အဝတ်အစားသည် စိတ်သဘောထားမဟုတ်

avatar

ဒီနေ့မနက် ဆိုင်ဖွင့်ဖွင့်ချင်း စိတ်ရှုပ်စရာတစ်ခုတွေ့လိုက်ရ သည်။ ကျမဆိုင်ရှေ့မှာ အိမ်ရာမဲ့လူတစ်ယောက် အိပ်နေ၍ ဖြစ်သည်။ ကျမဆိုင်ဖွင်ဖို့ ဘာဂျာလိပ်တံခါး ဖွင့်သံကြောင့် ထိုသူနိုးသွားသည်။ ကျမလည်း ထိုအိမ်ရာမဲ့သူကို ကျမဆိုင် ရှေ့မှ အမြန်ထွက်သွားရန် မောင်းထုတ်လိုက်သည်။

img_0.8382477800156369.jpg

ထိုသူက ဆိုင်ဘေး‌ထောင့်အကွယ်လေးမှနေ၍ အမကြီးရယ် ကျနော်ဘယ်မှသွားစရာမရှိလို့ ဒီမှာနေခွင့်ပြုပါ။ အနှောင့်အယှက်မဖြစ်စေရပါဘူးဆိုပြီး တောင်းပန်သည်။ ကျမကလက်မခံဘဲ ဆိုင်အကူကောင်လေးကို ဈေးလုံခြုံရေးကို ခေါ်ခိုင်းလိုက်မှ ထိုအိမ်ရာမဲ့လူလဲ ကျမဆိုင်ရှေ့မှ ဖြည်းညှင်း လေးကွေးစွာထွက်သွားပြီး ကျမဆိုင်ဘေးကပ်ရက်က ဆိုင်ရှေ့မှာ ထိုင်နေသည်။

ထိုအခါမှ ကျမလဲဆိုင်ထဲဝင်လာခဲ့သည်။ ထို့နောက် ကျမရဲ့ ပိုက်ဆံအိတ်ကို ကောင်တာပေါ်တင်လိုက်ပြီး လုပ်စရာရှိ၍ ဆိုင်နောက်သို့ဝင်ခဲ့သည်။ ပြန်ထွက်လာသောအခါ ကောင်တာ ပေါ်တင်ထားခဲ့သော ကျမပိုက်ဆံအိတ် မရှိတော့ပေ။

img_0.15412730979204925.jpg

ထိုအခါ ကျမစိတ်ထဲမှာ"သေချာတယ်။ ဒါ ဟိုအခြေအနေမဲ့ ယူတာပဲ ဖြစ်ရမယ်။ ဒင်းကိုနှင်ထုတ်တာမကျေနပ်လို့ ငါ့အိတ်ကိုခိုးသွားတာပဲ" ဟု တစ်ထစ်ချစွပ်စွဲရင်း စိတ်တိုလာ သည်။ "ငါ့အကြောင်းသိမယ်" လို့ကြိမ်းရင်း ဆိုင်အကူ ကောင်မလေးကို လုံခြုံရေးကိုခေါ်ခိုင်းလိုက်သည်။

လုံခြုံရေးရောက်လာသောအခါ အကြောင်းစုံရှင်းပြလိုက်ပြီး လုံခြုံရေးနှင့်အတူ ဘေးဆိုင်မှာထိုင်‌သော အိမ်ရာမဲ့အား သွားရှာသည်။ ဘေးဆိုင်တွင်မတွေ့၍ ဘေးဘီဝဲယာလှည့်ပတ် ကြည့်စဉ် တစ်စုံတစ်ခုကိုချိုင်းကြားညှပ်ယူလာပြီး ကျမတို့ ဘက် လျှောက်လာသောအိမ်ရာမဲ့ကိုတွေ့လိုက်ရသည်။ ကျမလည်း လုံခြုံရေးအား "ဟိုမှာ ဟိုမှာ ဒီဘက်လျှောက်လာ တဲ့ သူပဲ"ဟု ညွှန်ပြလိုက်ရာ လုံခြုံရေးက အိမ်ရာမဲ့ကို ဂုတ်ကဆွဲ၍ ကျမဆိုင်ထဲခေါ်လာသည်။

ဆိုင်ထဲရောက်တော့ အိမ်ရာမဲ့လူက တစ်စုံတစ်ရာပြောဖို့ ဟန်ပြင်စဉ် ကျမကအပြောမခံဘဲ "ဟဲ့ သူခိုး ဘာ့ကြောင့် ငါ့ပိုက်ဆံအိတ်ကို ခိုးရတာလဲ"ဟု နင့်သီးစွာ ပြောဆိုလိုက် သည်။ ထိုအခါမှ လုံခြုံရေးက "အမရေ သူ့ကို ရဲစခန်းမပို့ခင် CCTV လေးတစ်ချက်လောက်စစ်ကြည့်ပါအုံး"ဟုပြောမှ သတိရပြီး စစ်ကြည့်သည်။

img_0.873165387747588.jpg

"ဘုရား ဘုရား ... ကျမမှားပါပေါ့လား" CCTV မှာပေါ်လာ တဲ့ record က ကျမဆိုင် လူရှင်းနေသည်ကို အခွင့်ကောင်းယူ ကာ သားသားနားနားလူတစ်ယောက်က ဆိုင်ထဲဝင်လာပြီး ကျမပိုက်ဆံအိတ်ကို ယူပြေးသည်။ ကျမက သူခိုးလို့ စွပ်စွဲခဲ့ သော အိမ်ရာမဲ့က ထိုလူနောက်မှ ပြေးလိုက်ပြီး ကျမပိုက်ဆံ အိတ်ကို ပြန်လုယူလာစဉ် ကျမကလုံခြုံရေးကို ခေါ်ပြီး သူ့ကိုဖမ်းလာခြင်းဖြစ်သည်။

