My Entry For Love The Clouds Contest #188(ENG-MYA)_The Devil's Head

avatar

Hello @everyone, have a nice day.

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

A few days ago, I stopped working and looked at the clock. The clock indicated 4:00 p.m. Thinking of drinking tea, I went outside the shop. As it was a habit, I looked up at the sky without realizing it. When I saw a big cloud,

လွန်ခဲ့တဲ့ရက်ပိုင်းက အလုပ်လုပ်နေတာကို ခဏရပ်နားပြီး နာရီကြည့်လိုက်တယ်။ နာရီက ညနေ(၄)နာရီကို ညွှန်ပြနေတယ်။ လက်ဖက်ရည်သောက်မယ်လို့စိတ်ကူးပြီး ဆိုင်အပြင်ဖက်ကိုထွက်လိုက်တယ်။ အကျင့်ဖြစ်‌နေတော့ သတိမထားမိပဲ ကောင်းကင်ကို မော့ကြည့်လိုက်တယ်။ မိုးတိမ်မဲကြီးကို တွေ့လိုက်ရတော့ ဆိုင်နောက်ကို အပြေးအလွှားပြန်ဝင်ခဲ့တယ်။



I rushed back to the back of the shop. I rushed up to the roof of the shop and took pictures of all the clouds and colors I saw 😄

ဆိုင်ရဲ့အနောက် ခေါင်းမိုးပေါ်ကို အပြေးအလွှားတက်ပြီး မြင်ရသမျှတိမ်မျိုးစုံ အရောင်အသွေးမျိုးစုံကို ဓာတ်ပုံရိုက်ယူလိုက်ပါတယ် 😄





The colorful clouds are because the sun is hiding behind the clouds. The clouds are trying to hide the sun, and the sun is trying to break through the clouds. The clouds were guests, so they were able to cover the sun for a moment. In a short time, the clouds disappeared.

အရောင်စုံတိမ်ဖြစ်နေရတာက တိမ်တွေရဲ့နောက်မှာ နေကကွယ်နေလို့ဖြစ်ပါတယ်။ တိမ်ကြီးတွေက နေကို ကွယ်ဖျောက်ထားဖို့လုပ်နေကြသလို နေလုံးကြီးကလည်း တိမ်တွေကို ထိုးဖောက်ထွက်ဖို့ကြိုးစားနေပါတယ်။ တိမ်တွေဆိုတာက ဧည့်သည်တွေဖြစ်လို့ နေမင်းကြီးကို ခဏပဲ ဖုံးအုပ်ထားနိုင်ခဲ့ပါတယ်။ အချိန်တိုအတွင်းမှာပဲ တိမ်တွေ ကွယ်ပျောက်သွားကြပါတယ်။






After taking pictures of the clouds on the roof, I still couldn't rush down from the roof and go to the tea shop. On the other side of the road, I rushed into the temple area and took more photos. Taking pictures of the clouds, I started to go to the tea shop.

ခေါင်မိုးပေါ်တက် တိမ်တွေကိုဓာတ်ပုံရိုက်ယူပြီးတော့လည်း ခေါင်မိုးပေါ်ကအပြေးကလွှားဆင်းပြီး လက်ဖက်ရည်ဆိုင်ကို မသွားနိုင်သေးဘူး။ လမ်းရဲ့အခြားတစ်ဖက်က ဘုရားဝန်းထဲကို အပြေးအလွှားဝင်ပြီး ဓာတ်ပုံတွေထပ်ပြီး ရိုက်ယူလိုက်ပါတယ်။ တိမ်တွေကိုဓာတ်ပုံရိုက်ပြီးမှ လက်ဖက်ရည်ဆိုင်ကို သွားရပါတော့တယ်။



When I looked at the photos I took while sitting at a tea shop, I saw a large head-shaped cloud. Looking at the shape of this big cloud, we named it "the devil's head." It has been noted that if these large clouds form continuously, heavy rain and lightning may occur. But these clouds quickly disappeared before long.

လက်ဖက်ရည်ဆိုင်မှာထိုင်ရင်း ရိုက်ယူလာတဲ့ဓာတ်ပုံတွေကို ကြည့်မိတဲ့အခါ ဦးခေါင်းပုံသဏ္ဍာန်ဖြစ်ပေါ်နေတဲ့ တိမ်ထုကြီးကို တွေ့ရပါတယ်။ ဒီတိမ်ကြီးရဲ့ပုံသဏ္ဍာန်ကိုကြည့်ပြီး နတ်ဆိုးရဲ့ဦးခေါင်းလို့ ခေါင်းစဉ်တပ်လိုက်ခြင်းဖြစ်ပါတယ်။ ဒီလိုတိမ်ထုအကြီးကြီးတွေ အဆက်မပြတ်ဖြစ်ပေါ်နေရင် မိုးကြီးပြီး မိုးကြိုးပစ်တာတွေလည်းကြုံနိုင်တယ်လို့မှတ်သားဖူးတယ်။ ဒါပေမယ့် ဒီတိမ်တွေက အချိန်မကြာခင်မှာပဲ လျင်မြန်စွာ ပျောက်ကွယ်သွားလို့ တော်ပါသေးရဲ့ဗျာ။







With all due respect -

အားလုံးကို လေးစားလျှက် -


@ansoe



0
0
0.000
7 comments