Home Stay (218)

avatar

FB_IMG_1599214068459.jpg

Mining site တခုနှင့် ppt (ကြော်ငြာကြည့်ပြီး ကလစ်နှိပ်) site တခုမှာ ခံလိုက်ရသေး၏။ ပမာဏ အများကြီး မဟုတ် သောင်းဂဏန်းလောက်လေးသာ ဖြစ်၏။ တခါသေဖူး ပျဉ်ဖိုး နားလည်သွားခဲ့ပြီ ဖြစ်၏။ ဝါသနာကလည်း တားလို့ မရပေ။ အမှန်မှာတော့ ဝါသနာထက် မခံချင်စိတ် ဖြစ်၏။ ခံခဲ့ရသလောက် ပြန်ပြီး ရယူလိုခြင်း ဖြစ်၏။ ဘာလို့ မဖြစ်နိုင်ရမှာလဲ ဖြစ်အောင် လုပ်မည် ဆိုပြီး ဆက်နင်းလျှောက်၏။ ကြားထဲမှာ ဟိုဟာ ကောင်းနိုး၊ ဒီဟာ ကောင်းနိုးနှင့် လျှောက်လုပ်သေးသဖြင့် အချိန်တွေတော့ အတော်လေး ကုန်ခဲ့၏။

ထိုသို့ ဝေလေလေ ယောင်ဝါးဝါး လုပ်နေရင်းက steemit ကို သိရှိခွင့် ရခဲ့ခြင်း ဖြစ်၏။ Online ငွေရှာနည်း group ထဲမှာ တယောက် ထင်ထားပေးသည့် ပိုစ့်ကို ဖတ်မိရာက steemit ကို စတင် သိရှိခွင့် ရခဲ့ ခြင်း ဖြစ်၏။ စာရေးပြီး ပိုစ့်တင်ရုံပဲ ဆိုသည့်အချက်က ကျနော့်ကို အဓိက စိတ်ဝင်စား သွားစေသည့် အချက်ပင် ဖြစ်၏။ နောက်ထပ် သဘောကျသည့် အချက်က refer system မရှိခြင်းပင်။ သို့နှင့် အဆိုပါ steemit နှင့် ပတ်သက်သည်များကို လိုက်ရှာ ဖတ်ခဲ့၏။

Steemit-big.png

ထိုစဉ်က steemit မှာ မြန်မာတွေ မရှိသလောက်ကို နည်း၏။ ထို့ကြောင့် English လို မတော်တခေါက် လေး ရေးရတော့၏။ intro ပိုစ့်လေး ရေးတင် ပြီး နောက်ထပ် English လို ပိုစ့်လေး ထပ်ရေးတင်ဖို့ကတော့ ကြားထဲ အတော်လေး အချိန် ယူလိုက်ရ၏။ မြန်မာလို ရေးမရတော့ အတော်လေး ခက်သား။ မြန်မာတွေ အသုံးများလာဖို့ မျှော်လင့်နေရ၏။ ကံကောင်းစွာပင် steemit မှာ မြန်မာတွေ တဖြည်းဖြည်း များလာခဲ့၏။ ကိုဟင် ကိုသက်တို့နှင့် ဆုံစည်းမိပြီး ကျနော်၏ steemit ခရီးလမ်းက အတော်လေးကို ဖြောင့်ဖြူးသွားခဲ့၏။

ကိုသက်၊ ကိုဟင်မှာ ကိုသက်နှင့် အရင် သိခဲ့ရခြင်း ဖြစ်၏။ ထိုစဉ်က တချိန်မှာ Myanmar Steemit Community ရယ်ဆိုပြီး ဖြစ်လာမည့် facebook group လေးမှာ ကိုသက်နှင့် အရင် သိခွင့် ရခဲ့ခြင်း ဖြစ်၏။ အဆိုပါ group ကို စတင် တည်ထောင်သူက တယောက် ဖြစ်၏။ ထို အကို၏ နာမည်ကိုတော့ ကျနော် မမှတ်မိပေ။ ထိုအကို အနားယူမည် ဖြစ်သဖြင့် group ကို ကိုသက်က ဆက်လက် တာဝန်ယူခြင်း ဖြစ်၏။ ကိုသက် ကနေ တဆင့် ကိုဟင်ကို ကျနော်တို့ ချိတ်ဆက်မိကြခြင်း ဖြစ်၏။

ကိုဟင် စလုံးကနေ ရန်ကုန်ကို ခဏ လာခိုက် ကိုသက်နှင့် ဆုံသွားခြင်း ဖြစ်၏။ Mdy သား ကိုသက် တယောက် ကိုဟင်နှင့် တွေ့ဖို့ ရန်ကုန်ထိ သွားလိုက်၏။ Steemit အကြောင်းကို သူတို့ သေသေချာချာ ပြောဆို ဆွေးနွေး ဖြစ်ခဲ့သည့်ပုံပင် နောက်ပိုင်း ကျနော်တို့ group တွေ ဘာတွေ လုပ်ပြီး မြန်မာ steemit user များကို အကူအညီတွေ အပြန်အလှန် ပေးခဲ့ကြ၏။

ဆက်ရန်

Don Jaun



0
0
0.000
0 comments