The Grasses : Foods For Goats, Cows And Horses

မင်္ဂလာပါ

ဒီနေ့ The Grasses : Foods Goats, Cows And Horses ဆိုပြီး စာရေးကြည့်ပါတယ်။

မြက်များ

မြက်တွေဟာ စပါးခင်း၊ ပဲ ဂျုံ ပန်း စိုက်ခင်း ယာခင်းတွေ
အထဲမှာ ပေါက်နေရင်တော့ အမှိုက်တွေ သို့မဟုတ်
ပေါင်းပင်တွေ ဆိုပြီး လူတွေက မကြိုက်၊ မကျေနပ်စွာ
နှုတ်ပစ်ကြလေ့ ရှိကြပါတယ်။ ၎င်းတို့တွေကြောင့်
သီးနှံ အထွက်လျော့နိုင်တယ် မဟုတ်ပါလား။

img_0.838601554258982.jpg

သို့ပေမယ့်လည်း မြက်တွေမှာ Vitamins and
Minerals တွေ အပြင် Antioxidant properties
တွေလည်း ပါဝင်ကြပါတယ်။ ၎င်းဓာတ်တွေဟာ
သက်ရှိသတ္တဝါတွေ အတွက်တော့ မရှိမဖြစ်တွေ ပါပဲ။

သို့သော် လူတွေ၏ အစာအိမ် ကတော့ မြက်တွေကို
အ‌စာချေညက်နိုင်စွမ်း မရှိသည့် အတွက် တိုက်ရိုက်
စားလို့ မရပါ။ ဒါပေမယ့် Alfalfa and Wheatgrass
လိုမျိုး အပင်တွေကို သဘာဝဆေးဝါး အဖြစ်
ထုတ်လုပ် စားသုံးကြတာ ရှိကြပါတယ်။

ဒါကြောင့်သာပဲ မြက်တွေဟာ ဆိတ် 🐐တွေ၊ နွား 🐄တွေ၊
မြင်း 🏇တွေ အတွက် ခွန်အား ဖြစ်စေသော အစားအစာ ဖြစ်နေပါတယ်။
ဒီတော့လည်း ဆိတ်၊ နွား၊ မြင်း ပိုင်ရှင် တောင်သူလယ်သမား
တွေက မြက်တွေကို တကူးတက ရိတ်သိမ်းယူကာ
ခုလို လှည်းဖြင့် သယ်ယူကာ ကျွေးမွေးကြရပါတယ်။

ခုခေတ်ခုခါ မှာတော့ ဆိတ် နွား မြင်း တွေက အဖိုးတန်လှ
သည်မို့ ၎င်းတို့ အစားအစာ သည်လည်း တန်ဖိုး ရှိလှ
ပေသည် မဟုတ်ပါလား။

img_0.6548960983964685.jpg

ဤတွင် ဘယ်အရာမဆို တစ်စုံတစ်ဦး အတွက်
အသုံးမကျနိုင်ပေမယ့် အခြားသူ အတွက်တော့
တန်ဖိုးရှိနေနိုင်ကြောင်း တွေးယူ မြော်မြင်မိပါတော့တယ်။

မိတ်ဆွေတို့ဘဝ တန်ဖိုးကြီးမြတ်ကြပါစေ။

@golden.future



0
0
0.000
4 comments
avatar

အလှကိုယ်စီ တန်ဖိုးကိုယ်စီ ရှိကြလေသည်ပေါ့

0
0
0.000
avatar

ဒါပေါ့
သုံးတတ်ရင် တန်ဖိုးရှ်တယ်

0
0
0.000
avatar

လောကမှာ ဖြစ်တည်နေတဲ့အရာအားလုံးဟာ သူ့နေရာနဲ့သူ
သူ့တန်ဖိုးနဲ့သူ ရှိကြတာပဲ မဟုတ်ပါလားဗျာ...။

0
0
0.000
avatar

သူနေရာနဲ့သူ အံဝင် အသုံးကျသွားရင် တန်ဖိုးရှိသွားတာပဲ

0
0
0.000