ထိန်းသိမ်းသင့်ပေ

avatar

အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ...

ဒီနေ့တော့ ဗဟုသုတရစေရန်အတွက်လည်းကောင်း၊ ကိုယ်ပိုင်ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်ကြစေရန်အတွက်လည်းကောင်း မရေးဖြစ်၊ မမျှဝေဖြစ်ခဲ့တာကြာပြီဖြစ်သော စာများအား ရေးသားမျှဝေလိုစိတ်ဖြစ်ပေါ်ခဲ့သောကြောင့် နိုင်ငံတစ်နိုင်ငံ တိုင်းပြည်တစ်ပြည်၏ နှလုံးသည်းပွတ်ဖြစ်သော မြန်မာ့ယဉ်ကျေးမှု အကြောင်းကို သိဖူး မှတ်ဖူးသမျှ ကြီးကြီးကျယ်ကျယ် ပြန်လည်မျှဝေ ရေးသားလိုက်ပါသည်။


tradition_.png


တိုင်းပြည် နိုင်ငံတစ်နိုင်ငံရဲ့ နှလုံးသည်းပွတ်ဖြစ်သောအရာသည် ကိုယ်ပိုင်ယဉ်ကျေးမှုလို့ဆိုကြပါသည်။ သစ်ပင်တစ်ပင်ရဲ့ ရေသောက်မြစ်လို့လည်း တင်စားခေါ်ဝေါ်ကြပါသည်။ ဆိုလိုကြသည့်အဓိပ္ပါယ်သည်ကား ကိုယ်ပိုင်ယဉ်ကျေးမှုသည် အလွန့် အလွန်အရေးကြီးကြောင်းပင်ဖြစ်ပါသည်။

မြေပေါ် မြေအောက် သယံဇာတ မည်မျှပင် ပေါကြွယ်ဝစေကာမူ ရေသောက်မြစ်နှင့်တူသော နှလုံးသည်းပွတ်နှင့်တူသော ကိုယ်ပိုင်ယဉ်ကျေးမှု မရှိသော နိုင်ငံတစ်နိုင်ငံဖြစ်လျှင်မူ လူမျိုးပင် မျိုးတုံးပျောက်ကွယ်သွားနိုင်ကြောင်းခေတ်အဆက်ဆက် စာရေးဆရာကြီး စာရေးဆရာမကြီးများက သတိပေးရေးသားခဲ့ပေါင်းများလှပေပြီ။

သို့သော် ယနေ့ခေတ်ကာလအ‌ခြေအနေကို မြင်တွေ့ရသည်ကို ကြည့်လျှင် မိမိတို့၏ ယဉ်ကျေးမှုကို တန်ဖိုးမထား မလေးစားကြသော ခေတ်လူငယ်အများစုကို မြင်တွေ့နေရခြင်းအားဖြင့် နောက်နောင် မျိုးဆက်သစ်တို့လက်ထက်တွင် ကိုယ်ပိုင်ယဉ်ကျေးမှုများသည် ပျောက်ကွယ်သွားနိုင်သည့် အ‌ခြေအနေပင် ဖြစ်ပါသည်။


tradition_1.png


ယနေ့ခေတ်ကာလ လူငယ်အများစုသည် အခြားသောတိုင်းပြည်များ၏ ယဉ်ကျေးမှုများကို လိုက်လံအတုခိုးနေသည်ကို ကြည့်ခြင်းအားဖြင့်လည်းကောင်း၊ မိမိတို့၏ ရိုးရာယဉ်ကျေးမှုတို့အား အလေးမထားကြသည်ကို မြင်တွေ့ရသဖြင့်လည်းကောင်း ကိုယ်ပိုင်ယဉ်ကျေးမှုတို့သည် ပျောက်ကွယ်နိုင်ကြောင်းရင်လေးစွာ တွေးတောမိခြင်းပင်ဖြစ်ပါသည်။ မိမိတို့လက်တွင် ဝတ်ဆင်ထားသော တကယ့်ရွှေသားစစ်စစ်ဖြင့်ပြုလုပ်ထားသော ရွှေလက်ကောက်အား အရောင်ပြောင်လက်နေသော ကြေးလက်ကောက်ဖြင့် လဲလှယ်နေကြသည်။

