ကိုဗစ်နှင့် ရောက်တတ်ရာရာ

avatar

image

ရုံးမှ နှစ်ပတ်နားနေသည်မှာ ပြည့်ပေတော့မည်။
စားလိုက်၊ အိပ်လိုက်၊ ဖုန်းပွတ်လိုက်နဲ့
နှစ်ပတ်ဆိုတာ ခဏလေးပါလား။ စာရေးဖို့လည်ပျင်း၊ စာဖတ်ဖို့လည်းပျင်း၊ ပိုစ့်တင်ဖို့လည်းပျင်း အင်း သူများ
စကားငှားပြောရရင်။ ပျင်းတယ်ဆိုတာ
အမည်သာ ဆိုးတာ၊ အင်မတန် ကောင်းဆိုပဲ။
ဖုန်းကြည့်ရတာ မျက်လုံးတွေလည်း
ပြာပေါ့။ ကိုဗစ်သတင်းနားထောင်လိုက်၊
ရွေးကောက်ပွဲအကြောင်း စပ်စုလိုက်နဲ့
ရုံးပိတ်ရက် မနားရပေါင်ဗျာ။

ဒီကြားထဲ ကိုယ်တော်ချော ထရန့်က ကိုဗစ်ပိုး
တွေ့ဆိုတော့ သတင်းများထူမလားလို့
ပြူးပြဲနားထောင်ရပြန်။ တရုပ်နဲ့ အိန္ဒိယ
တို့ကလည်း ချတော့မယ် တကဲကဲဆိုတော့ကာ
သူတို့ အခြေအနေကိုလည်း မျက်ခြေအပျက်
မခံနိုင်။အဲ့ဒါ ရုံးသာနားတာ လူက မနားရပါဘူးဆို။
ဒီကြားထဲ ကိုဗစ်အပူပေါ် ထပ်ဆင့်ပူတဲ့
ဟိုနှစ်နိုင်ငံကလည်း စစ်ထဖြစ်သတဲ့။
အတော်ဆိုးတဲ့နိုင်ငံတွေ။

အံမယ် သူများနိုင်ငံသာ ပြောနေ။ ကိုယ့်နိုင်ငံလည်း
ဘာထူး။ ရခိုင်မှာလည်းတပြုန်းပြန်း၊ ကျောက်မဲ
မှာလည်းတအုန်းအုန်း ပွဲဆူနေတာ။ ဒင်းတို့
စားခွက်လုတာ အရေးမကြီး မြေစာပင် ပြည်သူ
တွေမှာ မျက်ရည်နဲ့ မျက်လုံးတွေမှာ အပြည့်။
တော်ကြပါတော့ တန်ကြပါတော့၊ ရပ်ကြပါတော့။
မြို ဆို့လို့ ဝ ကြပါတော့။ လူမမယ်၊
အဖိုအဖွားတို့ကို
တိုးပြီး ဒုက္ခမပေးကြပါနဲ့တော့။

20201014_161946.jpg

လူတွေရဲ့ လောဘအပူ ဒေါသအပူတွေက
မီးသာဆို ဟုန်းဟုန်းထနေပြီ။ မီး ဆိုလို့
မနေ့ညက 35လမ်း 86/87ကြားမှာ မီးလောင်
သတဲ့။ မီးလောင်တာက ဆံပင်ညှပ်ဆိုင်၊
အလှပြင်ဆိုင်ဆိုလား။ မီးက သိပ်မကြီးပါဘူး။
ဆိုင်မှာရှိတဲ့ ဆံပင်ညှပ်၊ အလှပြင်ရာမှာသုံးတဲ့
ဆေးဗူးများကြောင့် လူသေသည်ဟု ထင်ပါသည်။
အဆိုပါဆေးဗူးများကို မီးလောင်ရာမှ ထွက်လာသည့်
မီးခိုး အနံ့များကြောင့် အသက်ရှုကြပ်ပြီး
သေကြခြင်းဖြစ်ပေမည်။ အဆိုပါ တိုက်ခန်းများက ထွက်ပေါက်တစ်ခုသာရှိသည်ဟု ကြားသိရသည်။ကလေး လူကြီးစုစုပေါင်း 5ဦးသေဆုံးသည်။
အော် စိတ်မချမ်းသာစရာပါ။

ခေတ်ကာလက အဆိုးကြီးလို့ ပြောရပေမည်။
လောဘ၊ ဒေါသ နည်းနိုင်သမျှ နည်းအောင်
ကြိုးစားရင်း မေတ္တာတရာများ များစွာ
ပွားများနိုင်ကြပါစေ။

@htwegyi



0
0
0.000
8 comments
avatar

ကိုဗစ်ကြောင့် မသေ
မီးက မွှေသွားတယ်ပေါ့

0
0
0.000
avatar

ဟုတ်ပါ့ဗျာ ဒုက္ခတွေများချက်

0
0
0.000
avatar

လူတွေရဲ့ လောဘ ဒေါသ မောဟ တွေကြောင့် ကပ်ဆိုက်နေတာပါပဲ
ဘုရား တရား သာ အာရုံပြု သတ္တဝါတွေ အပေါ် မေတ္တာပွားဗျာ

0
0
0.000
avatar

မေတ္တာတရားသာ အားထားရာပါလေ

0
0
0.000
avatar

အော်ကြားရတဲ့သတင်းတွေကလည်း စိတ်မချမ်းသာစရာပါလားဗျာ။

0
0
0.000
avatar

ဟုတ်တယ် အရွယ်ကောင်း မိန်းခလေးတွေဆုံးသွားကြတာ။

0
0
0.000
avatar

Congratulations @htwegyi! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s) :

You made more than 7000 comments. Your next target is to reach 7500 comments.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

0
0
0.000