်။ ဒီရပ်ကွက် ဒီလမ်းသည် တစ်လမ်းသွားမဟုတ်သော်လည်း တစ်လမ်းသွားကဲ့သို့ မိန်းလမ်းမကြီးက တစ်ခုတည်းရှိသည့် မြို့ပါတ်လမ်းဖြစ်သည်။

တဖက်တွင် ရထားသံလမ်း၊ ထိုသံလမ်းမှာ ကုန်းမြင့်ပိုင်းဖြစ်နေသည်။ ထိုကုန်းမြင့်ကိုကျော်တက်သွားမှ မြို့စွန် ရပ်ကွက်လေးဖြစ်သည်။ ကျန်တဖက်မှာကား စစ်တပ်ပိုင် ဂေါက်ကွင်းကြီးက ပိတ်ကာထားသလိုဖြစ်နေသည်။ ထို့ကြောင့် ဒီလမ်းပိုင်းလေးသည် တစ်လမ်းသွားမဟုတ်ပဲ ချောင်ပိတ်မိနေသော တစ်လမ်းသွားဖြစ်၍နေတော့သည်။

ထိုလမ်းမကြီးအား ခွေးတစ်သိုက်မှ ဖြတ်ပိတ်ကာ လာသမျှယာဉ်အားလုံး စစ်ဆေးသည် ဘာညာဖြင့် ငွေတောင်းကြသည်က အဓိကဖြစ်သည်။ အရှိန်လွန်ကာ သူတို့ စက်ကွင်းတွင်း အမိခံရသူတို့မှာ ပါသမျှအကုန်ယူခံရတော့သည်။

သို့နှင့် ကျွန်တော်များ ဂျိန်းစဘွန်း နှင့် ရွာသားအချို့မှာ အဝေးက သူတို့ ဆက်ကြေးကောက်နေသည်ကို လှမ်းမြင်ရသဖြင့် အသာစက်ရှိန်သတ်ကာ လမ်းဘေးချရပ်လိုက်ပီး အခြေနေလှမ်း၍ကြည့်နေရသည်။ မကောင်းပါ သူတို့တားဆီးထားရာနေရာသို့ မည်သူမျှထပ်ဝင်မလာသောအခါ အဝေးမှ ရပ်ကာလှမ်းကြည့်နေသောယာဉ်များအား သေနတ်ပြ၍ လှမ်းခေါ်လေတော့သည်။

ဒီမှာ စ၍ ဂျိန်းဘွန်းတို့လင်မယားအပါဝင် စုမိနေသော လူတစ်သိုက် ပြေးခန်းစရတော့သည်။ အကုန်နောက်ပြန်လှည့်ပြေးကြသည်။ ခွေးဓမြတွေက နောက်ကလိုက်လာကြသည်။ ခါတိုင်းဆိုလျှင် နောက်လှည့်ပြေးသူများနောက် လိုက်မဖမ်းကြ ခုတော့ နောက်ကလိုက်လာကြသည်မှာ သံသယဖြစ်ဖွယ်ရှိသည်ဟု ကျွန်တော်စဉ်းစားခန်းဝင်နေစဉ်မှာပဲ ဝှက်ဖဲကို ထပ်တွေ့ရတော့သည်။

မျက်နှာချင်းဆိုင်ဘက်မှ နောက်ထပ် ခွေးတစ်သိုက် ဘယ်ကဘယ်လို ပေါ်လာသည်မသိ လမ်းကိုကားတစ်စီးဖြင့် ကန့်လန့်ဖြတ်ပိတ်ထားကာ ဆီးကြိုနေကြတော့သည်။ ဟိုက်ဒီတစ်ခါတော့ သေပီ ချောင်ပိတ်မိပီ။ ထိုစဉ် ကျွန်တော်တို့ကဲ့သို့ အတူစုဝေးမိနေသော ဆိုင်ကယ်သမားများထဲမှ တစ်ဉီးက အမိတော့မခံဘူး သေနတ်နဲ့လှမ်းပစ်လို့သေလဲအေးတာပဲ ငါတော့ ဒီသံလမ်းကုန်းကို ဆိုင်ကယ်နဲ့ တက်ပြေးပီး ဟိုဘက်မှာ ဘာဖြစ်ဖြစ်ဆင်းပြေးတော့မယ်ဟေ့ လို့ ပြောပြောဆိုဆို ဆိုင်ကယ်ကို ဂီယာချိန်းကာ ပြေလျောလေးဖြစ်နေသော မြေသားကုန်းကိုမောင်းတက်ပြေးလေတော့သည်။

မထူးတော့သည့်အခြေအနေတွင် ရွေးစရာက တစ်လမ်းသာရှိတော့သည် ချောင်ပိတ်မိနေသော အဖွဲ့သည် ရှေ့ကတစ်ဦးလုပ်ပြသွားသည့်အတိုင်း နောက်က ဆက်လိုက်ကြတော့သည်။ သံလမ်းကုန်းအား ဆိုင်ကယ်များဖြင့်မောင်းတက်ပြေးကြတော့သည်။ ကျနော်ဘွန်းတို့ လင်မယားလဲ ရပ်မနေရဲတော့ လူအုပ်နှင့်ရောလိုက်ကာ ပြေးရတော့သည်။ တော်ပါသေးရဲ့ စီးတော်မြင်းလေးကအမြင်သာစုတ်သည် အင်ဂျင်က ကောင်းသေးတော့ တောင်ကုန်းလေးကို နှစ်ယောက်ဝိတ်နှင့် ကျော်တက်လာနိုင်ခဲ့သည်။