နိုင်ငံအများစုက မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုတို့အား တလေးတစား အလေးထားကြပါသော်လည်း မြန်မာ့မျိုးဆက်သစ်များသည်ကား မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုကို အလေးထားဖို့နေနေသာသာ ယောင်လို့ပင် လှည့်မကြည့်ကြသည့် လူကများနေပေသည်။ ဝမ်းနည်းစရာကောင်းလေစွ။ ရင်နာစရာကောင်းလှပေစွ။

ထိုသို့ရေးသားသဖြင့် ခေတ်ကာလအ‌ခြေအနေကြောင့်ဟူသော ဆင်ခြေကို ပေးကြပေလိမ့်မည်။ ကျွန်တော်သည် ခေတ်နှင့်ကင်းကွာနေသော ခေတ်ကို မသိသောအ‌သက်အရွယ် မဟုတ်သေးပေ။ ခေတ်ကာလနှင့်အညီ ဝတ်စားဆင်ယင်ခြင်းသည် ဖြစ်‌သင့်သော်လည်း မိမိနိုင်ငံ၏ ယဉ်ကျေးမှုကို ထိုခေတ်ကာလကြီးက မလွှမ်းမိုးသင့်ဟုလည်း ယူဆပါသည်။ အခြားနိုင်ငံများ၏ ရုပ်ရှင် ဇာတ်လမ်းများကိုကြည့်လျှင် သူတို့၏ ယဉ်ကျေးမှုကို တလေးတစား တစွန်းတစ ဖော်ပြကြသည်ကို မြင်တွေ့နိုင်မည်ဖြစ်ပါသည်။

ကိုယ်ပိုင်ယဉ်ကျေးမှုကို ထိန်းသိမ်းကြရာတွင် မိန်းကလေးများက ပိုမိုဂရုတစိုက်ထိန်းသိမ်းသင့်ပါသည်။ တိမ်‌မြုပ်ပျောက်ကွယ်လုဆဲဖြစ်နေသော အသက်ငွေ့ငွေ့လောက်သာကျန်ရှိနေပြီဖြစ်သော မြန်မာ့ယဉ်ကျေးမှုတို့အား ပြန်လည်တမ်းတမိပါသောကြောင့် ဤစာများအား ရေးသားဖြစ်ခြင်းဖြစ်ပါသည်။ အချို့သော ယဉ်ကျေးမှုများ၊ ယဉ်ကျေးမှုအမွေအနှစ်တို့သည်လည်းကောင်း အချို့ အချို့သော တိုင်းပြည်နိုင်ငံများ၏ ခိုးယူသိမ်းပိုက်ခြင်းအန္တရာယ်လည်း မြင်တွေ့လာရသည်ဖြစ်ရာ မြန်မာ့ ယဉ်ကျေးမှုသမိုင်းသည်လည်းကောင်း၊ ယဉ်ကျေးမှုအမွေအနှစ်တို့သည် လည်းကောင်း အမှန်တကယ်ပင်ပျောက်ကွယ်နိုင်သည်ကို ရင်လေးစွာတွေးရင်းဖြင့် ရေးသားလိုက်ရပါသည်။

မြန်မာ့ယဉ်ကျေးမှုဟုဆိုရာတွင် မြန်မာလူမျိုးတို့၏ ကူညီဖော်ရွှေတတ်သောလူနေမှုဓလေ့စရိုက်၊ ဆင်ယင်ထုံးဖွဲ့မှုများ၊ ကိုယ်ပိုင်စာပေအနုပညာဂီတ၊ ဘာသာအယူဝါဒစသည့်စသည့် များပြားလှစွာ အကျုံးဝင်နေမည်မှာ အမှန်ပင်ဖြစ်ပါသည်။

