ဆယ်အိမ်ခေါင်းနှင့် ထောက်ပံ့ကြေး

avatar
(Edited)

image

ယခုတလော ဟော့ဖြစ်နေသည့် အုပ်ကြီးနှင့်
ထောက်ပံ့ကြေး အကြောင်းဖြစ်သည်။
နိုင်ငံတော်မှ ကိုဗစ်ရောဂါကြောင့်
စားဝတ်နေရေးခက်ခဲနေသည့် လက်လုပ်လက်စားများကို ထောက်ပံ့ပေးသည့် ငွေကြေး
ဖြစ်သည်။ ထိုငွေကြေး ရချင် ယူချင်သူက
များလှသည်။

အထူးသဖြင့် ကျွန်တော်တို့လူမျိုးက သူများ
ပေးစားကမ်စားကို လိုချင်သူ များလှသည်။
ယခုနိုင်ငံတော်မှ ပေးသည့်ထောက်ပံ့ကြေးကို
စားဝတ်နေရေးခက်ခဲသူ၊ စားဝတ်နေရေး
ကျပ်တည်းသူများကိုပေးခြင်းဖြစ်သော်လည်း
အချောင်ရ အချောင်စားရသည်ဟု သဘော
ထားသူက များလှသည်။

20201124_165843.jpg

စားနိုင်သူကလည်း အလွယ်ရပါကလိုချင်ကြသည်။
လောဘမသတ်နိုင်ကြပေ။ အဲ့မှာ နိုင်ငံတော်မှ ပေးသည့်ထောက်ပံ့ကြေးက ပြဿနာတက်ပါတော့သည်။
ထောက်ပံ့ကြေးပေးသည့် စည်းမျဉ်းစည်းကမ်းက
မည်သို့ရှိသည်မသိ။ ဆယ်အိမ်ခေါင်း၊ ရာအိမ်ခေါင်း
နှင့် သင့်သူ သိသူ၊ သူရို့ဆွေမျိုးများဖြစ်သူတို့သာ
ရရှိကြကြောင်း ပွက်လောရိုက်နေသည်။

အဆိုပါကိစ္စက လွယ်တော့ မလွယ်ပေ။
ကျွန်တော်တို့ပတ်ဝန်းကျင်မှာပင် ပြဿနာရှိ
သည်။ထောက်ပံ့ကြေးကို ဝန်ထမ်းများအား
မပေး၊ ကျုးနေထိုင်သူများသာပေးသည်။
ထိုအခါ ကျုးက ဝန်ထမ်းထက် ပိုမိုစားနိုင်
သောက်နိုင်သူများလည်းရှိသည်။ အဲ့မှာ
ပြဿနာဖြစ်သည်။ အုပ်ကြီးနဲ့ ဆယ်အိမ်ခေါင်း
ပေါင်းရိုက်စားသည်ဟု ပြောကာ ပေါက်ကွဲသူ
လည်းရှိသည်။

ကျုးနဲ့ ဆယ်အိမ်ခေါင်း ပေါင်းစားသည်။
ဟုတ်သည်ရှိ၊ မဟုတ်သည်ရှိ။
နိုင်ငံတော်၏ ထောက်ပံ့ကြေးက
ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့်
ရပ်ကွက်များတွင် အုတ်အော်သောင်နင်း
ရှိချေပေတော့သည်။

@htwegyi



0
0
0.000
4 comments
avatar

ကျွန်တော်တို့ ဆီမှာတော့ အုပ်ကြီးနဲ့ ပြသနာ တက်ကြတာရယ်။ လူတွေကလည်း မပြေလည်သူတွေများတော့.... အုပ်ကြီး အုပ်တာလည်း ပါမှာပေါ့....

0
0
0.000
avatar

အတော်ဇယားရှုပ် အုံးစားတာလား။
လူတစ်ဦးစီရဲ့ ကိုယ်ကျင့်တရားနဲ့ လောဘတွေပါလားတယ်။

0
0
0.000
avatar

ညံညံဝေ ပါပဲဗျာ

0
0
0.000
avatar

တစ်ပြည်လုံး အသံတွေ သောသောညံ စည်ကားချက်

0
0
0.000