ဘာရောင်လေးမဆို လှ ပန်းနှင်းဆီ သဘာဝ

မင်္ဂလာပါ။

ဒီနေ့တော့ ကျွန်တော် အလုပ်လုပ်ရာ ဆေးခန်းရှိ ဘုရားဆောင်လေးမှာ ဘုရားပန်းကပ်တဲ့ ဘုရားပန်း ပုံလေးတွေကို ဖော်ပြပါရစေ။

ဗုဒ္ဓဘာသာဝင် တစ်ယောက် အနေဖြင့် ယဉ်ကျေးမှု ရိုးရာ ထားရှိသော ဘုရားပုံတော် နှင့် ဘုရားဆောင်လေးမှာ ဘုရားပန်း နှင့် ပုတီးတွေ အမြဲ ရှိနေတတ်ပါတယ်။

ဒီနေ့အတွက်တော့ နှင်းဆီပန်းလေးတွေ ပေါ့။
နှင်းဆီတွေ က အနီလည်း မဟုတ်၊ အဝါလည်း မဟုတ်။
လိမ္မော်ရောင် လို့ ပြောရမလား။
ပန်းဆီရောင် လား၊ ကြေးနီရောင်လား။
တမူထူးခြားတဲ့ နှင်းဆီပန်းရောင် ပါပဲ။

သူ့အလှနှင့်သူ လှနေတော့လည်း ဘုရားပန်း ဝယ်ကပ်လိုက်တာပါ။
ဘာဆုရချင်လဲဆို မြန်မာနိုင်ငံသားတွေ အာဏာရှင်လက်အောက်က လွတ်မြောက်လို့ ငြိမ်းချမ်းသာယာ ရှိနေကြစေချင်တာပါပဲ။
တကယ်က ဆုတောင်းနေမယ့်အစား ကိုယ်လုပ်နိုင်ရာ၊ ကိုယ်စွမ်းနိုင်ရာဖြင့် အာဏာရှင်ကို တော်လှန် အောင်ပွဲခံကြရမှာပါ။။
‌ဪ ဘုရားပန်းကပ်လှူ ဘဝင်အေးစေယူရမှာကို နိုင်ငံအရေး တွေးမြော်မိတော့ ရင်လေးနေရတာပါပဲ။

မိတ်ဆွေများ ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေ။

@golden.future



0
0
0.000
19 comments
avatar

ဟုတ်ပါ့ သိပ်လှ
!luv
!lol

0
0
0.000
avatar

နှင်းဆီတွေ လှလွန်းလို့လည်း ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ရရ်လို့ဖြစ်လာတာပေါ့နော် !lolz !pizza

0
0
0.000
avatar

နှင်းဆီပန်းက ပန်းချီကားတချက်အလားပဲ

0
0
0.000
avatar



@naythan YOU !PIMP, THE HiQ Smart Bot, has recognized your request. !PIZZA

If you have at least 10 HIQS staked, then juicy votes will follow!


Delegate [HP to @hiq.hive], [BEE to @hiq.bee], [PHOTO to @hiq.photo], [FUN to @hiq.fun] or [PIMP to @hiq.pimp] to support the HiQ Smart Bot and its trails.


For any further questions, please feel free to contact @hiq.redaktion via comment or Discord.

(This is a semi automaticaly created manual curation. Currently I am in the testing phase though !LOL)

0
0
0.000
avatar

လှလို့ ချစ်ကြတာပဲ။
!luv
!lol

0
0
0.000
avatar

သာဓုခေါ်ပါတယ်။
!hiqvote

0
0
0.000
avatar

hiqvote က ပို့စ်တစ်ခုမှာ သူများ ပေးထားရင် ထပ်ပေးမရဘူးဗျ

0
0
0.000
avatar

ဟုတ်သလား။ သိသေးဘူး။

0
0
0.000