ကြည့်ပါအုံး။ ကျမ အတ္တအမှောင်တွေ ဖုံးလွှမ်းပြီး ကိုယ့် ကျေးဇူးရှင်ကို သူခိုးလို့စွပ်စွဲနေမိပါလား။ ဒါသည် ကျမ လူတစ်ယောက်ရဲ့ အဆင့်ကို အဝတ်အစားကြည့်ပြီး ဆုံးဖြတ် လိုက်တဲ့အတွက်‌ကြောင့် မှားရခြင်းဖြစ်သလို သူ့ကို စမြင်မြင် ချင်း ခိုးတတ်မည့် သူဟု စိတ်ထဲထင်မြင်ခဲ့‌သောကြောင့် ဖြစ်သည်။ ထိုအချိန် ပိုက်ဆံအိတ်ပျောက် သွားသောအခါ ငါထင်တဲ့အတိုင်းပဲဟု ကိုယ့်အ‌တွေးကို အမှန်မှတ်ယူပြီး ဆက်ဆံခဲ့ရာမှ အမှားတွေဆက်တိုက်ဖြစ်လာသည်။

ကျမနောင်တရပြီး ထိုအခြေအနေမဲ့လူကို စိတ်ရင်းဖြင့် တောင်းပန်၍ ကျမဆိုင်တွင် အစောင့်လုပ်မည်လားမေးရာ ထိုသူက လက်ခံသဖြင့် အစောင့် အလုပ်ပေးလိုက်ပါသည်။ ကျမရဲ့မိတ်ဆွေများလည်း ကျမကဲ့သို အဝတ်အစားကိုကြည့်၍ လူကဲခတ်မ‌စောစေဖို့နှင့် လူတိုင်းအပေါ် အမြင်ကြည်လင်စွာ ထားသင့်ကြောင်း မျှဝေလိုက်ပါတယ်။

@nweoomon
18-10-2021



0
0
0.000
16 comments
avatar

အဝတ်အစားက သူ့နေရာနဲ့သူ ဝတ်ရတာကလား။
!PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA!
PIZZA Holders sent $PIZZA tips in this post's comments:
htwegyi tipped nweoomon (x1)
@uthantzin(9/10) tipped @nweoomon (x1)
kachinhenry tipped nweoomon (x1)
Learn more at https://hive.pizza.

0
0
0.000
avatar

ခေတ်ကိုက သက်သပ်ရပ်ရပ် သားသားနားနား ဝတ်ဆင်ထားတဲ့သူတွေကို အထင်ကြီးပြီး လေးစားကြတဲ့ခေတ်ဆိုလေတော့.....သူတို့အတွက် မဟာအခွင့်အရေးကြီး ဖြစ်လို့နေတာပေါ့ဗျာ။
အဓိကကတော့ သဘာဝတရားကို သိရှိနားလည်ထားဖို့ပဲလိုအပ်ပါတယ်လို့ ကျွန်နော်တော့ ဒီလိုပဲမှတ်ယူမိပါတယ်။

0
0
0.000
avatar

ဇတ်လမ်းလေးက တကယ့်အဖြစ်လားဟင်
တကယ်အဖြစ်ဆို အဲ့ဒီအိမ်ရာမဲ့ကိုတောင်းပန်သင့်တယ်။
ကိုယ့်စိတ်ထဲပေါ့သွားတာပေါ့၊ကျနော့လိုဆိုနောင်တရနေမှာ 😔😔

0
0
0.000
avatar

ကြည့်ဖူးတဲ့ videoဇာတ်လမ်းလေးပါ။

0
0
0.000
avatar

ဓါတ်ပုံတွေအတွက် credit ပေးဖို့ မမေ့ပါနဲ့။ တော်ကြာ ပိုင်ရှင်တွေက လာရန်တွေ့နေအုံးမယ်။ 😁😁😁😁 !PIZZA

0
0
0.000
avatar
(Edited)

ဟုတ်သား။ ခါတိုင်းက ကိုယ်ရိုက်ထားတဲပုံတွေပဲသုံးတာဆိုတော့ မေ့နာ။
0
0
0.000
avatar

ဒုတိယပုံလေး သဘောကျမိတယ် 😃😂

0
0
0.000
avatar

အံမယ် အိမ်ယာမဲ့က အဆင့်မြင့်သဟ ဘီယာဘူးနဲ့ ဖုန်းနဲ့ မိုက်ချက်။

0
0
0.000
avatar

ဟီးဟုတ်ပါ့။ ခုမှသေချာကြည့်မိတယ်။

0
0
0.000
avatar

စာသားလေးသိပ်များပဲ ထိရောက်တဲ့ ဇာတ်လမ်းလေးတစ်ခု /စာသားလေးတစ်ပုဒ်ပါ အစ်မရေ။ !PIZZA

0
0
0.000
avatar

ဟုတ်ကဲ့။ကျေးဇူးပါ

0
0
0.000