မေဒင်မေးသင့်လား Should I ask the fortune teller ?

avatar
(Edited)

ဤမေးခွန်း၏ အဓိပ္ပါယ်ရှိပါတယ်။ "မေးသင့်လား" ဟုတ်ကဲ့ မေးသင့်ပါတယ်၊ ဒါပေမဲ့ အရာရာကိုမမေးသင့်ပါဘူး။ မေးသင့်တဲ့ အရာတွေ နဲ့ မမေးသင့်တဲ့ အရာတွေရှိပါတယ်။ လူတွေက အားလုံးကိုမေးချင်ကြတာ သဘာဝပါ။ အရာတိုင်းကို ဗေဒင်ပညာနဲ့ လုပ်လို့မရလို့ပါ။ကျွန်တော်နားလည်သလောက်ပြောပြပါ့မယ်။

This question has meaning. "Should you ask?" Yes, you should. But you shouldn't ask everything. There are things you should ask and things you shouldn't. It's natural that people want to ask everything. Because not everything can be done with astrology, I will tell you what I understand.

ကျွန်တော်သိသော ဗေဒင် အကြောင်း အရင်ပြောပြပါ့မယ်။ ကျွန်တောသိတဲ့ ဗေဒင်ပညာက "KPနက္ခတ်ဗေဒ" ပါ။ ဒီပညာမှာတောင်နှစ်မျိုးကွဲပါသေးတယ်။ တစ်ခုက "မွေး ဇာတာ" မွေးဖွားရာဒေသ, မွေးဖွားချိန် တွေအပေါ် မူတည်တွက်ချက်ရတဲ့ပညာ နဲ့ "ဟူးရား ဇာတာ" မေးတဲ့အချိန် ကို မူတည်တွက်ချက်ရတဲ့ပညာပါ။နှစ်မျိုးလုံးက ခက်ခဲပါတယ်။ စဥ်းစားရတယ်။ အမှားမခံဘူး။ တစ်ခုမှားရင် အကုန်မှားတတ်တယ်။

I will tell you about the astrology that I know first. The astrology I know is "KP Astrology". There are two types of education. One is "Birth Horoscope" based on the area of ​​birth and time of birth, and "Hurrah Horoscope" based on the time of asking. Both are difficult. I had to think. No mistake. If one is wrong, then everything is wrong.

လူတစ်ယောက်ကို ဘယ်ပညာရပ်နဲ့ တွက်တွက် ထိုသူရဲ့အကြောင်းကို အကုန်နီးပါးသိသွားပါသည်။ ထိုသူရဲ့ ကောင်းကျိုး, ဆိုးကျိုး တွေကို အကုန်သိသွားရပါတယ်။ ဗေဒင်ဆရာအများစုက စောင့်ထိန်းရတဲ့စည်းကမ်းတွေကြောင့် မသိသလိုနေတာပါ။ မေးသူက အဓိကကြသောအချက်များကိုမေးသင့်တယ်။ သိလိုတဲ့အချက်ကို သေချာစွာမေးသင့်တယ်။ ကျွန်တော် ဘယ်လို လုပ်ငန်းတွေနဲ့ အကျိုးပေးမလဲ။ စသောမေးခွန်းတွေပါ။

By what science a person is calculated, almost everything about that person is known. He knows all the pros and cons of him. Most astrologers don't know because of the rules they follow. The questioner should ask the main points. You should definitely ask what you want to know. What kind of businesses will I benefit from? Questions like.

မမေးသင့်တဲ့ မေးခွန်းတွေက အများကြီး မရှိပါဘူး။ ဥပမာ တစ်ခုပြောပြပါ့မယ်။ "ဒီကလေးမွေးလို့ ကျွန်တော်တို့ ကံဆိုးတာလား" ဆိုတဲ့ မေခွန်းပါ။ ဤမေးခွန်းမျိုးက ကျွန်တော် တအားမုန်းပါတယ်။ လူတွေရဲ့ကံက ကလေးမွေးသည်ဖြစ်စေ မမွေးသည်ဖြစ်စေ ကံဆိုးမဲ့လူက ကံဆိုးနေမှာပါပဲ။ ကိုယ်တိုင်ဆန်းစစ်ပါ၊ ကလေးကြောင့် ကံဆိုးခဲ့သည့်တိုင် ဒီကလေးကို ဘယ်သွားထားမှာလဲ။ ထားလိုက်လို့ရရင်တောင် ကံဆိုးမှုက ပျောက်သွားမှာလား။ မမေးသင့်သော မေးခွန်းဖြစ်မည် ဟုယူဆပါတယ်။ အမှန်မေးရမှာက "ကျွန်တော်တို့မိသားစု ကံဆိုးနေလို့ ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်ပါသလဲ" ပါ။

