🦆 ဘဲကလေးတွေ 🦆

avatar

🦆အုပ်က တစ်ရာ နှစ်ရာ မဗေဒါက တစ်ပင်ထဲ
ဗေဒါပျံ အံကိုခဲ ပန်း ပန်လျက်ပါပဲ ဆိုတဲ့
ဆရာဇော်ဂျီ ရေးခဲ့သော ကဗျာလေး သီချင်း လုပ်
ဆိုရင်း ဘဲလေးတွေ အစာရှာ ရေသောက်နေတာ
မြင်ရတော့ ဓာတ်ပုံ ရိုက်ယူခဲ့ပါတယ်။
ခု ကျွန်တော် နေထိုင်ရာ ပတ်ဝန်းကျင်မှာတော့
ဗေဒါပင် မတွေ့ရပါဘူး။ ရေအိုင် ချောင်းမြောင်း
ပေါတဲ့ ဒေသ မဟုတ်လို့ပဲလား မသိပါ။

img_0.9690900816024275.jpg

ဘဲအုပ်က သုံးလေးကောင် ဆိုပေမယ့် ရေအိုင်ငယ်
အစပ်နား အစာရှာ ရေသောက်နေကြတာ ဆိုတော့
ပုံလေးက သဘာဝကျလှတယ် ထင်ရပါတယ်။
ရေအိုင်ထဲမှာ 🦆ပုံရိပ်လေးများပါ ရိုက်ယူနိုင်ခဲ့တော့
သဘောကျမိပါတယ်။

Photographer သမား စစ်စစ် မဟုတ်၊ ဖုန်းလေးနဲ့
ပုံရိုက်ရတာ ဆိုတော့ ဒီလိုမျိုး ပုံလေးတွေ ရရင်ကို
ကျေနပ်မိပါရဲ့။
ဒါမှလည်း Hive မှာ နေ့စဉ် ပုံ နှင့်တကွ ပို့စ် လေး
တင်နိုင်မှာ မဟုတ်ပါလား။

ကဲ ဒီနေ့တော့ ဒီလောက်ပဲဗျာ။
ဟဲ ခါတိုင်းတော့ ဘယ်လောက်ကျနေတာပဲ။

လုံးစုံများစွာ သတ္တဝါ ချမ်းသာ ကိုယ်စိတ် မြဲကြပါစေ။

@walarhein



0
0
0.000
6 comments
avatar

ဘယ်ပြေးရမလဲ နားစွင့်နေကြပြီ

0
0
0.000
avatar

မပစ်ပါဘူး ရိုက်ပဲရိုက်တာပါ

0
0
0.000
avatar

အရမ်းမိုက်တယ်ဗျို့...

0
0
0.000