ငါ ဝ အောင် ငိုလိုက်မယ်။
ငို အားရအောင် ငို။
ငို ဝအောင် ငို။
ငို ရင်ထဲပေါ့သွားအောင် ငို တဲ့။
စသဖြင့်ပေါ့လေ မိတ်ဆွေ၊ သူငယ်ချင်း၊ ခင်မင်
သူများ ဝမ်းနည်း၍ ငိုနေသည့်အခါမှာ အားပေး
နှစ်သိမ့်သည့်သဘောပြောကြသည်။ ဘာတဲ့
သီချင်းတပုတ်တောင်ရှိသေး။ ငါ ဝအောင် ငိုလိုက်မယ်။
ဒီတရက်ထဲ ငိုမယ်။ မိုးလင်ရင် မငိုတော့ဘူး
ဆိုလား။

ကျွန်တော်တို့ ဝမ်းနည်း ပူဆွေးတဲ့အခါ၊ ဝမ်းသာတဲ့
အခါ မျက်ရည်ကျကြသည်။ အမျိုးသား၊ အမျိုးသမီး
အကုန်လုံးနီးပါး ငိုကြသည်။ ဝမ်းနည်း ပူဆွေးသဖြင့်
ငိုသည်က များသည်။ ဝမ်းသာ၍ ငိုသည်က
အနည်းငယ်သာရှိသည်။ ဝမ်းသာ၍ ငိုသူ အတွက်တော့
ထားပါလေ။ ဝမ်းနည်း ပူဆွေးပြီး ငိုကြွေးသူ
ကို ဖော်ပြပါအတိုင်း အားရအောင်၊ ဝအောင်၊ ပေါ့
သွားအောင် ငို ဟု မပြောပါနဲ့တဲ့။

မနေ့ညက ပါချုပ်ဆရာတော်ကြီး၏ တရားတော်မှာ
နားကြားခဲ့ရသည်။ ဝမ်းနည်း ပူဆွေးပြီး ငိုကြွေးသူ
ကို အားရအောင်၊ ဝအောင်၊ ပေါ့သွားအောင် ငို ဟု
မပြောပဲ တရားဓမ္မဖြင့် နှစ်သိမ့်ပေးရမည်။ ငိုသူကို
ထိုသို့ ကျွန်တော်လည်း ပြောကြားခဲ့ဖူးသည်။
ငိုလိုက်ရသဖြင့် ရင်ထဲပေါ့သွားသည်ဟုထင်မိသည်။
အမှန်တကယ်မှာ ငိုခြင်းသည်က ထွက်ပေါက်တခု
မျှသာ။

သောက၊ ပရိဒေဝမီးတွေတောက်လောင်သည့်အခါ
ရင်ထဲမှာ မချိ မဆန့် ခံစားရသည့်အခါ။ တယောက်ထဲ
ကြိတ်ငိုသည်။ ဘေးမှာ အားပေးဖော်ရှိပါမူ ပို၍
ငိုသည်။ ငို၍ မောသည့်အခါမှာတော့ ရပ်ရပေသည်။
မရပ်မနား ငိုကြွေးပါက ကိုယ်သာ ဒုက္ခရောက်ပေမည်။
တွယ်တာမှုတွေ၊ သံယောဇဉ်တွေရှိနေသမျှ
သောကတွေရှိနေပေမည်။ သောကနဲ့အတူ ငိုကြွေး
ခြင်းသည်လည်း အတူကပ်ပါလာသည်။
ငယ်ရွယ်သူများအဖို့ အချစ်အတွက်ကြောင့်
မျက်ရည် ငိုကြွေးခြင်းများ ဒလဟောဖြစ်သူများ
ရှိပေမည်။

ဟော့ အသက်အရွယ်ရလာသူများအဖို့
လောဘ၊ ဒေါသကြောင့် ငိုကြွေခြင်းက
သူငယ်ချင်းပမာ ဖြစ်သည်။ လူ့ဘဝတလျှောက်မှာ
မငိုဖူးသူဟု၍ ရှိမည်မထင်ပါ။ မိမိချစ်ခင်နှစ်သက်သူ
တဦး လူ့လောကကြီးက ထွက်ခွါသွသည့်အခါ
ပူဆွေး ငိုကြွေးရသည်။
ငိုကြွေးခြင်းအမှုသည်က ကိုယ့်အတွက် ငိုကြသည်က
များသည်။ အဝေးထွက်သွားသူ၊ သေဆုံးသွားသူက
ကိုယ့်အတွက် အားကိုးအားထားရသူဖြစ်ပါမူ
ဘာပြောကောင်းမလဲ တွေးတွေးပြီး ငိုကြွေးခြင်းက
အတောမသတ်နိုင်ပေ။ အဲ သို့ပေသိ ထိုသူက
ကိုယ့်အတွက် ဘာမျှ တန်ဘိုးမရှိ၊ ကိုယ်နဲ့ ရင်နှီးကျွမ်းဝင်မှု
မရှိပါမူ ငိုကြွေးဖို့မေ့နေပေမည်။
ငိုခြင်းက ကိုယ်နဲ့ မဆိုင်သလိုပါလေ။
@htwegyi
September 18, 2025
ငိုစရာမျက်ရည်တွေ ရှိသေးရဲ့လား။
!LOLZ
!HUG
lolztoken.com
But take a look at me now.
Credit: reddit
@htwegyi, I sent you an $LOLZ on behalf of walarhein
(1/10)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP
ခမ်းနေပါပြီ။
တခါတလေ ငိုဖို့ မျက်ရည်က မရှိနေပြန်ဘူးရယ်။
ဟုတ်တယ်ဗျို့။