There aren't many questions you shouldn't ask. I will tell you an example. "Are we unlucky to have this child?" I hate this kind of question. Whether people are lucky to have children or not, an unlucky person will be unlucky. Examine yourself, even if you had bad luck because of the child, where would you put this child? Even if you can let it go, will the bad luck go away? I think it will be a question that should not be asked. The real question is, "How can we be comfortable because our family is unfortunate?"

အမှန်တကယ်က ဗေဒင်ဆရာ အများစုက သတိပေးတဲ့ ပုဂ္ဂိုလ်တွေပါ။ ဒီအလုပ်ကိုလုပ် ရင် သတိထားပါ, ပျက်တတ်တယ်။ စသည်ဖြင့်ပေါ့။ လူတစ်ယောက်ကံဆိုးနေရင် ထိုလူမှာ ကံကောင်းစေမည့်အချက်အလက်တွေကိုရှာပြီး ဘာလှူရမယ်၊ ဘယ်ပစ္စည်းကိုဖြင့် စွန့်သင့်တယ်၊ ဘာအရောင်လေးဝတ်ဆင်ရင်အဆင်ပြေမယ်၊ စသည်ဖြင့်ပြောဆိုရပါတယ်။ မေးသူရဲ့ ကံကိုမြင့်တင်ခြင်းဖြင့် ကံဆိုးမှုတွေ လျော့ကျစေပါတယ်။ ဗေဒင်ဆရာတွေက တွက်ချက်မှုအပြင် ချိင့်ချိန်စဥ်စားသုံးသပ်ရမှုတွေကိုလုပ်ဆောင်ရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရှိဗေဒင်ဆရာအများစုသည် လပြည့်နေ့ နှင့် လကွယ်နေ့ တို့၌ ဗေဒင်မဟောလိုပါ။ အဓိပ္ပါယ်မှာ နေနှင့်လဂြိုလ် တို့သည် ထိုနေ့များ၌ ပူးကပ်လျက် သို့မဟုတ် မျက်နှာချင်းဆိုင် အနေအထားတွင်ရှိပြီး စိတ်ကိုညစ်ညူးမှုပေးတတ်သည်ဟု ယူဆကြသောကြောင့်ဖြစ်သည်။

In fact, most astrologers are warning individuals. If you do this work, be careful, it often fails. And so on. If a person is unlucky, you can look for information that will bring good luck to that person and talk about what to donate, what item should be given away, what color is good to wear, and so on. Raising the questioner's luck reduces bad luck. In addition to calculations, astrologers can also perform periodic analysis. That's why most astrologers in Myanmar don't want to do fortune telling on full moon and waning moon days. The meaning is that the Sun and the Moon planets are in a close or face-to-face position on those days because they are considered to defile the mind.

ကိစ္စတိုင်း ဗေဒင်ဆရာကိုအားကိုးနေ၍ မပြီးသေးပါ။ မေးသူကိုယ်တိုင် က စိတ်ပါလက်ပါလုပ်မှသာ အဆင်ပြေပါလိမ့်မည်။ ဆိုလိုသည်မှာ ဗေဒင်ဆရာက မည်သည့်အချိန်, မည်သည့်နေရာတွင် လုပ်ဆောင်ရမည် ဟူသောကိစ္စများကို မေးသူကိုယ်တိုင်က စနစ်တကျ နှင့်စိတ်ပါလက်ပါ လုပ်ဆောင်မှ ရည်ရွယ်သောကိစ္စများအဆင်ပြေပါလိမ့်မည်။ ကံ၏ အထောက်အပံ့ကို ရရန် မီးပူဇော်ခြင်း၊ ပန်းလှူခြင်း၊ ရေချမ်းလှူခြင်း၊ ပစ္စည်းစွန့်ပစ်ခြင်း၊ ရေမျောခြင်း အစရှိသောကိစ္စများပါလျှင် ကြိုးစားပြီး ဂရုတစိုက်လုပ်ကိုင်ရန်လိုပေမည်။ ကံချက်ခြင်းကောင်းမည် မကောင်းမည် ဆိုသည်က မေးသူ၏ ကံအပေါ်များစွာမူတည်ပါသည်။

In every case, relying on an astrologer, it is not over yet. It will be convenient only if the questioner himself is willing to do it. This means that when and where the astrologer should work, if the person asking the questions is organized and enthusiastic, the intended matters will be convenient. To get the support of karma, you may need to work hard and carefully if there are matters such as offering fire, offering flowers, offering cold water, throwing things away, drifting water, etc. Whether the luck is good or bad depends a lot on the luck of the questioner.

