စာဖတ်ခြင်း ဖီလင်

avatar

image

ကျွန်တော် ငယ်စဉ်က ဝတ္ထုတွေဖတ်သည့်အခါ
ပထမဦးစွာ ဇာတ်လမ်းအစကို ဖတ်သည်။
အလယ်ကို ခဏမြည်းသည်။ အဆုံးကို မင်းသား မင်းသမီး ညားမှ ပေါင်းမှ ကြိုက်သည်။
ဝတ္ထုစာအုပ် စဖတ်သည့်အခါ ထိုဝတ္ထု၏ အစ
သည် ရာသီဥုတု၊ နေရာပတ်ဝန်းကျင်ကို
ဖွဲ့နွှဲ့ရေးသားထားလျင် မကြိုက်ပါ ကျော်၍
ဖတ်လိုက်သည်။

အရွယ်ရလာသည့်အခါ ထိုအဖွဲ့အနွဲ့များကို
ဇိမ်ခံ၊ ခံစားကာဖတ်တတ်လာသည်။
စကားလုံးတစ်လုံးစီကို ခံစားသဘောကျလာသည်။
ကိုယ့်ကြိုက်သည့် စာသားများဆို ကူးယူ
ထားတတ်လာသည်။ ယခုလို ကိုယ်စာရေး
ကြည့်သည့်အခါမှာ စာရေးသားဖို့ မည်မျှ
ခက်ခဲကြောင်း သိလာရသည်။

ကျွန်တော်တို့ငယ်စဉ်က အထူးသဖြင့်
မဆလ ခေတ်ပေါ့။ မြန်မာ့ဆိုရှယ်လစ်
လမ်းစဉ်ပါတီခေတ် ဟုခေါ်သည်။ ထိုစဉ်က
ကျွန်တော် မူလတန်းအရွယ်ဖြစ်သည်။
စာ စဖတ်သည့်အချိန်လည်းဖြစ်သည်။
ကာတွန်း၊ ရွှေးသွေး၊ စာအုပ်၊ ဂျာနယ်များ
အသဲအသန်လိုက်လံ ဖတ်ရှုသည့်အခါ
ဖြစ်သည်။

img_0.2724589436713973.jpg

ကာတွန်းစာအုပ်ဖတ်ဖို့ အင်မတန်မှ
ခက်ခဲသည့်ကာလဖြစ်သည်။ ကျွန်တော့်
အဖေက တစ်လ လခ 100ကျပ်သာ
ရသည်။ စာအုပ်ငှားဖတ်ဖို့နေနေသာသာ
ထမင်းနပ်မှန်အောင် စားရဖို့အရေး
အမေက ဈေးဗန်းခေါင်းရွက်ရောင်းရသည်။

လမ်းမှာ တွေ့သမျှ၊ အသိမိတ်ဆွေအိမ်မှာ
တွေ့သမျှ စာအုပ် အစုတ်အပြဲ အကုန်ယူ
ဖတ်သည်။ အဲ ကလေးဆိုတော့ ကာတွန်း
စာအုပ်ဆို သဲသဲမဲမဲအမိအရဖတ်သည်။
မဂ္ဂဇင်းစာအုပ်များကိုတော့ သိပ်မကြိုက်မိပေ။
အရွယ်ရလာမှ၊ စာအုပ်မျိုးစုံကို ကြိုက်နှစ်သက်
စွာ ဖတ်ရှုခဲ့သည်။

စာအုပ်ဖတ်သည့်အခါ စာအုပ်အမျိုးအစား
များသည် အသက်အရွယ်ကိုလိုက်၍
ပြောင်းလဲဖတ်ရှုလာသည်။ ငယ်စဉ်က
အရူးအမူးဖတ်ခဲ့သော ကာတွန်းစာအုပ်များ
ကို ဆယ်ကျော်သက်အရွယ်မှာ မဖတ်ဖြစ်တော့။
အချစ်ဝတ္ထုများကို ရွေးချယ်ဖတ်ရှုလာသည်။
အသက် 30ကျော်လာသည့်အခါ
စိတ်လှုပ်ရှားဖွယ်ရာ စာအုပ်များကို
ကြိုက်နှစ်သက်လာသည်။

အသက်အရွယ်ရလာတော့ စာအုပ်မျိုးစုံကို
ဖတ်ရှုလာတတ်တော့သည်။ ခံစားမှုမျိုးစုံ၊
ရသမျိုးစုံ၊ အတွေးအမြင်မျိုးစုံကို
ဖတ်ရှုခံစားချင်လာသည်။ တရားဘာဝနာ
စာအုပ်များကိုလည်း ဖတ်ရှုလာသည်။
ခံစားမှုမျိုးစုံကို ခံစားလာချင်သည်။
အမှန်က အသက်ကြီးလာတော့
ခံစားမှုကို လောဘကြီးလာသဖြင့်
အကုန်ဖတ် အကုန်ကြည့်မိတာဖြစ်ပေမည်။

@htwegyi



0
0
0.000
6 comments
avatar

စာဖတ်သည့်အကျိုး ဝင်ငွေတိုး

0
0
0.000
avatar

ဝင်ငွေတိုး အသိဉာဏ်တိုး ဗဟုသုတတိုး အကုန်လုံးတိုးသပ

0
0
0.000
avatar

အရွယ်အလိုက် စာပေအပေါ် ခံသားမှုတွေ ပြောင်းသွားတာပေါ့နော။
ကျွန်တော်ဆို 20 ဝန်ကျင်းတုန်းက တက်ကြမ်းတွေ တအားဖတ်ခဲ့တာ။

0
0
0.000
avatar

ကိုယ်ဝါသနာပါရာ အားသန်းရာပေါ့ဗျာ စာဖတ်တာကိုးက ကောင်းတာပဲဟာ

0
0
0.000