Habit

avatar

ဒီရက်ပိုင်း ထူးဆန်းနေ၏။ တခြား မဟုတ် ပိုစ့်တင်ဖို့ အတွက် စာတွေ ကြိုရေးမိ ရေးဖြစ်နေခြင်း ဖြစ်၏။ ထိုသို့ ကြို မရေးဖြစ်ခဲ့သည်မှာ အတော်လေး ကြာခဲ့ပြီ ဖြစ်၏။ အတိအကျ ဆိုရသော် အောက်ထပ်မှာ အခန်းလေး စဖွဲ့၊ စဆောက်ကတည်းကဟု ပြောရမည်။ အဲ့ကတည်းက ကြိုရေးဖို့ မပြောနဲ့ ဒီနေ့ တင်ဖို့ မတင်ခင် နာရီပိုင်းအလိုမှ အပြေးကလေး ရေးနေရ၏။ ဒါတောင် တချို့ရက်တွေ တင်နေကြ အချိန်ထက် နောက်ကျမှ တင်နိုင်ပြီး တချို့ရက်တွေဆို လုံးလုံး မတင်ဖြစ်တာမျိုးတွေတောင် ရှိ၏။

ထိုသို့ နေလာရင်းကမှ ပြီးခဲ့သောရက်ပိုင်းကစလို့ တရက်စာကို ကြိုပြီး ရေးဖြစ် ရေးလာနိုင်၏။ (ယခင်ကဆို တပတ်စာထိ ကြိုရေးထားပြီးသား) တချို့ ရက်တွေတော့ ၂ ရက်စာထိ ရေးဖြစ်၏။ ပြီးခဲ့သော ၈ ရက်နေ့ကမူ ထူးဆန်းစွာပင် တရက်ထဲမှာ ၄ ရက်စာ အတွက် ပိုစ့်တွေ ရေးဖြစ်မိ၏။ ကိုယ့်ကိုတောင် အံသြ မိ၏။ တခုရေးနေရင်းက နောက်တခုအတွက်ပါ သူ့သူ လမ်းစက ရရသွားခြင်း ဖြစ်၏။

တချို့ဟာလေးတွေကိုက တခုထဲ တပိုစ့်ထဲမှာ ပေါင်းရေးဖို့ တွေးထားပေမယ့် ရေးရင်း ရေးရင်းက ရှည်သွားတော့ အကြောင်း အရာ တခုစီ အဖြစ် သက်သက်စီ ခွဲလိုက်၏။ ၈ ရက်နေ့ကဆို တရက်ထဲ ၄ ပိုစ့်ကိုမှ နေ့လည်ပိုင်းမှာ ၂ ပိုစ့်၊ ညဦးပိုင်းမှာ ၂ ပိုစ့် အစရှိသဖြင့် တဆက်ထဲ ရေး ဖြစ်သွားခြင်း ဖြစ်၏။ အံသြမိသလို ဝမ်းလည်းသာ အားလည်း ဖြစ်ရပါ၏။ ထိုသို့ မရေးနိုင် မရေးဖြစ်တာ ကြာခဲ့ပြီ ကိုး။

ခုလို ဖြစ်ပေါ်လာမှုကလေးကိုပဲ ဆက်လက် မွေးမြူ ပြန်လည် ပျိုးထောင်ရပေမည်။ ကြိုပြီး ရေးထားနိုင် ရေးဖြစ်တာက ကောင်း၏။ နေ့စဥ် ကိုယ်တင်နေကြ အချိန်လေးမှာ အရံသင့် ကောက်ပြီး တင်လိုက်ရုံပဲ။ တင်ခါနီးလေးမှ ရေးလျှင် အချိန် မမှီမှာ၊ လွန်သွားမှာ စိုးရတာနဲ့ ပြီး အချိန်ကပ်နေတော့ စိတ်လော စိတ်ပူ နေတော့ ကောင်းကောင်း မရေးနိုင်၊ မရေး ဖြစ်တော့ပေ။ ကြိုရေးထားတော့ ခေါင်းလည်းအေး၊ ဝန်လည်း ပေါ့၏။

