Paper Wall Decor Idea

avatar

ဒီတစ်ခုကနံရံအလှဆင်တစ်ခုဖြစ်ပြီး၊ပန်းပွင့်များဖြင့်ပြုလုပ်ထားပါတယ်။ပြုလုပ်နည်းအဆင့်ဆင့်ကိုပုံများဖြင့်ဖော်ပြထားသလို၊စာရေး၍လည်းပြောပြထားပါတယ်။ပထမဆုံးပန်းပွင့်များပြုလုပ်ရမှာပါ။ပန်းပွင့်အတွက်စက္ကူကိုစက်ဝိုင်းပုံစံဖြတ်၍ပုံအတိုင်းညှပ်ပြီးကော်ကပ်ပါတယ်။ပန်းတစ်ပွင့်မှာဆိုရင်စက္ကူခေါက်လေးခုလိုအပ်ပါတယ်။အခြားစက္ကူပေါ်ထိုစက္ကူခေါက်လေးခုကိုပုံအတိုင်းကော်ကပ်ပါတယ်။ပြီးနောက်အဝါရောင်စက္ကူအပိုင်းတစ်ခုဖြတ်၍အနားတွေမှာအပိုင်းငယ်များဖြတ်ပြီး၊ပန်းပွင့်ပုံစံဖြစ်အောင်ခေါက်၍ကော်ကပ်ပါတယ်။ပြီးနောက်ခုနကပြုလုပ်ပြီးတဲ့ပန်းပွင့်ပုံနဲ့ဆက်၍ကော်ကပ်ပါတယ်။ပန်းပွင့်များပြုလုပ်ပြီးနောက်ကတ်ထူကိုစက်ဝိုင်းခြမ်းပုံဖြတ်၍ပန်းပွင့်များကိုညီညာစွာကော်ကပ်ရမှာပါ။လိမ္မော်ရောင်ကတ်ထူအပိုင်းနှစ်ခုကိုညှပ်၍ပုံအတိုင်းဆက်လိုက်ပြီး၊အစိမ်းရောင်စက္ကူကိုလည်းအပိုင်းနှစ်ခုဖြတ်၍အနားတစ်ဘက်မှာကော်ကပ်ရန်နေရာချန်၍ကျန်အနားတစ်ဘက်မှာအပိုင်းငယ်များဖြတ်ကာ၊ပန်းပွင့်ပုံစံခေါက်ပါတယ်။ထိုပန်းနှစ်ပွင့်ဖြင့်လည်းအလှဆင်ပါတယ်။

img_0.4197752885574805.jpg

img_0.5523077040177393.jpg

img_0.454267785793561.jpg

img_0.08033397350182078.jpg

img_0.06803084487901544.jpg

img_0.11892164936306221.jpg

img_0.7260086287294074.jpg

img_0.3376546952833183.jpg
Written by @asterkame
By my photos & made by me



0
0
0.000
14 comments
avatar

တော်တော်လက်ဝင်မယ်နော်

0
0
0.000
avatar

ဟုတ်တယ်...လက်ဝင်တယ်...

0
0
0.000
avatar

Beautiful
!PIZZA

0
0
0.000
avatar

ဟုတ်ကဲ့ ကျေးဇူးပါ

0
0
0.000