သာဓက တစ်ခုဖြင့်ပြပါမည်။ ရှေးအခါက တိုင်းပြည်တစ်ခု ဘုရင်ကြီးတစ်ပါးအုပ်စိုးလေ့၏။ တစ်နေ့သောအခါ ထိုဘုရင်ကြီးက သူ၏ ပရောဟိတ်(ဗေဒဆရာ) ကြီးကို ခေါ်ပြီး "နောက်နှစ်တွင် ငါဘုရင် ဘာဖြစ်မည်နည်း" ဟုမေးရာ ထိုပရောဟိတ်ကြီးက "နောက်လာမည့်နှစ်တွင် အရှင်မင်းကြီး ကံတော်ကုန်(သေခြင်း)နိုင်ပါသည်" ဟု ကြောက်ရွံ့စွာပြောလေ၏။ ထိုအခါ ဘုရင်ကြီးလည်း တုန်လှုပ်ခြောက်ခြားကာ "ကျွန်ပ် ယခုအချိန်၌ တိုင်းပြည်ကို အုပ်ချုပ်မင်း မလုပ်သင့်တော့" ဟုဆင်ခြင်သုံးသပ်ပြီး, ထီးနန်းကို လွဲပြောင်းသင့်သူထံလွဲပြောင်းပြီး, တရားအားထုတ်ရန် တောသို့ တစ်ဦးတည်းထွက်ခွါသွားလေ၏။

I will show with an example. In ancient times, a country was ruled by a king. One day, the king called his great seer (astrologer) and asked, "What will happen to me as king next year?" The seer said, "Next year, the king may die." Then the king was shocked and thought, "I shouldn't be the ruler of the country at this time." He abdicated the throne to the one who should succeed him, and left alone in the forest to meditate.

တရားအားထုတ်နေသော ဘုရင်ကြီး အနီးပတ်ဝန်းကျင်တွင် ရေကန်ကြီးတစ်ကန်ရှိ၏။ ထိုရေကန်၏ အလယ်၌ သစ်သီးများသီးနေသည့်သစ်ပင်ကြီးပေါက်နေသောကျွန်းတစ်ကျွန်းရှိသည်။ တိရိစ္ဆာန်တို့သည် ထိုအပင်မှ သစ်သီးတို့ကိုစားရန် ကျွန်း သို့ ကူးခတ်ကြလေသည်။ ထိုအရာကိုမြင်သော ဘုရင်ကြီးက ကျွန်းသို့လွယ်ကူစွာသွားနိုင်ရန် တံတားတစ်ခုကို တည်ဆောက်၏။ ထိုအပြင် နားခိုရန်ဇရပ်တစ်ခုကိုပါတည်ဆောက်ခဲ့သည်။ လမ်းသွားရာတွင် စူးညှောင့် ခလုတ်များ မထိစေရန် လမ်းဖောက်လုပ်ပေးခဲ့လေသည်။ ပြီးစီးသွားသောအခါမှ တရားအားထုတ်ခြင်းကို ဆက်လက်အားထုတ်ခဲ့သည်။ ဒီလိုနဲ့ နောက်တစ်နှစ်ကျော်လာသောအခါတွင် သူ မသေဆုံးပဲ အသက်ဆက်လက်ရှင်နေသည်ကို သတိထားမိလေ၏။ ထိုအခါ သူ၏တိုင်းပြည်သို့ပြန်သွားခဲ့လေသည်။

There was a large lake around the king who was meditating. In the middle of the lake was an island with a large fruit tree growing on it. The animals swam to the island to eat the fruit from that tree. Seeing this, the king built a bridge to get to the island easily. In addition, a shelter was built. He made the road so that he wouldn't hit the sharp buttons while walking. When it was finished, he continued to meditate. So when the next year passed, he noticed that he was not dead but still alive. Then he went back to his country.