အဆင့်အတန်းမြင့်မားလှပါသည်ဆိုသော မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များသည်ကား တဖြည်းဖြည်းဖြင့် ပရုပ်လုံးဘဝသို့ ရောက်ရှိနေပြီဖြစ်ရာ တတ်နိုင်သမျှ ဝိုင်းဝန်းထိန်းသိမ်းကာကွယ်စောင့်ရှောက်သင့်ပြီဖြစ်ပါကြောင်း မိတ်ဆွေအပေါင်းကို တိုက်တွန်းရေးသားလိုက်ရပါသည်။ နောင်အခွင့်အခါသင့်လျှင် ယနေ့ခေတ်ကာလသားသမီးများ၏ နေထိုင်မှုစရိုက် ကိုယ့်ယဉ်ကျေးမှုအပေါ်ထားတတ်ကြသောစိတ်ထားတို့ကို ရေးသားလိုပါသေးသည်။

အားလုံးကို လေးစားလျှက် -

@ansoe


ansoe_logo_leo.png



0
0
0.000
16 comments
avatar

မှန်ပါတယ်အကို မြန်မာ့ ယဥ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းသင့်ပါတယ်ဗျ !PIZZA

0
0
0.000
avatar

ထိန်းသိမ်းသင့်တာ ထိန်းသိမ်း ပြုပြင်သင့်တာပြုပြင်နိုင်မယ်ဆိုရင် အကောင်းဆုံးပေါ့ဗျာ

0
0
0.000
avatar

အောက်ဆုံးက Logo လုပ်ထားတာလေး သဘောကျတယ်ဗျ

0
0
0.000
avatar

ကျေးဇူးပါဗျာ လက်ကမြင်းရင်းရသွားတာ 😂

0
0
0.000
avatar

သူ့နေရာနဲ့သူ ထိန်းသိမ်း ဖော်ပြ အမွှန်းတင်ရမှာပါ
!PIZZA

0
0
0.000
avatar

လုပ်လိုက်ကြပါစို့

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
nyinyiwin tipped ansoe (x1)
golden.future tipped ansoe (x1)
htwegyi tipped ansoe (x1)
@kachinhenry(12/20) tipped @ansoe (x1)

Join us in Discord!

0
0
0.000
avatar

ယဉ်ကျေးမှုလေးတွေ ပျောက်ဆုံးနေတာ ၁၀ စုနှစ်ကျော်လာပါပီလေ။ !PIZZA

0
0
0.000
avatar

ပြန်လည်တူးဆွကြရမပေါ့ဗျာ

0
0
0.000
avatar

ဟုတိပါ့။ တကယိတော့ မြန်မာ့ယဉ်ကျေးမှုမှာ ချစ်စဖွယ် အမူအကျင့်လေးတွေရှိတယ်။ ပျောက်ကွယ်သွားမှာစိုးရိမ်မိတယ်။

0
0
0.000
avatar

ရန်သူကိုတောင် ရေတိုက် ထမင်းကျွေးနိုင်ခဲ့တဲ့ ရွှေမြန်မာတို့ရဲ့စိတ်ဓာ် ဘယ်ချောင်ရောက်နေမှန်းမသိ

0
0
0.000
avatar

ယဉ်ကျေးမှုအမွေများကို ထိန်းသိမ်းသင့်နေတာကြာပါပီဗျာ။ မြန်မာ့ယဉ်ကျေးမှုများကို ဝိုင်းဝန်းထိန်းသိမ်းကြစို့။

0
0
0.000
avatar

ဝိုင်းကြ ဝန်းကြ တူးဆွကြပါစို့

0
0
0.000
avatar

ခေတ်နဲ့အမှီလိုက်တယ်ဆိုပေမဲ့ ဓလေ့ကို့တော့ မပယ်စကောင်းပါဗျာ။

0
0
0.000
avatar
(Edited)

မှန်တယ်ဗျာ ခ‌ေခတ်မှီတာလဲ မှီပ။
ကိုယ့်ယဉ်ကျေးမှုလည်း ထိန်းသိမ်းကြပါ။
ကြီးသူကို ရိုသေ
ရွယ်တူကို လေးစား
ငယ်သူများကို သနားညှာတာပါ။
!PIZZA

0
0
0.000
avatar

ဦးစိုးစာကို ဖတ်ရင်း ဆံရစ်ဝိုင်း ရွာကိုတောင် သတိရမိသေး.... အဲသလို ရွာ တွေ အများကြီးရှိရင်တော့ ကောင်းပါလေ့... !PIZZA

0
0
0.000