ပြီး ကျနော့် laptop ကို အမအား ပေးလိုက်ပြီးကတည်းက စာကို phone နဲ့သာ ရိုက်ဖြစ်တော့၏။ အစပိုင်းကတော့ အဆင်မပြေပေ။ လက်နှစ်ဖက်က လက်ချောင်း ဆယ်ချောင်းလုံး သုံးပြီး ရိုက်ရသည့် feeling က phone screen ကို လက်ညှိုးလေး တချောင်းထဲနဲ့ သုံးပြီး feeling က အပုံကြီးသာ၏။ phone စာရိုက်ရတာ အဆင်မပြေသည့်အပြင် အာသီသပါ မပြေပေ။ ရုပ်အားဖြင့်ကော စိတ်အားဖြင့်ပါ ကျေနပ်မှု မရပေ။

ဒါပေမယ့် phone နဲ့ ရိုက်ဖြစ်တာ ကြာလာတော့ အားသာချက်လေးတွေ ရှာတွေ့၊ မြင်မိလာတော့၏။ ယခင် laptop မှာတုန်းက ရိုက်ပြီး လျှင် ကြိုးတပ်ပြီး phone ထဲ ပြန် copy လုပ်နေရသေး၏။ ထိုစဉ်က စာရိုက်ရင် microsoft office သုံးသည်ကိုး။ color note, keep note တို့ကို မသုံး ဖြစ်သေးပေ။ (ထို နှစ်ခုက phone မှာကော pc, laptop မှာပါ ရ၏။ ဘယ်မှာ ပဲ ရေးရေး synchronize လုပ် လိုက်ပါက sign in ဝင်ထားသည့် အခြား devices တွေမှာပါ auto ရသွား၏။) laptop မှာရိုက် phone ထဲကူးပြီးမှ ပြန်တင်ဆိုတော့ တဆင့်ခံ နေရ၏။

ခုက phone နဲ့ရိုက်ပြီးသား phone နဲ့တင်ဆိုတော့ ကူးရသည့် တဆင့် မလိုတော့ပေ။ ပြီး phone နဲ့ ရိုက်တာဆိုတော့ စိတ်ပါလာသည့်အခါ phone ကောက်ကိုင်ပြီး ရိုက်လိုက်ရုံပင်။ laptop နဲ့ဆို ထဖွင့်နေရပေဦးမယ်။ တခုပဲ phone ကတော့ screen သေးသည်ပေါ့။ ဒါပေမယ့် နောက်ပိုင်းမှာတော့ phone နဲ့သာ ရိုက်ဖြစ်တော့၏။ အဆင်လည်း ပြေနေခဲ့ပြီကိုး။ ပိုစ့်တွေ ကြိုတင်ရေးထားနိုင်ဖို့ တမင်ကြီး မကြိုးစားပေမယ့် အထ​မြောက်သွားခဲ့ပြီ။ ရှည်ကြာအောင်သာ ဆက်လက်ပြီး လုပ်ဆောင် ရပေတော့မည်။



0
0
0.000
11 comments
avatar

စာတော်တော်ရှည်လာသလို ရုပ်လည်းတော်တော်ဆိုးလာပီဘဲ 😅

0
0
0.000
avatar

ရုပ်ဆိုးပေမယ့် အသားအရည်လှပါတယ်

0
0
0.000
avatar

စာတွေ ကြိုရေးရုံတင်မကတော့ဘူး ဓာတ်ပုံတွေပါ ကြိုတင်နေပြီပဲ !MEME !LOLZ !PGM

0
0
0.000
avatar

ရုပ်မတူသလိုပဲ ကိုဒွန်😂

0
0
0.000
avatar

မတူဆို ‌အရည်စစ်သွားတာကိုး

0
0
0.000