Home Stay (Chapter 276)

avatar

FB_IMG_1599214068459.jpg

ဒီနေ့တော့ trend အကြောင်းကို စဥ်းစားနေမိ၏။ သိကြသည့် အတိုင်း ခု ကာလမှာ အားလုံး နီးပါး ခက်ခဲကြသည် မဟုတ်လား။ စီးပွားရေးပိုင်းမှာ အားလုံး အခက်တွေ့ကြရ၏။ အားလုံး နီးပါး ဆိုပေမယ့် အချို့ကတော့ အဆိုးကနေ အကောင်းကို ရှာတွေ့ပြီး လမ်းသစ်တွေတောင် ထွင်၊ ဖောက်နိုင်ကြ၏။ ဘာတဲ့ ငယ်စဥ်က သမိုင်း ဘာသာရပ်မှာ ပါတဲ့ စာသားလေးလိုပေါ့ဗျာ။ English အခက် ဗမာ အချက် ဆိုသလိုပေါ့။ ဒါ တခါတလေ အခက်အခဲတွေကလည်း အချက်တွေ အတက်တွေ အဖြစ် ပြောင်းသွားနိုင်သည် မဟုတ်လား။

အခက်တွေကို အချက် အဖြစ်ပြောင်းသွား နိုင်သူတွေထဲမှာ ကျနော်တော့ မပါနေပေ။ trend အပြောင်းမှာ ကျနော် ကျန်ခဲ့၏။ ခုလည်း နောက်မကျသေးပါ။ ဒါပေမယ့် ကျနော် ကိုယ်တိုင်ကိုက ရောင်ဝါးဝါးရယ်။ ဒီကာလမှာ ကျနော်တို့လို ပြင်ပ ကျူရှင်ဆရာ၊ ဆရာမတွေ အတော်လေး အထိနာ၏။ ကျူရှင် ဝင်ငွေ တခုထဲနှင့် ရပ်တည်သည့် ပြင်ပ ဆရာ၊ ဆရာမ တွေ အဖို့ covid ကာလ ရှည်ကြာလာမှု နှင့်အတူ ငွေဝင်လမ်းကလည်း ရပ်တန့်လို့ သွားရ၏။

IMG_20210112_155327.jpg

ဒီနေရာမှာ အချို့ ဆရာ၊ ဆရာမတွေက ဖောက်ထွက်ကြ၏။ trend ပြောင်းကြ၏။ online teaching learning ဖက်ကို ဦးတည်ကြ၏။ အစပိုင်းမှာ အဆင်မပြေမှုလေးတွေ ရှိပေမယ့် နောက်ပိုင်းမှာတော့ တော်တော်လေး အဆင်ပြေကြ၏။ နိုင်ငံတကာမှာက online teaching ခေတ်စား ထွန်းကားနေသည်မှာ ကြာခဲ့ပြီ။ ကျနော်တို့ဆီမှာကတော့ နောက်တောင်ကျနေပြီ။ သို့ပေမယ့် ယခု covid က ထို Space ကို ချုံ့ပေးလိုက်၊ ဆွဲစိ ပေးလိုက်၏။ covid. ၏ သွယ်ဝိုက်သော တွန်းအား သက်ရောက်မှုကြောင့် teaching method တွေ ချိန်းကြ ပြောင်းကြရ၏။

ဆိုခဲ့သလိုပဲ ကနဦး trend ပြောင်းခါစမှာတော့ အဆင်မပြေ အဖုအထစ်လေးတွေ ရှိ၏။ သို့ပေမယ့် နောက်ပိုင်းမှတော့ တဖြည်းဖြည်း အဆင်ပြေသွားခဲ့၏။ ကျနော် ဆီမှာက နည်းပညာတွေနှင့် သိပ်မရင်းနှီးကြပေ။ ထိုအချက်က အဓိက ပြဿနာ ပင် ဖြစ်၏။ စိမ်းနေလို့ ရင်းနှီး အောင် လုပ်မလားဆိုတော့လည်း မလုပ်ကြပေ။ သို့နှင့် ပိုပိုလို့ ဝေးကွာ သွားရတော့၏။ ဒါကြောင့်ပဲ နောက်ကျသည်ထက် ပိုလို့ နောက်ကျသွားရတော့၏။ ကိုယ်က အပြောင်းအလဲကို လုပ်မလား။ ဒါမှမဟုတ် အပြောင်းအလဲနောက်ကို ကိုယ် လိုက်မလား၊ တခုခုတော့ ရွေးကို ရွေးရတော့မည်။ ခေတ်ကား ပုံသေကားချပ် သတ်မှတ်ထားလို့မရပေ။

ဆက်ရန်

Don Jaun



0
0
0.000
1 comments
avatar

လုပ်တော့...လုပ်ရမှာပါ

0
0
0.000