ကုန်းကလေး ဟိုဘက်ခြမ်းကိုမြင်လိုက်ရသည့်အချိန်မှာတော့ ဖုန်တလုန်းလုန်းနှင့် ဆိုင်ကယ်များသည် လှည်းလမ်းကြောင်းအဟောင်းတစ်ခုအတိုင်း ဝရုန်းသုန်းကား မောင်းပြေးနေကြတော့သည်။ ထိုလမ်းလေးသည် ရွာလေးတစ်ရွာကိုရောက်မည်ကိုတော့သိသည် သို့သော် လမ်းအခြေအနေကိုသေချာမသိချေ။ မထူးတော့ဘူးအခြေအနေမှာ သူတို့နှင့် အတူပြေးလိုက်နေမှ ဖြစ်တော့မည်။

ဒီလိုနှင့် ကျွန်တော်များ ဘွန်းနှင့်ရွာသားတစ်သိုက် မြို့နှင့် ၃ မိုင်ခန့်ဝေးသော ရွာလေးသို့ ဆိုက်ရောက်သွားကြကာ ဘေးကင်းကြရသည်။

ဆိုင်ကယ်ဖြင့် တောလမ်းအတိုင်း ထွက်ပြေးနေစဉ် နောက်မှ ဒေါသတကြီးကျန်ခဲ့သော ခွေးဓမြတို့မှာကား သေနတ်သံ တဒိုင်းဒိုင်းပေးကာ နေခဲ့သည်။ အပီချောင်ပိတ်ဖမ်းကာမှ မထင်မှတ်သည့် လွတ်လမ်းနှင့် လွတ်ဖြစ်အောင်လွတ်သွားသည့် ကျွန်တော်များ ဆိုင်ကယ်တစ်သိုက်အား ကြိတ်မနိုင်ခဲမရဖြစ်ကာ ဒေါသချောင်းချောင်းထွက်ကြရော့မည်။ ငတ်ပေအုန်းတော့ ခွေးဝဲစားတွေရေ။

ဒီလိုရင်မောစရာအဖြစ်ပျက်များ ခဏခဏကြုံလာရတော့ စိတ်မောလူမောဖြစ်နေရသည်။ သို့နှင့် ဒီနေ့တနေကုန် အိမ်တွင်နေ၍ သစ်ပင်လေးများအား ပြုစုပေးခြင်းဖြင့် အချိန်များကို ကုန်ဆုံးနေလိုက်တော့သည်။ အချိန်တန်၍ ဟိုက်ပလက်ဖောင်းတွင် ပိုစ်တစ်ပုဒ်ရေးရန် ကုန်ကြမ်းတော့ရလိုက်သည်။ သို့သော် အခုချိန်ထိ ရင်တုန်ခြင်းက မပျောက်သေးချေ။ ငယ်ငယ်တုန်းက စိန်ပြေးတမ်းကစားသည်ကို သွား၍အမှတ်ရလိုက်မိသည်။

စာရှုသူမိတ်ဆွေများ ဘေးရန်အပေါင်းမှ ကင်းလွတ်နိုင်ကြပါစေ။

@nyimwa



0
0
0.000
18 comments
avatar

Congratulations @nyimwa! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You received more than 1250 upvotes.
Your next target is to reach 1500 upvotes.
You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out the last post from @hivebuzz:

Hive Power Up Day - December 1st 2021 - Become an Orca!
0
0
0.000
avatar

အမလေးဖတ်ရတာသည်းထိတ်ရင်ဖိုရှိလိုက်တာ။
ဂရုစိုက်ပါရှင့်

0
0
0.000
avatar

ဟုတ်တယ် မဖြစ်လို့ မြို့ထဲ သွားရတာ အစစ ဂရုစိုက်နေရတယ်။ ပြေးရတာမောထာ !LOLZ

0
0
0.000
avatar

I watched a documentary on Marijuana last night…
…that’s probably how I’ll watch all documentaries from now on.

@nweoomon, I sent you an $LOLZ on behalf of @nyimwa
Use the !LOL or !LOLZ command to share a joke and an $LOLZ. (3/4)

0
0
0.000
avatar

ဟုတ်ပ ဂျိမ်းစ်ဘွမ်းလို ပြေးခဲ့ရတာကို...သတိထားပါအစ်ကို...!PIZZA

0
0
0.000
avatar

ခဏခဏပြေးရတော့ ဘွန်းအကွက်တွေ တတ်နေပီ သတိထားနေရတယ်ဗျို့။ !LOLZ

0
0
0.000
avatar

Who changes the season when Summer is over?
No one, it happens Autumnatically.

@uthantzin, I sent you an $LOLZ on behalf of @nyimwa
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/4)

0
0
0.000
avatar

ဂျိန်းစဘွန်းအကွက်တွေ တတ်နေလို့တော်သေးနော် !LOLZ !PIZZA

0
0
0.000
avatar

ဟုတ်တယ်လို့ !LOLZ !LUV

0
0
0.000
avatar

ဖတ်ရ၍သာ သိရခြင်း ဖြစ်ပါသည်။ ကိုယ့် နယ် ကိုယ့် ဒေသ သွားချင်သလို သွား မရသည့် အဖြစ်..!PIZZA. !LUV

0
0
0.000
avatar

ဟုတ်တယ်ကိုဟင်ရေ ဒေသတိုင်းလိုလို ဒီလိုမျိုးအဖြစ်တွေရှိနေပါတယ်။ !LOLZ

0
0
0.000
avatar

I found nasty month-old leftover mac and cheese in the fridge.
It was a case of age-related macaroni degeneration.

@kachinhenry, I sent you an $LOLZ on behalf of @nyimwa
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/4)

0
0
0.000