Home Stay (Chapter 252)

avatar

FB_IMG_1599214068459.jpg

မနေ့က ပျင်းပျင်း ရှိတာနဲ့ voice typing ကို စမ်းကြည့်မိ၏။ messenger တို့ message တို့မှတော့ ကောင်းကောင်း အလုပ် ဖြစ်၏။ ဒါပေမယ့် note ထဲမှယ စာအရှည်ကြီး ရိုက်ဖို့က အဆင်မပြေတော့ပေ။ ထိုအခါမျိုးကြ လက်နှင့်ပဲ ရိုက်ရတော့၏။ ကျနော်က google keyboard (Gboard) မသုံးပေ။ unicode သမားတွေ အတွက် Gboard ကအတော်လေးကို အဆင်ပြေပါ၏။ အများနဲ့ အဆင်ပြေပေမယ့် ကျနော်နှင့် မပြေနေပေ။ keyboard view မှာ စာလုံး အကွက်အကွက်တွေ ဖြစ်နေတာကော ပြီး unicode ကို ကောင်းကောင်း မရိုက်တတ်သေးသည့် ကျနော့် အဖို့တော့ အဆင်မပြေပေ။

ကျနော်က Gboard အစား Bagan keyboard သုံး၏။ unicode မပြောင်း မတွင်ကျယ်ခင် zawgyi ခေတ်မှာ ကတည်းက bagan keyboard ကို သုံးခဲ့ခြင်း ဖြစ်။ ကြိုက်လွန်းလို့ကို ထိုစဥ်က 1500 ကျပ်သွင်းပြီး premium member (version) ဝယ်ထား၏။ premium နှင့် trail က သိပ်တော့ မကွာပေ။ မကွာဆိုသည်မှာ စာရိုက်သည့်နေရာမှာသာ မကွာခြင်း ဖြစ်၏။ ကျန်နေရာတွေမှာတော့ trail က limit ရှိ၏။ ဥပမာ အချို့ theme တွေကို premium version မှာပဲ သုံးလို့ ရသလိုပေါ့။

Screenshot_2020-12-24-17-29-33-069_com.bit.androsmart.kbinapp.jpg

လူတော်တော်များများက unicode ပြောင်းကြပေမယ့် ကျနော်က တော်တော်နှင့် မပြောင်း ဖြစ်ပေ။ နောက်ပြီး ထိုစဥ်က Bagan keyboard သည် zawgyi သာ support ပေးပြီး unicode မရသေးပေ။ အချိန် အနည်းငယ် ကြာမှသာ unicode ကို support ပေး၏။ ဒါတောင် အစောပိုင်းသူ့ unicode keyboard view က Gboard တွေလို အစက်အစက် အကွက်အကွက်တွေနှင့် ကြည့်ရဆိုး၏။ နောက်ပိုင်းမှ option ထဲမှာ bagan view style လေး ထည့်ပေးလာမှ အဆင်ပြေသွားခဲ့၏။ ယခင် zawgyi လက်ကွက်နှင့် အသားကျနေသူတွေအဖို့ အတော်လေး အဆင်ပြေသွား၏။ Bagan keyboard ၏ နောက်အားသာချက် တခုက အဆိုပါ Bagan view style ကြောင့် ယခင် zawgyi လက်ကွက် အတိုင်း ယခု unicode စနစ်မှာ စာရိုက်နိုင်၏။ ဥပမာ နေ ကို ရိုက်မည်ဆိုပါက unicode (Gboard, ...) မှာ န ကို အရင်ရိုက်ပြီးမှ သဝေထိုး (​ေ) ကို ရိုက်ရ၏။ ယခု Bagan မှကြ Bagan view style ကြောင့် ယခင် zawgyi အတိုင်း (​ေ) ကို ရိုက်ပြီး န ကို ရိုက်လို့ရ၏။

အခြားသူများအတွက်တော့ မသိပေမယ့် ကျနော့် အတွက် ထို အချက်က အတော်လေး သဘောကျဖို့ ကောင်းသလို အဆင်လည်း ပြေ၏။ ပြောရလျှင် Bagan keyboard ကို သုံးလာခဲ့တာ အတော်လေး ကြာလာခဲ့ပြီ ဖြစ်၏။ ယခင်တုန်းက ဝယ်ယူထားသည့် code လေးကို မှတ်ထားပြီ phone တွေ တလုံးပြီး တလုံး ပြောင်းသွားလဲ ထို code လေးကို ပြန်ပြန်ဖြည့်ပြီး premium version လေး သုံးလို့ ရနေခဲ့၏။ ခုခါမှာတော့ facebook နှင့် ချိတ်ဆက်ထားသဖြင့် login with facebook ရွေးလိုက်ရုံနှင့် premium version ကို အသုံးပြုနိုင်ပြီ ဖြစ်၏။ Gboard မှာ Google voice typing ရှိသလို၊ Bagan မှာလည်း Bagan voice typing ရှိ၏။

အစောပိုင်းတုန်းက Bagan voice typing က အဆင်မပြေပေမယ့် ခုနောက်ပိုင်းမှာတော့ တော်တော်လေး တိုးတက် ကောင်းမွန်လာပြီ ဖြစ်၏။ ပြောရလျှင် ယခုတလော phone နှင့် စာရိုက်ခြင်းကို အဆင်ပြေပြေ မြန်မြန့ဆန်ဆန် ပြီးမြောက်စေတာကလည်း အနှီ Bagan keyboard ၏ ကျေးဇူးတွေ ပါနေချေတော့၏။

Don Jaun



0
0
0.000
0 comments