တစ်နေရာတည်းမှာအမြဲနေမလား

avatar

43.jpg

https://rorsteem.com

နေရာပြောင်းရွှေ့တယ်ဆိုတာကလည်း လွယ်တယ်မဟုတ်ပါဘူး အချိန်တွေ ပေးရပါတယ် တစ်နေရာကနေ တစ်နေရာကို ပြောင်းနေရတာက အချိန်တွေ ကုန်လွန်းတော့ နေရာပြောင်းပြီး ရှာဖွေတာတွေ မလုပ်တော့ပါဘူး များများ ရနိုင်မယ်ထင်တဲ့ တစ်နေရာတည်းမှာဘဲ ကျောက်ချပြီး လုပ်ဆောင်နေမိပါတယ် အခုထိလည်း ပိုးလုပ်ငန်းမှာသာ ရှိနေတုန်းပါ တစ်ရက်ကို တစ်ကြိမ်တော့ အနည်းဆုံး ကစားဖြစ်ပါတယ် တကယ်ကစားမယ်ဆို တစ်ရက် ငါးကြိမ်လောက် ကစားလို့ရနိုင်ပါတယ် ကိုယ်ကလည်းး အချိန် မအားလပ်လေတော့ တစ်ရက် တစ်ကြိမ်ကိုဘဲ မှန်အောင် မနည်း ကစားနေရတာပါ ဒါကြောင့်လည်း နေရာပြောင်းတာတွေ မလုပ်ဖြစ်တယ်ဆိုရမယ်လေ
ဒီဂိမ်းက စတင်းတွေ ပေးတယ်ဆိုရင်တော့ ကစားသူတွေ ဒီထက်များလာနိုင်ပါတယ် ခက်နေသည်က သူ့ကစားနည်းတွေကို လူတိုင်း အလွယ်တကူ နားလည်ရန် ခက်ခဲနေစေတာက တကယ့် အတားအဆီး ဖြစ်လို့နေပါတယ်
နာ်းလည်သူတွေအတွက် ဘာမှ မခက်သော်လည်း အခုမှ စကစားမယ့်သူတွေအတွက်တော့ လေ့လာတာနဲ့တင် အချိန်တွေ များစွာ ကုန်နေမှာပါ တကယ်ကစားသူတွေကတော့ နားလည်နေကြပါပြီ စမ်းကစားကြည့်မယ်ဆိုသော်လည်း တကယ်နားလည်ဖို့ အချိန်တစ်ခု ပေးရမှာဆိုတော့ ကစားသူအသစ်တွေ ၀င်ရောက်လာဖို့ အတားအဆီးဖြစ်နေပါတယ်
တစ်ချို့က ကစားနည်းကို စိတ်မ၀င်စားဘူး စတင်းရင်းမယ် စတင်းတွေ ပြန်ရချင်တယ် ဒါမျိုးဖြစ်ချင်တာပါ အဲ့သလို အလွယ်တကူ် လုပ်ပေးနိုင်မယ်လည်း မထင်ပါဘူး
@bobokyaw



0
0
0.000
0 comments