The Golden Shower Laburnum

မင်္ဂလာပါ။

စိန်ပန်းနီတွေ နှင့် အပြိုင် ပွင့်ဝေနေကြတာကတော့ ငုဝါပန်း တွေပါ။
တစ်ကယ်တော့ ဒီအချိန်အခါ သမယမှာ စိန်ပန်းပွင့်တာ စောတယ် ပြောရမလား။
ငုဝါတွေ ပြိုင်ယှဉ် ပွင့်ချင်တာက ပိတောက်ပန်း တွေနဲ့ ထင်ပါတယ်။

img_0.4687270469187418.jpg

ပိတောက်တွေကတော့ နွေရာသီမှာ မိုးလေးကျရင် ပွင့်တတ်ကြပါတယ်။
တစ်ခါပွင့်ရင် တစ်ရက်ပဲ ကြာရှည်ခံပါတယ်။

ငုဝါတွေကတော့ ပွင့်လိုက်ပြီ ဆိုသည်နှင့် ပင်လုံးမြိုင် ဝါဝင်းနေကာ ရက်ကြာရှည်ခံပါတယ်။
သို့ပေသော်လည်း ငုဝါတွေကို ပိတောက်တွေလို ဘူတွေက တန်ဖိုး မထားကြပါဘူး။
ဒါကတော့ ငုဝါတွေက အရောင်အသွေး လှပေမယ့် ပိတောက် ကဲ့သို့ ရနံ့မသင်းလို့ပဲ ထင်ပါတယ်။

img_0.7086231902423357.jpg

သို့သော်လည်း လမ်းဘေးတွေမှာ ငုဝါတွေကို အလှစိုက်ထားတတ်ကြပါတယ်။
ငုဝါတွေက ကြာကြာ ပွင့်ဝေနေတတ်ကြတော့ အလှကြည့်လို့တော့ ကောင်းပါတယ်။

ဒီပုံလေးတွေကို အင်းဝမြို့ဟောင်း ထီးလှိုင်ရှင် စေတီ အနားက ရိုက်ယူထားတာပါ။
အလှအပလေးများ ရှုစားလိုက်ကြပါဦး။

@golden.future



0
0
0.000
12 comments
avatar

ဝင်းဝါလို့ လှနေလိုက်ကြတာ

0
0
0.000
avatar

ဝါရွှေငယ်သွေးနဲ့ ငုတွေရဲ့ အလှပါ

0
0
0.000
avatar

ဝါး ရိုက်ချက်က လှချက်။
!LOL

0
0
0.000