ကော်ဖီ သောက်ပြီး ချစ်တဲ့ အကြောင်းတွေ ပြောရအောင်

avatar

"အသက်ကို နောက်မှ ရှူမယ်
ကော်ဖီကို အရင်သောက်မယ်
ငါ့ကိုယ်ငါ အရင်ချစ်လည်း
မင်းကိုချစ်တာ အရင်ဖြစ်ခဲ့တယ်။"

စိုင်းဝင်းမြင့်
(ကျေးဇူးတော်လမ်း မှ)

မနက် အိပ်ရာ ထထချင်း ကော်ဖီ သောက်လေ့ ရှိလား။ မျက်နှာ သစ် ပြီးမှပဲ သောက်သောက်၊ မျက်နှာ မသစ်သေးဘဲ သောက်သောက်။ မျက်နှာက သစ်သစ်၊ မသစ်သစ် အသစ် မဖြစ် သွားပေမယ့် ကော်ဖီကတော့ အသစ် အသစ် ဖြစ်နေမှာပဲ။ ပြောရရင် ကော်ဖီက နေ့သစ်တွေ ယူလာပေးတယ်ပေါ့ ဗျာ။

ကော်ဖီ အကြောင်း ပြောရရင်၊ ပြောစရာတွေက အများသား။ တထောင့်တည ပုံပြင် (တွေသာ ဆုံးသွားမယ်) တွေတောင် ရှုံးသွားမယ်။ ပြန်တွေးကြည့်တော့ ကော်ဖီ အရသာထက် ကော်ဖီနဲ့ ပတ်သက်တဲ့ အမှတ်တရတွေက ပိုများနေတတ်တယ်။ ဘာကော်ဖီ သောက်လဲ ဆိုတာထက် ဘယ်သူနဲ့ အတူ သောက်လဲ ဆိုသလိုပေါ့။ ဟိုက်ရှားပါး။

သောက်နေကြ မလို့၊ သောက်ချင်လို့၊ မသောက် မနေရဖြစ်နေလို့ အစရှိသဖြင့်။ တကယ်တော့ ကော်ဖီကလည်း စွဲတတ်သား။ ကျနော်ကတော့ မစွဲလန်းပါဘူး။ ချစ်တာ။ ဒီအတိုင်း ကော်ဖီကို ချစ်တာ၊ မြတ်နိုးတာ။ ကော်ဖီ မသောက်ဘဲ နေ့ရက်တွေကို ရှင်သန် ဖြတ်သန်းဖို့ ကျနော့်မှာ အင်အား မရှိဘူး။ မတွေးရဲဘူး။

ကျနော်တို့ သူငယ်ချင်း အချင်းချင်းတွေကြား ကိုယ်စီကိုယ်စီ ဝိုင်းလေးတွေတော့ ရှိကြ မပေါ့။ လက်ဖက်ရည်ဝိုင်း၊ အရက်ဝိုင်း၊ ဘီယာဝိုင်း၊ ဖဲဝိုင်း အစရှိသဖြင့် ပေါ့ဗျာ။ ယခင်ခေတ်က လိုဆို ရေနွေးကြမ်း ဝိုင်း၊ ဝိုင်း ကြသလိုပေါ့။ ဒီလိုပါပဲ ကော်ဖီ ဝိုင်းလေး ဘာလေးလည်း ရှိသင့်တယ်လို့ ထင်မြင်မိသား။ တခါတလေ ကော်ဖီဆိုင် ထိုင်တာလည်း ထိုင်တာပေါ့။ ဆိုင်ရယ်လို့ မဟုတ်ဘဲ ကိုယ့်ဟာကိုယ် တနေရာရာမှာ ကော်ဖီ ဝိုင်းလေး လုပ်ကြည့် ကြရင်ကော။ လုပ်ဖူးကြ၊ လုပ်ဖြစ်ကြလား။ အများစုက တခြားဟာနဲ့ပဲ ဝိုင်းကြသကိုး။

မလုပ်ဖူးသေးရင် ဆိုင်မှာ မဟုတ်တဲ့ ကော်ဖီ ဝိုင်းလေး တခု ဖန်တီး ကြည့်ပါလို့ ပြောပါရစေ။ အသစ်အဆန်းလေး တခုခုတော့ ရမှာပါ။ အကယ်၍ လုပ် ကြည့်မယ်ဆိုရင် ကော်ဖီဝိဝိုင်းကို ready made တွေထက်စာရင် ကိုယ့်ကို ဖျော်စပ်ရတာမျိုးကို ပိုပြီး အကြံပြုချင်သား။ နှပ်ကော်ဖီလေးနဲ့ နှပ်နေတယ် ဆိုတာမျိုးလေး။ တယောက်ထဲ သောက်သောက်၊ နှစ်ယောက်ထဲပဲ သောက်သောက်၊ ချစ်ရ ခင်ရသူတွေ ဝိုင်းဖွဲ့ပြီးတော့ပဲ သောက် သောက်၊ ဘယ်လို သောက်သောက် သူက အဆင်ပြေ သား။

