အာကြီးက မယုကို ချစ်တယ်

avatar

fb_img_1638790212152.jpg

တနင်္ဂနွေနေ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေက ရင်ခုန် စိတ်လှုပ်ရှား စရာတွေ အတော်လေး ဖြစ်ခဲ့၏။ အမှတ်ပေးဇယား ထိပ်က မန်စီးတီး အသင်း အဝေးကွင်းမှာ ဝက်စ်ဟမ်းနဲ့ သရေကျသွားခဲ့၏။ အိမ်ရှင် ဝက်စ်ဟမ်းက ဦးဆောင်ဂိုး ၂ ဂိုး အရင် သွင်းခဲ့ခြင်း ဖြစ်၏။ မန်စီးတီးက နောက်ကနေ ချေပဂိုးတွေ ပြန်လိုက် သွင်းယူရခြင်း ဖြစ်၏။ ချေပဂိုးတွေ ကနေ အနိုင်ဂိုးတောင် ရနိုင်သည့် အခြေအနေ ရှိခဲ့၏။ ဒါပေမယ့် အခွင့်အရေးကို ကောင်းကောင်း အသုံး မချနိုင်ခဲ့ပေ။ ၈၆ မိနစ်မှာ ရသည့် ပင်နယ်တီ ကို မာရက် တယောက် ဂိုး အဖြစ် မပြောင်းယူနိုင်ခဲ့သဖြင့် မန်စီးတီးတို့ သရေ ရလဒ် နှင့်သာ ကျေနပ်ခဲ့ရ၏။

ရှုံးပြီ ထင်ထားခဲ့ရာကနေ သရေ ရလဒ်ကို ပြန်လည် ရယူနိုင်ခဲ့လို့ ခံသာသေးသည် ပြောလို့ ရ၏။ လီဗာပူး ကို အမှတ်ဖြတ်ထားနိုင်ဖို့ လိုနေခဲ့သည် ဆိုကာမှ သရေက ကျသွားခဲ့ရ၏။ ပရီးမီးယားလိဂ်ကတော့ နောက်ဆုံး ပွဲစဥ် အထိ ဆွဲဆောင် ခေါ်ယူနေပြီ ဖြစ်၏။

မန်စီးတီးပြီးရင် ပြောရမည့် အသင်းက အာဆင်နယ်။ ချန်ပီယံလိဂ် ဝင်ခွင့် သေချာနေသည့် အခွင့် အရေးကို နှစ်ပွဲဆက်တိုက် အရှုံးပေးပြီးနောက် လက်လွှတ်ပေးလိုက်၏။ အဆင့် ၅ နေရာက စပါးက သူ့ကို ကျော်တက်သွားခဲ့ ပြီ ဖြစ်၏။

img_0.3015459331513023.jpg

သောကြာနေ့က စပါးကို အဝေးကွင်းမှာ 3-0 နှင့် ရှုံးခဲ့ပြီး ဒီနေ့ မနက် အဝေးကွင်းမှာပဲ နယူးကာဆယ်ကို 2-0 ဖြင့် ထပ်မံ ရှုံးနိမ့် ခဲ့ပြန်တော့၏။ ထို့ကြောင့်ပင် အဆင့် ၄ ကနေ အဆင့် ၅ နေရာသို့ ဆင်းပေးလိုက်ရ၏။ ပွဲစဥ် ၃၇ အပြီးမှာ စပါးက ၆၈ မှတ်၊ အာဆင်နယ်က ၆၆ မှတ်ဖြင့် အသီးသီး ရပ်တည်နေ၏။ နောက်ဆုံးပွဲစဥ်မှာ စပါး ရှုံးပြီး အာဆင်နယ်က နိုင်မှသာ အာဆင်နယ်တို့ ချန်ပီယံလိဂ်ဝင်ခွင့် နေရာ ပြန်လည် ရရှိနိုင်မည် ဖြစ်၏။ သိပ်တော့ မလွယ်လှပေ။

မန်ယူကို မခွဲနိုင်လို့ မန်ယူ အသင်း နှင့်အတူ ယူရိုပါလိဂ် ကိုများ ဆင်းကန်ချင်လို့ တမင်များ အရှုံး ကန်နေခဲ့လေ သလော။ ဒါကိုတော့ အာတီတာနဲ့ အာဆင်နယ် အသင်းသားတွေ သာ သိပေလိမ့်မည်။ နောက်ဆုံး ပွဲစဥ် (ပွဲစဥ် ၃၈) ကတော့ စိတ်ဝင်စား စရာ၊ ရင်ခုန် စရာတွေ ပြည့်လို့ နေပြီ ဖြစ်၏။



0
0
0.000
3 comments