ကျနော် သိသော ဝေါလက်များ (၂)
ကျနော်တို့ ထုတ်မရ သတိပေးထားသဖြင့် သူ deposit မလုပ်လိုက်ရသဖြင့် သူ့ btc တွေ မဆုံးရှုံးသွားပေ။ သူလည်း ဘာမှ မလုပ်ဘဲ အနှီ btc တွေကို wallet ထဲမှာပဲ ဒီအတိုင်း ထားထားလိုက်လေ၏။ ထိုစဥ်က ကျနော်တို့က crypto အကြောင်း ကောင်းကောင်း မသိကြသေးဘူးကိုး။ btc က ဘာ၊ ဘယ်လို ဖြစ်နိုင်တယ် ဘာလုပ်လို့ ရတယ်ဆိုတာတွေကိုမှ မသိသေးဘဲကိုး။
MMM မှာ အရင်းအနှီး ထည့်ဖို့ btc နဲ့မှ ရမယ်၊ ပြီးရင် ကိုယ်ရလာတဲ့ အကျိုးအမြတ် btc ကို ပြန်ထုတ်ပြီး မြန်မာငွေ ချိန်းမယ်၊ ဒီလောက်သာ သိ၏။ btc စျေးက အတက်အကျ ရှိကြောင်းတောင် မသိခဲ့ပေ။ crypto မှာ မူကြို အဆင့်မလား။ ခုကော ဆိုတော့ ခုတောင် ကိုယ်တွေက သူငယ်တန်း အဆင့်လောက်လေးသာ ရောက်သေး၏။
ကျနော်တို့ သူငယ်ချင်း တော်တော်များများ MMM နဲ့ ထိကြ၏။ ဘယ်သူမှ မမြတ်လိုက်ပေ။ သူငယ်ချင်း တယောက်ကတော့ ပိုက်ဆံ ထုတ်ဖူးလိုက်၏။ ဒါပေမယ့် ဆတိုးပြီး ပြန်ရင်းလိုက်တော့ သူလည်း ရှုံးတာပါပဲ။ ထုတ်လို့ရဖူးတယ်ဆိုသည့် စကားလေးတော့ ပြောစရာ ရှိသွားတာပေါ့လေ။ ခံသာသည်က အကုန်လုံးက အဆုံးအရှုံး ခံနိုင်သည့် ပမာဏနှင့်သာ လုပ်ခဲ့ကြခြင်း ဖြစ်၏။ ဒါပေမယ့် ကိုယ့်ချွေးနဲစာဆိုတော့ နှမြောတာတော့ အမှန်ပင်။
ဤသို့ဖြင့် ကျနော်လည်း Facebook က online ငွေရှာနည်း group တွေကြား ကျင်လည်ဖြတ်သန်းရင်း crypto အကြောင်း တစတစနှင့် အစလိုက်ကောက်လေတော့၏။ တခါသေဖူး ပျဥ်ဖိုး နားလည်ဆိုသည့်အတိုင်း ကောင်းကောင်း သဘောပေါက်၊ ကောင်းကောင်း သတိထားတော့၏။ ပြီး အရင်းအနှီး စိုက်ရတာထက် free ဖက်ကိုသာ ပို ဦးတည် ဖြစ်တော့၏။ free ဆိုတော့ ကြာရှည် ပြီး မသေချာ မရေရာတာတွေက အများသားနဲ့ပေါ့။ (ဒီလိုနဲ့ နေရင်း Steemit ကို သွားတွေ့ခြင်း ဖြစ်၏။)
ထိုသို့ အချိန်တွေ ကုန်နေရင်းက btc အကြောင်းလည်း အထိုက်အလျောက် သိလာခဲ့တော့၏။ ပြီး btc စျေးကလည်း တက်လာခဲ့၏။ (ထိုစဥ်က တက်သည် ဆိုပေမယ့် ခုလောက်ထိတော့ မတက်သေးပေ။) ထိုအခါ ဟို MMM မှာ မလုပ်လိုက်ရသည့် သူငယ်ချင်းကို သွားသတိရမိတော့၏။ သို့နှင့် btc တွေ ရှိသေးလား သွားမေးကြည့်မိတော့ ရှိသေးကြောင်း ပြော၏။
ယခုစျေးတွေ တက်နေသဖြင့် ရောင်းချင်က ရောင်းနိုင်ကြောင်း၊ ဒါမှမဟုတ် ထပ်တက်နိုင်ဦးမလားဆိုပြီး စောင့်လိုလည်း စောင့်နိုင်ကြောင်း ပြောပြ ဖြစ်၏။ သူလည်း ထိုအခါမှ လှုပ်လှုပ် လှုပ်လှုပ် ဖြစ်လာပြီး phone လား၊ camera လား မသိ ဝယ်မည် ဖြစ်သဖြင့် ပိုက်ဆံ အနည်းငယ် လိုနေသဖြင့် အဆိုပါ btc တွေကို ရောင်းလိုက်၏။ ၂ သိန်းကျော်လောက်ရသည် ဆို၏။ ၇ သောင်း ရင်းထားပြီး တနှစ် နှစ်နှစ်နေတော့ ၂ သိန်းရသွားခဲ့၏။ သူကား ကံကောင်းသူပင်။
တော်သေးတာပေါ့ မြတ်သွားလို့!LOLZ
ကျွန်တော့်မှာတော့ တိုင်ပင်စရာ မိတ်ဆွေမရှိ၊
ဘီတီစီတွေ ရမ်းသန်းလုပ် ဖရီးလေး စုလိုက်
စကမ်းတွေနဲ့ ပါသွားလိုက်နဲ့ ခြောက်သောင်းဖိုးတော့
ရလိုက်တယ်။
!LOL
lolztoken.com
Lots of training
Credit: reddit
@donjaun, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ.
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
(2/6)
!PIZZA
PIZZA Holders sent $PIZZA tips in this post's comments:
@uthantzin(5/10) tipped @donjaun (x1)
You can now send $PIZZA tips in Discord via tip.cc!