လက်တွေ့နှင့်စိတ်ကူးဆန္ဒများ

မင်္ဂလာပါ။

ရွှေစက်တော်ဘုရားဖူးသွားချင်ခဲ့တာ ကြာပြီ။
အမှန်ပြောရလျှင် မိန်းမ နှင့် သားသမီးတွေကို ရွှေစက်တော်ဘုရားဖူးလိုက်ပို့ချင်တာပါ။
ကိုယ်ကတော့ ‌တက္ကသိုလ်တက်တုန်း ရွှေစက်တော် သို့ လေးခေါက် ရောက်ဖူးပြီးသားပါ။
သင်္ကြန်ပြီးရင်တော့ ရွှေစက်တော် ဘုရားပွဲရက်ပြီးပြီပေါ့။
ဒီနှစ်တော့ မသွားနိုင်တော့ပါဘူး။

ဘာရယ်မဟုတ်ပါဘူး။
နေ့ခင်းဘက် မိန်းမနှင့် ဖုန်းပြောဖြစ်တုန်း နောက်နှစ်သင်္ကြန်ကျလျှင်တော့ပျော်ရလောက်ပါတယ်ဟု ပြောမိတာ သတိရသွားလို့ပါ။
ဖြစ်နိုင်ရင် နောက်နှစ် မန်းရွှေစက်တော် ဘုရားဖူးရင်း သင်္ကြန်ကျချင်ပါတယ်။

ဒီရက်ပိုင်း FB ပေါ် အချိန်သုံးဖြစ်နေတယ်။
FB ပေါ် အချိန်ကုန်ဆို နိုင်ငံရေးသတင်း မပြတ်ကြည့်ရတာပါပဲ။
နိုင်ငံအနှံ့ တိုက်ပွဲတွေ ဖြစ်ပွားနေသလို အောင်ပွဲတွေလည်း ရနေတော့ စစ်အာဏာရှင်ကျဆုံးခန်း ရောက်တော့မည်ဟု မျှော်လင့်ရပါတယ်။
မိတ်ဆွေတို့ရော ဘယ်လိုယူဆကြပါသလဲ။

ဒါကြောင့်သာပဲ နောက်နှစ်တော့ သင်္ကြန် ပျော်ရကောင်းပါရဲ့ မျှော်လင့်မိတာပါ။
မကြာခင်ရက်ပိုင်းဆိုလျှင် သင်္ကြန်ရက် ရောက်ပြီ။
ကျွန်တော်ကတော့ သင်္ကြန်ရက် ရေကစားထွက်ဖြစ်မှာ မဟုတ်ပါဘူး။
ပျော်ရမယ့်ကာလလည်း မဟုတ်သေးဘူးလေ။

ပုံတွေကတော့ မနှစ်က ရောက်ခဲ့တဲ့ ကျောက်ချောကျေးရွာထဲက 16 Restaurant ထဲကပါ။
ရေကူးကန် နှင့် တည်းခိုခန်းတွေရှိတဲ့ အပန်းဖြေစရာ စားသောက်ဆိုင်ပေါ့။
အခန်းမရလို့ ညအိပ်မတည်းခဲ့ရပေမယ့် နေ့ခင်းဘက် ဝင်ရောက် စားသောက်ကာ အနားယူခဲ့စဉ် ဓာတ်ပုံရိုက်ယူခဲ့တာပေါ့။
ဘာရယ်တော့မဟုတ်ပါဘူး။
သင်္ကြန်မှာ မိတ်ဆွေတို့ ဘာလုပ်ကြမှာလဲလို့။



0
0
0.000
14 comments
avatar

ဆန္ဒပြည့်ဝပါစေ။
ပျော်ရတော့မှာပါလေ။
!LUV
!LOL

0
0
0.000