တိုကမ်တွေ ရဖို့သာဖြစ်ပါတယ်

avatar
(Edited)

Screenshot_2020-01-31-14-53-12.png

Screenshot_2020-01-31-14-53-27.png

Screenshot_2020-01-31-14-53-40.png

https://play.google.com/store/apps/details?id=com.ziplab.rorgame

အခုဆိုရင် ဒီဂိမ်းက စတင်လည်ပါတ်နေပါပြီ ကစားလို့တော့ ရနေပြီပြောတယ် ကိုယ်လည်း သေချာတော့ မကစားဖြစ်သေးပါဘူး
သူ့ဂိမ်းထဲ ၀င်ရတာတော့ လေးတယ်လို့ ထင်တယ် သွက်လက်မှုသိပ်မရှိဘူး ဒါပေမယ့် စတင်းပေးမယ်ဆိုရင်တော့ ကစားရမှာပါ
ဂိမ်းကစားရတာတော့ မခက်ပါဘူး ကလေးကစားတဲ့ ဂိမ်းတွေ ဖြစ်နေတာတော့ ဆိုးပါတယ်
ဒီထက် ကောင်းမွန်တဲ့ ဂိမ်းလေးတွေဆို ပိုပြီးလူစိတ်ဝင်စား စေမှာပါ အခုတော့ နည်းနည်း ကလေးကလားဆန်နေတယ်
ဒါကတော့ ဂိမ်းက အဓိကမဟုတ်ဘူးဆိုရပါမယ် အဓိကတော့ သူ့တိုကမ်တွေ ရဖို့သာဖြစ်ပါတယ်
များများရအောင် မြန်မြန်ရအောင် လုပ်ဖို့သာလိုတာပါ ပေါက်ဈေးကတော့ အများကြီးမဟုတ်တောင် တန်းတစ်ခုခုတော့ ၀င်လာမှာပါ
စတင်းရင်းရမယ်ဆိုရင်တော့ တော်တော် စဉ်းစားရပါမယ်
အခုက စတီးမစ်ပေါ်မှာ ဂိမ်းတွေ မှိုလိုပေါက်လာနေပါပြီ နောက်ထပ်လည်း အခုလို စတင်းနဲ့ပါတ်သက်ပြီး ဂိမ်းတွေ များစွာ ထပ်ထွက်လာပါဦးမယ်ဆိုတော့ ချင့်ချိန်ပြီးကစားရပါတော့မယ် ဂိမ်းအားလုံးတော့ စုံအောင် လိုက်မကစားနိုင်ပါဘူး အချိန်ပေးရတာဆိုတော့ လက်လည်မှာမဟုတ်ပါဘူး ကိုယ်နဲ့ အဆင်ပြေရာ ဂိမ်းကိုဘဲ ရွေးချယ် ကစားရတော့မှာပါ
အဓိကတော့ စတင်းရမယ့် ဂိမ်း အလွယ်နဲ့ အမြန် အသေအချာ ရမယ့် ဂိမ်းဖြစ်မယ်ဆိုရင်တော့ သေချာပေါက် အားစိုက်ကစားရပါမယ်
စတီးမစ်နဲ့အတူ ဂိမ်းတွေကစားရင်း ပါဝါစုရပါဦးမယ်
အရင်ကတော့ ဟိုဘက်က ဂိမ်းကို ကစားနေတာ အခုသူက ဒီဘက် ပြောင်းကစားခိုင်းနေတော့ ကိုယ်လည်း စမ်းကစားနေပါပြီ
သူ့အေပီပီလေးဒေါင်းပြီး ကလိနေပါတယ် နားလည်ဖို့တော့ အတော်ကြိုးစားရဦးမယ် ရိုးရှင်းလွယ်ကူခြင်းက ဂိမ်းတစ်ခုကို မြန်မြန်အောင်မြင်စေမှာပါ
@bobokyaw



0
0
0.000
0 comments