ယမကာလုလင်နှင့် ပဲသီး။

နွေပဲသီး၊ စင်ပေါ်က ပဲသီး၊ ပဲပုစွန်သီး
စသဖြင့် အမည်သညာခေါ်သော ပဲသီးသည်
ကျွန်တော့်တို့ ခြံအတွင်းမှာရှိသည်။ ထိုပဲသီးကို
ကျွန်တော့်အမ က စိုက်သည်။ အပင်ပေါက်စကပင်
ရေလောင်းပြုစုသည်။

အပင်မှ အညွန့်လေးများထောင်လာတော့
စင်ထိုးရန်လိုလာသည်။ အမ က ခြံဘေးအိမ်မှ
ဝါးဟောင်းများကို တောင်း၍ စင်ထိုးသည်။
စင်ထိုးစဉ်က အမ သည် သူ့ကို ကူညီရန်
ကျွန်တော့် အကိုအားခေါ်သည်။ အကို က
ကူညီခြင်းမပြုခဲ့ပါ။

ယခုအခါ ပဲစင်မှ အပွင့်များပွင့်လာသည်။
ပဲသီးများ သီးလာသည်။ ပဲပင်မှ ပဲသီးများ
သီးလာသောအခါ ပဲစင်အောက်မှ နေ၍
အကိုသည် ပဲသီးများကို ရှာဖွေနေလေသည်။
အမက ပဲသီးများကို ခူးပြီး ကျွန်တော်ကို
ပေးသည်။ ကျွန်တော်က စနေနေ့တိုင်း
သံဃာတော်များကို ဆွမ်းလောင်းလှူသည်။

သံဃာတော်များကို ကြက်သားနှင့် ပဲသီးချက်၍
လောင်းလှူလိုက်သည်။ နောက်တကြိမ် ပဲသီးများ
ကြီးလာသည့်အခါ ကျွန်တော့်က ခူးသည်။
အမဲသားနှင့် ပဲသီး ရော၍ အိမ်မှာ ချက်စားသည်။
ပဲသီးက လတ်ဆတ်၍ ချိုကာစားကောင်းသည်။

အမ ပဲစင်မှ ပဲသီးများကို အိမ်မှာ အဝစားရသည်။
အိမ်နီးချင်းများကို ဝေးပေးသည်။ ပဲစင်မှ
ပဲသီးများကို စိုက်သူ အမက ဂရုမထားပေ။
သို့ပေသိ ကျွန်တော်အကို ကမူ ထိုပဲသီးပင်ကို
ဂရုတစိုက် ကြည့်သည်။ ပဲသီးများ ကြီးလာပါမူ
ခူး၍ သူ့ပုဆိုးခါးပုံထဲ ထည့်ယူသွားသည်။

ယနေ့ ကျွန်တော်တို့က ဈေးမသွားကြပါ။
ကြက်သား အလွယ်တကူဝယ်ယူရ၍ဖြစ်သည်။
ကြက်သားကို သီးသန့်ချက်ပါက မလောက်ငှမည်စိုး၍
ပဲသီးနှင့်ရောရန် ပဲသီးခူးကြသည်။ ကျွန်တော်
ပဲသီးခူးယူနေစဉ် အကိုရောက်လာသည်။
ပဲသီးခူးနေသော ကျွန်တော်အား အကိုက
မျက်စောင်းကြီးထိုးသည်။

"ခုထိ ပဲသီးစားတာ မဝ သေးဘူးလား။
ပဲသီးများ ကြီးပါစေအုံး"

အကို ပြောစကားကြောင့် အမက
ကျွန်တော့်ကို လှမ်းကြည့်ပြီး ပြုံးပြသည်။
ယမကာလုလင်ကြီးအကို သည် တခါတရံ
ထိုသို့ပြုမူတတ်သည်။ တခါတရံမှာလည်း သဘောကောင်းနေတတ်သည်။ တခါတလေလည်း သနားစရာကောင်းနေတတ်ပြန်ပါတော့သည်။

@htwegyi
January 10, 2024



0
0
0.000
9 comments
avatar

!hiqvote

0
0
0.000