မေတ္တာအရိပ်နှင့် မေတ္တာကွန်ရက်

avatar

image

ကိုဗစ်နှင့် မြန်မာဟု ပိုစ့်ကိုအမည်ပေးရမလား။
ယခုတလော ကျွန်တော်တို့မြန်မာနိုင်ငံမှာ
ကိုဗစ်ရောဂါပိုးတွေ့ရှိသူဦးရေက များပြားလာ၍ဖြစ်သည်။ တနေ့က စံချိန်တင်ကာ
ကိုဗစ်ပိုးတွေ့သူ 95ဦးတွေ့ရှိခဲ့သည်။
ဒီတော့ မြန်မာပြည်သူတို့ လှုပ်လှုပ်ရှားရှား
ဖြစ်လာခဲ့သည်။

ည (8)နာရီ မနက် (8)နာရီ MOH မှ
ကိုဗစ်သတင်းထုတ်ပြန်သည့်အခါ ကိုယ့်မြို့က
လူပါသလားလို့ ရင်ခုန်စွာကြည့်ရှုကြသည်။
ကိုယ့်မြို့က လူများပါမလာရင် အားကြီး
စိတ်သက်သာကြသည်။ ကိုဗစ်ပိုးတွေ့သူ
နည်းသည့်အခါ တော်သေးဟုပြောပြီး။
ပိုးတွေ့သူများပါက အံမလေးဟု တ ကာ
ရင်ဘတ်ဖိကြသည်။

ကျွန်တော်တို့ မြန်မာလူမျိုးက ကိုဗစ်နှင့်
ပတ်သက်လျှင်ကောက်ရိုးမီးပမာဖြစ်ပြီး
ဖွဲမီးလိုလောင်သော ကိုဗစ်ကြောင့်
ခက်တော့ ခက်ရပြီ။ ယခုလို ပိုတွေ့လူနာ
များလာသည့်အခါ မနေတတ် မထိုင်တတ်
ဖြစ်ကုန်ကြသည်။ စိုးရိမ်လာကြပြန်သည်။

img_0.18070880602703895.jpg

မနေတတ် မထိုင်တတ်နှင့် စိုးရိမ်သည်
ဆိုပါသော်လည်း ဈေးများတွင် လူတို့
စည်ကားဆဲ၊ စားသောက်ကုန်ရောင်းသူတို့မှ
လက်ဖြင့်ငွေကိုင်ပြီး ထိုလက်ဖြင့် မုန့်များကို
ကိုင်ရောင်းမြဲဖြစ်ကြသည်။ အလုံအရင်းနှင့်
ဖြစ်လာပါက မထိန်းနိုင် မသိမ်းနိုင်ဖြစ်မှာ
စိုးရိမ်ရသည်။

img_0.023348833919259546.jpg

ထို့ကြောင့် ကျွန်တော်တို့သည် မြတ်ဗုဒ္ဓ၏
မေတ္တာအရိပ်အောက်တွင်နေသော မြန်မာနိုင်ငံသား
များနှင့် မြတ်ဗုဒ္ဓ၏ မေတ္တာကွန်ရက်အောက်တွင်
ရှိသော ကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည်
ရောဂါဘေးဆိုးကြီးမှ လျှင်မြန်စွာလွတ်မြောက်
နိုင်ကြပါစေ။

@htwegyi



0
0
0.000
4 comments
avatar

သဗ္ဗေသတ္တာ ကမ္မသကာ ပေါ့ဗျာ

0
0
0.000
avatar

ဟုတ်ကဲ့ပါ ဆရာမင်းသိင်္ခရေ

0
0
0.000
avatar

သတ္တဝါတစ်ခု ကံတစ်ခု
ဖြစ်သမျှအကြောင်း အကောင်းပဲဗျ
မေတ္တာပို့ကြပါ

0
0
0.000
avatar

ဖြစ်သမျှအကြောင်း အကောင်းသာမှတ်ရမှာပ

0
0
0.000