သစ်ငုတ်တိုပေါ်က မှို

avatar

ဒီနေ့ ခြံစည်းရိုးဘေး သစ်ငုတ်တစ်ခု အပေါ်မှာ
ပေါက်နေတဲ့ မှိုတစ်ပွင့် ကို တင်လိုက်ပါတယ်။

img_0.30846684071006086.jpg

ဘာ မှို လို့ ခေါ်ကြလဲ။
ရွာဓလေ့ အခေါ်ကတော့ အပ်ထိုးမှို ပေါ့။
ဒီမှိုပွင့်ခြောက် ကို နှုတ်၊ ကြိုးနဲ့ချည် သို့မဟုတ် နံရံ
မှာကပ် ပြီးတော့ အဝတ်ချုပ်အပ် လေးတွေ
မပျောက်ရအောင် အဲ့မှာ ထိုး သိမ်းထားတတ်တာ
မျိုးပေါ့။

မှို အမျိုးအစားများ ဖြစ်ကြသော
အစားအစာမှို
ဆေးဘက်ဝင်မှို
အဆိပ်သင့်မှို
စသည်တို့ အထဲမှာမှ ဒီမှို ကတော့ ဆေးဘက်ဝင်
လင်ဇီးမှို နှင့် ဆင်တူသော်လည်း ထိုကဲ့သို့ အစွမ်း
ရှိမည် မဟုတ်သလို၊ စားသုံးလို့လည်း မရသည်မို့
အဆိပ်ဖြစ် မဖြစ်လည်း မသိရတဲ့ မှို တစ်မျိုးသာပါ။

မိတ်ဆွေတို့ မှို စားတော့မယ် ဆိုရင်တော့ သေချာ
လေ့လာပြီးမှ စားကြပါနော်။

@walarhein



0
0
0.000
6 comments
avatar

စားမရ ဆေးမဖြစ်ပေမယ့် တနေရာတော့ သုံးရသေးသပါ့

0
0
0.000
avatar

သူ့နေရာနဲ့ သူပေါ့

0
0
0.000
avatar

အပ်ထိုးမှို အဲ့လိုတော့ အသုံးပြုကြတာ မတွေ့ဖူးသေးဘူး...

0
0
0.000
avatar

ခုခေတ် သိပ်မသုံးကြတော့ဘူး

0
0
0.000
avatar

ဟုတ်တယ်ဗျို့ လင်းဇီးမှိုနဲ့တူသလိုလို

0
0
0.000
avatar

လင်ဇီးလို ဆေးဘက်မဝင်ပါဘူးဗျာ

0
0
0.000