Beautiful Paper Plant Pot, How to Make it

avatar

ဒီနေ့ တကယ့်ကိုလှတဲ့ paper plant pot တစ်ခုပြုလုပ်ထားပါတယ်။ paper pot ကိုစက္ကူပေါ်တိုင်းတာ၍ မျဥ်းများဆွဲပြီး၊ ထိုမျဥ်းများကိုခေါက်ခြင်းဖြင့်ပြုလုပ်ထားတာပါ။ paper plant အတွက်သစ်ရွက်များဖြတ်၍ စက္ကူအလိပ်များဖြင့်ဆက်ရမှာပါ။ ဒီတစ်ခုကို ဘယ်လိုပြုလုပ်ရမလဲဆိုတာ ပုံများဖြင့်အဆင့်ဆင့်ဖော်ပြထားသလို စာလည်းရေးထားပါတယ်။ လိုအပ်တာတွေက ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံစသဖြင့်ပါ။

ပထမအဆင့်မှာ paper pot အတွက်အနီရောင်စက္ကူကို 12cm, 28cm ဖြင့်ဖြတ်၍ 2cm စီအမှတ်များမှတ်ပါတယ်။ နောက်တစ်ဆင့်မှာ မျဥ်းများဆွဲ၍ သူတို့ကို ခေါက်ပါတယ်။ အနားနှစ်ဘက်ကို အတူတကွကော်ကပ်ရမှာပါ။ အခြားအနီရောင်စက္ကူကို 12cm, 28cm ဖြင့်ဖြတ်၍ အနားတစ်ဘက်မှာ မျဥ်းတစ်ကြောင်းဆွဲ၍အပိုင်းငယ်များဖြတ်ပါတယ်။ ထိုစက္ကူကိုစက်ဝိုင်းပုံစံခေါက်၍အနားတစ်ဘက်မှာ အခြားစက္ကူအပိုင်းတစ်ခုဖြင့်ပိတ်ရမှာပါ။

paper plant အတွက်အရွယ်တူသစ်ရွက်ပုံစံများဖြတ်၍ အနားပတ်လည်ကို အပိုင်းငယ်များထပ်မံဖြတ်ပါတယ်။ စက္ကူအလိပ်လေးခုခေါက်၍ ထိုတစ်ခုစီမှာ သစ်ရွက်သုံးရွက်စီကို ပုံအတိုင်းကော်ကပ်ပါတယ်။

ထို plant pot ကတကယ့်ကိုနှစ်သက်စရာကောင်းပြီးလှတာကြောင့် အရမ်းကြိုက်ပါတယ်။ ပုံလှလှလေးတွေလည်းရိုက်ထားပါတယ်။


February 28, 2024
Written by @asterkame
By my photos & made by me



0
0
0.000
5 comments
avatar

It's lovely, as well as the plant and leaves.
!LUV

0
0
0.000
avatar

I see. Very glad to hear that. Thank you.
!LUV

0
0
0.000
avatar

@asterkame, the HiQ Smart Bot has recognized your request (2/2) and will start the voting trail.

In addition, @asterkame gets !LOL from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

0
0
0.000