ROR GAMES ကစားဖြစ်ပါတယ်

avatar
(Edited)

Screenshot_2020-02-20-18-00-21.png

ဒီနေရာကနေ သွားရောက်ကစားနိုင်ပါတယ်
https://play.google.com/store/apps/details?id=com.ziplab.rorgame

ဒီနေ့တော့ ROR GAMES Playing ကစားဖြစ်ပါတယ် အရင်နေ့တွေကတော့ အခြားဂိမ်းတွေနဲ့ဘဲ အချိန်ကုန်ပါတယ် အဓိကအားဖြင့်တော့ အာကသဂိမ်းမှာ အချိန်တွေ ကုန်တာများပါတယ် အာကာသဂိမ်းက စတင်းအထွက် ကောင်းတယ်ဆိုတော့ အားစိုက်ကြည့်တာပါ ဒီထက်များ အဆင်ပြေမလားလိုပ ထင်သလောက်တော့ မလွယ်ပါဘူး ကစားအားကောင်းရင်တော့ အဆင်ပြေနိုင်ပါတယ်

Screenshot_2020-02-20-18-00-55.png

အချိန်ပေးရခြင်းက တော်တော်လေးကို ကစားရခက်စေပါတယ် ဂိမးတွေက အချိန်စားပါတယ် ဒီထက် အချိန်ကုန်ဆုံးမှု နည်းရင် အလွန်ကောင်းမှာပါ
ယခု ROR GAME Playing ကလည်း စတင်းရဖို့တော့ မမြင်သေးပါဘူး အဓိကတော့ သူ့တိုကမ်တွေ ထုတ်ရောင်းနိုင်ဖို့ဖြစ်တယ်ဆိုတာတွေ့ရပါတယ်

Screenshot_2020-02-20-18-01-24.png

အဲ့ဒီလိုဆိုတော့ ကစားရမှာ အားအင်သိပ်မဖြစ်စေပါဘူး အခြားဂိမ်းတွေလို steem အသိုင်းအ၀ိုင်းလောက်တင်မဟုတ်ပါဘဲ အခြားအရပ်က ကစားသူတွေလည်း ပါဝင်ကစားနိုင်အောင်လုပ်ဆောင်ထားတာဖြစ်လို့ စိတ်ဝင်စားစရာတော့ ကောင်းမှာပါ အောင်မြင်သွားရင်တော့ ကစားအားကောင်းကောင်းနဲ့ ကစားထားသူတွေအတွက် အဆင်ပြေပြီပေါ့

Screenshot_2020-02-20-18-05-13.png

အခုတလော ဂိမ်းတွေကလည်း စတီးမစ်ရဲ့ ပြောင်းလဲလာနိုင်မှုကို စောင့်ကြည့်နေတာဖြစ်လို့ သွေးအေးနေကြတယ်လို့တောင် ထင်ရပါတယ် တက်ကြွကစားသူတွေလည်း ရပ်နားကုန်ကြတာ မြင်ရပါတယ်
စတီးမစ်က ဘာတွေကို ဘယ်လို ပြောင်းလဲလာမှာလဲ ပြုပြင်ပြောင်းလဲရေးတွေကို ကြီးကြီးမားမားတော့ မြင်ချင်ပါသေးတယ်
ဒါမှလည်း စတီးမစ်က နာမည်ကြီး လူကြိုက်များလာမှာပါ လူတွေ များများသိပြီး များများသုံးလာမှ စတင်းကလည်း ဈေးတက်လာနိုင်မယ်ထင်ပါတယ် စတင်းဈေးတက်အောင်တော့ ဆုတောင်းနေပါတယ်

@bobokyaw



0
0
0.000
0 comments