တိုင်းပြည်သို့ပြန်ရောက်သည်နှင့် ပရောဟိတ်(ဗေဒင်ဆရာ)ကို ရှာပြီး တွေ့သည်နှင့် " သင်သည် အရာရာကို မှန်ကန်စွာဟောပြောခဲ့သော်လည်း ယခုအခါ ကျွန်ပ်အား အဘယ်ကြောင့် မှားယွင်းစွာ ဟောပြောခဲ့သနည်း" ဟုမေးလေ၏။ ထိုအခါ ပရောဟိတ်(ဗေဒင်ဆရာ) က "အရှင်မင်းကြီး တရားအားထုတ်နေစဥ် မည်သို့သော ကိစ္စတွေကို လုပ်ဆောင်ခဲ့ပါသနည်း" ဟုပြန်လည်မေးလေ၏။ ထိုအခါ ဘုရင်ကြီးက သူလုပ်ခဲ့သောကိစ္စများကို ပြောပြလေသည်။ ထိုမှ ပရောဟိတ်ကြီးက "အရှင်မင်းကြီးသည် အများအတွက် ကုသိုလ်များစွာတို့ကို ဆောင်ရွက်ခဲ့သည့် အတွက်, ထိုကုသိုလ်တို့၏ အကျိုးကျေးဇူးကြောင်း ဆက်လက်အသက်ရှင်ခွင့်ရခဲ့ပါသည်" ဟုဖြေကြားလိုက်လေသည်။ ထိုအခါမှ ဘုရင်ကြီးလည်း ကြေနပ်စွာ တောတွင်းသို့ပြန်သွားလျက် တရားအားထုတ်လေ၏။

When he returned to the country, he looked for a prophet (astrologer), and when he found him, he asked, "You have preached everything correctly, but now why have you preached to me wrongly?" Then the prophet (astrologer) asked again, "What kind of things did the king do while he was meditating?" Then the king told the things he had done. Then the prophet replied, "The king has done many good deeds for you, so he has been allowed to continue living because of the benefit of those good deeds." Then the king went back to the forest and meditated.

ထိုသာဓကကို ကြည့်ခြင်းဖြင့် လူတစ်ယောက်၏အသက်ကိုသေစေနိုင်သော်လည်း ဒါန၊ သီလ၊ ကုသိုလ်၊ တို့သည် လူ၏အသက်ကိုပင် ဆက်လက်ရှင်သန်စေ၏။ ဗေဒင်ဆရာ၏ သတိပေးချက်ကို အလေးထားလျက် မိမိဘာလုပ်သင့်သည်ကို ဆင်ခြင်မိသူသည် ကောင်းမွန်သောလမ်းကိုလျှောက်လှမ်းပြီး အောင်မြင်မှုများရစေရန် ဤသာဓကလေး ကိုရေးသားလိုက်ရခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဗေဒင်ကို မေးသင့်သည် ကောင်းမှုတွေကိုမှတ်သားပြီး မကောင်းမှုတို့ကို မည်သို့ရှောင်ရှားရမည် ကို ဗေဒင်ဆရာတို့၏ လမ်းညွှန်မှုကို အခြေခံကျကျ လုပ်ဆောင်နိုင်ရန် ဗဟုသုတအနေနှင့်ရေးသားလိုက်ပါသည်။ ဗေဒင်ဆရာ၏ အယူအဆကို လိုက်နာသင့်သော်လည်း အစွန်းမရောက်စေရန် မေးသူကသတိထားသင့်ပါသည်။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ မင်းဇော်

Seeing that example can kill a person's life, but charity, virtue, and good deeds keep a person's life alive. Heeding the astrologer's warning, he writes this example so that he who considers what he should do may walk the good path and achieve success. Therefore, I have written as knowledge to follow the guidance of astrologers on how to ask the fortune teller, remember the good things and avoid the bad ones. The astrologer's idea should be followed, but the questioner should be careful not to go too far. May you both be healthy and happy. Min Zaw



0
0
0.000
3 comments
avatar

Congratulations @minzaw69! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You published more than 10 posts.
Your next target is to reach 20 posts.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

0
0
0.000
avatar

လေ့လာ မှတ်သားစရာတွေပါပဲ။ မျှဝေပေးလို့ ကျေးဇူးပါ ဆရာဗျ။
!pizza
!lolz

0
0
0.000