ဒီနေ့ အခြေအနေ

မင်္ဂလာပါ။
ဒီနေ့ အိမ်မှာ တယောက်တည်း နေသည်။
အရင်ရက်ကလည်း တယောက်တည်း နေတာပါပဲ။
ဟိုလိုလိုဒီလိုလိုနဲ့ အီးယောင်ဝါးဖြစ်နေသည်။
အင်တာနက်လိုင်းက မကောင်းတော့ ပိုပြီး ယောင်တောင်တောင်နိုင်သည်။

တနေ့တာ ကုန်ဆုံးတော့မည်။
ဘာမှ ဟုတ်တိပတ်တိ မလုပ်ဖြစ်သလို စာလည်းမရေးဖြစ်သေး။
ညနေစောင်းလာပြီ ဆိုတော့ မဖြစ်ချေဘူး ဆိုပြီး ထကာ စာရေးရသည်။
ဒီနေ့ ဘာသာမပြန်ဘဲ မြန်မာလိုပဲနင်တော့မည်။
တယောက်တည်းဆိုတော့ ကြက်ဥကြော်ပဲ စားဖြစ်တာများသည်။
ဒီနေ့တော့ ဝက်သား ဝယ်ကာ ပြုတ်ကြော်ကြော်လိုက်သည်။
ညနေတော့ အမြည်းကောင်းရပြီပေါ့။

ဒီနေ့ သင်္ကြန်ကျသည်။
ရေမစိုတဲ့သင်္ကြန်ပါပဲ။ ရေမစိုဆို လမ်းမပေါ်မှ မထွက်တာကို။
ရွာမှာတော့ လမ်းမပေါ်မှာ ကလေးတွေ ရေပက်နေကြသည်။
တကယ်တော့ သင်္ကြန်မှာ ပျော်ချင်သည်။
ပျော်ရမယ့်အချိန်အခါ မဟုတ်တော့ မပျော်နိုင်ပါ။
ပျော်ရမည့်ပွဲတော်ချိန် မပျော်ရတော့ ပိုပျင်းရသည်။
ပျင်းခြောက်ခြောက်ဖြစ်နေသောအခါ ဘာမှမလုပ်ဖြစ်ဘဲ နေမိတာပါပဲ။

ဒီကြားထဲ HIVE ဈေးက ကျနေလိုက်သေးသည်။
သူတင်ကျနေတာမဟုတ်ဟု စိတ်ဖြေရသည်။
ဈေးကျလို့ စာရေးပျက်ခဲ့သည်တော့မရှိခဲ့ပါ။
မပျော်နိုင်သည်ကတော့ စိတ်ကသိကအောင့်ဖြစ်မိသည်။
ကဲ တတ်နိုင်ဘူးလေ ဒီညနေတော့ လာထား...
ဝက်သား ၅၀ သား ကြော်ထားပြီးပြီလေ။

@golden.future



0
0
0.000
12 comments
avatar

@walarhein, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @golden.future gets !LOL from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

0
0
0.000
avatar

Congratulations @golden.future! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

0
0
0.000