သဘာဝအလှရှုခင်းတွေနှင့် ကျွန်တော် ဟိုက်မှာပျော်နေသည်

မင်္ဂလာပါ မိတ်ဆွေတို့ရေ
ဟိုက်မှာ နေ့တိုင်း ပို့စ်တင်ရဖို့က အတော် အားထုတ်ရပါတယ်။
စာရေးဆရာ မဟုတ်တော့ ရသ သုတ ပြည့်ဝအောင်လည်း မရေးတတ်ပါဘူး။
ဒီနေ့ သွားလေရာ ဓာတ်ပုံ ရိုက်ယူပြီး ပုံလေးတွေ အကြောင်း
အချို့ ရေးပြပြီး ပို့စ်တင်ရတာပါပဲ။
ဓာတ်ပုံ ရိုက်ယူတယ် ဆိုပေမယ့်လည်း Professional မဟုတ်သလို
ဖုန်းလေးနဲ့ ရိုက်ယူရတာ ဆိုတော့ ရှယ်ကြည့်ကောင်းတဲ့ ပုံတွေလည်း
ရဖို့ မလွယ်ပါဘူး။

သို့သော်လည်း လုပ်တာတာကိုပဲ လုပ်နိုင်သလောက် ဆက်လုပ်နေရင်း
အစွဲ သံယောဇဉ် လောဘ စသည်ကို ဖြေဖျောက်နေရတာပါပဲ။

ကဲ ဒီနေ့ စစ်ကိုင်းမြို့ ရောက်တုန်း ရွှေကြက်တောင် သမိုင်းဝင်
စေတီတော်ကြီး ဖူးမြော်ပြီး ရတနာပုံတံတားကြီးဘက် လှမ်းမျှော်ကြည့်ကာ
အမှတ်တရ ရိုက်ယူထားခဲ့ဖူးတဲ့ လက်ကျန် ပုံလေးတစ်ပုံ တင်ပေးလိုက်ပါတယ်။

l374xw.jpg

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ။

@golden.future



0
0
0.000
7 comments
avatar

I have picked your post for my daily hive voting initiative, Keep it up and Hive On!!

0
0
0.000
avatar

ကိုဟိန်းရေ နင့်ဓာတ်ပုံတွေကြည့်ရတာ လွမ်းစရာကောင်းချက်။

0
0
0.000
avatar

ကျုပ်လည်း လွမ်းနေခဲ့တာ ခုတော့ လွမ်းရတော့ဘူး
သားသား ပြန်ရောက်လာပြီ

0
0
0.000
avatar

ချစ်စရာသားသားလေး ရှိနေပြီလေ။

0
0
0.000
avatar

အလွမ်းဓာတ်ခံရှိပါတယ်ဆိုမှ😣

0
0
0.000
avatar

လွမ်းလို့ သွားလာနေသူပါဆို

0
0
0.000