2 in 1, 3 in 1 တို့ထက် စာရင် 1500 in 1, 528 in 1 တို့က ပို အဆင်ပြေ၊ ပို လိုက်ဖက် မလားလို့ပါ။ Cheers အစား I love you 3000 ဆိုပြီး ခွက်တိုက်ကြတာပေါ့။ ဒါမှမဟုတ် တယောက်ထဲ သောက်တာဆိုရင်လည်း I love you in every universe ဆိုပြီး သောက်ပေါ့ဗျာ။

ရွေးချယ် စရာတွေ အများကြီး ထဲမှာမှ အသစ် တခုခုကို စမ်းကြည့်ချင်ရင်တော့ Phyoe တို့ရဲ့ ကိုယ်တိုင်မှာ၊ ကိုယ်တိုင် ကြိတ် နှပ်ကော်ဖီလေးကို စမ်းသောက် ကြည့်ပါလို့ ပြောပါရစေ။ အော် ခုလို အရှည်ကြီး ရေးလာတာ ကိုယ့် ပစ္စည်းကို ကြော်ငြာ တာလား ဆိုရင်လည်း ဟုတ်ပါတယ်ပေါ့။ တကယ် သောက်လို့ ကောင်းလို့ ကိုယ့် အသိ မိတ်ဆွေတွေကို သောက်ကြည့်ဖို့ ပြောပြရုံ သက်သက်ပါလေ။ (သောက်ကြည့်လို့ ကြိုက်သွားရင် ကိုယ်လည်း ရောင်းရတာပေါ့လေ နော့်)

ရွာငံဒေသထွက် ကော်ဖီ စေ့ကို ကိုယ်တိုင် သေချာလေး ကြိတ်ထားတာပါ။ ရိုးရိုး မကြိတ်ဘူးနော် အချစ်တွေနဲ့ ကြိတ်ထားတာ။

ကိုယ့်ခြေ ကိုယ့်လက်နဲ့ ကိုယ်တိုင် သောက်ချင်လို့ပဲ ဖြစ်ဖြစ်၊ တဦးတယောက်ကို ဖျော်တိုက်ချင်လို့ရယ်ပဲ ဖြစ်ဖြစ် Phyoe တို့ရဲ့ ကိုယ်တိုင် မှာ၊ ကိုယ်တိုင် ကြိတ်ထားတဲ့ ကော်ဖီ လေးနဲ့ ဖျော် သောက် (တိုက်) ကြည့်လိုက်ပါလို့။ ကော်ဖီက ဘယ်အချိန် ဘယ်ကာလပဲ ဖြစ်ဖြစ် ခံစားမှု ခံစားချက်တွေကို ပြောင်းလဲ ဆန်းသစ်သွားစေသူပဲ မလား။

တခုတော့ သတိပေးပါရစေ။ လမ်းကြုံ ဒီအတိုင်းလေး စမ်းသောက် ကြည့်ချင်လို့ ဆိုပြီးတော့ မဝယ်ပါနဲ့။ ကိုယ်တွေက စွဲသွားဖို့ မရည်ရွယ်ပေမယ့် ကိုယ့်လူတွေ စွဲလန်း နှစ်ခြိုက် သွားမှာ စိုးရိမ်လို့ပါ။

ဆိုင်မှာ ကိုယ်တိုင်မှာ၊ ကိုယ်တိုင် ကြိတ် ကော်ဖီကို 1 Kg, 500 g ဆိုပြီး နှစ်မျိုး ရနိုင်ပါတယ်။ အရသာ အတူတူပါပဲ၊ အလေးချိန်ပဲ ကွာတာ။ ဘယ် အထုပ် ဝယ်ဝယ် အချစ်တွေ အပြည့် နဲ့ ကော်ဖီကို ရမှာက အသေအချာပါပဲ။ ဒါပေမယ့် 1500 အပြည့် ကိုယ့်စိတ်နဲ့ ကိုယ်ပဲ ဆိုရင် 1 Kg + 500 g နှစ်ထုပ်ပေါင်းပြီး ဝယ်နိုင်ပါတယ်။ ဝယ်သင့် မဝယ်သင့် ချီတုံချတုံ ဖြစ်နေရင် ဆိုင်မှာ အမြည်း လာစမ်းသောက်ကြည့် နိုင်ပါတယ်။ အချစ်တွေနဲ့ ဖျော် ပေးပါ့မယ်။



0
0
0.000
8 comments
avatar

တောင်ကြီးလာရင် ကော်ဖီသောက်မယ်... ကိုဟင်ကတော့ ကာပူချီနို ပဲကြိုက်တယ်။!PIZZA

0
0
0.000
avatar

Congratulations @foodmychoice! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You received more than 100 upvotes.
Your next target is to reach 200 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

Keep Hive Buzzing - Support our proposal!
Our Hive Power Delegations to the February PUM Winners
The Hive Gamification Proposal
Support the HiveBuzz project. Vote for our proposal!
0
0
0.000