FPL week-5 final result

avatar
(Edited)

ဒီတစ်ပတ်မှာတော့ ၅၁ မှတ်ပဲ ရပါတယ်။ Norwich ကို အထင်သေးပြီးတော့ မန်စီးတီးကို အထင်ကြီးလိုက်တာ မှားသွားပါတယ်။ ကိုယ် ရွေးလိုက်တဲ့ လူတွေက အမှတ်မရပဲနဲ့ ရောင်းထုတ်လိုက်တဲ့ သူတွေက အမှတ်ရသွားပါတယ်။ သူတို့ကပဲ ကံဆိုးတာလား ကိုယ်ကပဲ ကံဆိုးတာလားတော့ မသိပါဘူး။

ဒီတစ်ပတ်တော့ ဂိုးသမား လဲမယ်လို့ စဉ်းစားထားပါတယ်။ ကျန်တဲ့သူတွေကတော့ အဆင်ပြေမယ်ထင်ပါတယ်။ ဒီတစ်ပတ်တော့ ကိုယ့်လူတွေ ပါတဲ့ အသင်းတွေက အိမ် ကွင်းမှာ ကစားရဖို့ များနေပါတယ်။ ဒီအပတ်မှာတော့ နိုင်မယ်ထင်ပါတယ်။

ချဲဆီးနဲ့ လီဗာပူးနဲ့ ထိပ်တိုက်တွေ့နေပါပြီ။ ချဲလ်ဆီးကပဲ လီဗာပူးရဲ့ ၅ ပွဲဆက်တိုက်နိုင်ပွဲရထားတာကို တားဆီးနိုင်မလား။ လီဗာပူးကပဲ ထပ်မံနိုင်ပွဲ ရယူသွားမလားဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ လီဗာပူးက ဒုတိယနေရာက မန်စီးတီးကို ၅ မှတ်ဖြစတ်ထားလိုက်ပါပြီ။ နောက်တစ်ပတ်မှာတော့ မန်စီးတီး အသင်းသားတွေက ရလဒ်ကောင်းတွေ ရယူပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

အဲဗာတန် မန်စီးတီး ဘန်လေ တို့ ရလဒ်ကောင်းတွေ ယူဆောင်ပေးနိုင်မှာလား။ Norwich ကပဲ နိုင်ပွဲ ဆက်ဦးလေ မလား။ Pukki ကို ပဲ ပြန်ခေါ်ထားလိုက်ရမလား။ ဘန်လေ အိမ်းကွင်းဖြစ်တဲ့အတွက် Barnes ကိုပဲ ဆက်သုံးရဦးမလား ဆိုတာ စဉ်းစားရမှာ ဖြစ်ပါတယ်။

Pieters ကရော ဘယ်အချိန်မှာ ခြေစွမ်းပြမှာလဲ။ ဒီအပတ်တော့ ခြေစွမ်းပြလေ မလား။ ပြီးခဲ့တဲ့ အပတ်ကတော့ Degea လက်စွမ်းပြသွားပါတယ်။ သူ့ကို ရွေးထားတုန်းကတော့ ဂိုးတွေပေးလိုက်ပြီးတော့ မရွေးတော့မှပဲ လက်စွမ်းပြပါတော့တယ်။

ဒီအပတ်တော့ ကိုယ်ရွေးထားတဲ့သူတွေ ခြေစွမ်းပြလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ရင် double swap လုပ်ဖို့အတွက် free လူလဲလှယ်ခွင့် တစ်ကြီမ်ကို သိမ်းထားလိုက်မှာ ဖြစ်ပါတယ်။ နာနေတဲ့သူတွေကလွဲလို့ ကျန်တဲ့သူတွေကို မလဲတော့ပါဘူး။ ကံကောင်းကြပါစေဗျာ။

Please visit my website.



Posted from my blog with SteemPress : https://steemhosting.com/?p=29


0
0
0.000
1 comments
avatar

Hi, @mmunited!

You just got a 3.3% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

0
0
0.000