တောပန်းဖြူဖြူလေးတွေ

🎶ပန်းကလေးတွေများ 🎵နေခြည်ဖြန်းရင်🎵 ရွှင်လန်းနေ🎶
ဆိုတဲ့ ကြော်ငြာသီချင်းလေး ပါးစပ်က ရေရွတ်မိပါတယ်။
ဘာကြောင့်လဲ ဆိုတော့ ညက မိုးရွာထားတော့ သစ်ပင်
ပန်းမာန်လေးတွေ လန်းဆန်းလှပနေကြလို့ပါ။

ဒီမနက် ယာတောဘက် ရောက်တော့ ယာကန်သင်းခြုံတန်း
မှာ သဘာဝ အရိုင်းပန်း ဖြူဖြူလေးတွေ မြိုင်မြိုင်ဆိုင်ဆိုင်
ပွင့်ဝေနေကြတာ မြင်ခဲ့ရပါတယ်။ ပန်းပွင့်ဖြူဖြူလေးတွေက
ပိစိကွေးသေးသေးလေးတွေပါ။ သို့ပေမယ့် တချီတည်း
တပြိုင်တည်း အစုလိုက် ပွင့်နေကြတော့ ဖွေးဖွေးလှုပ်
လှပနေတော့တာပါပဲ။

img_0.46579549036317924.jpg

ဒီတော့လည်း HIVE မှာ နေ့စဉ် ပို့စ် တင်နေသူ
ကျွန်တော့်မှာ ဓာတ်ပုံ မရိုက်ယူဘဲ မနေနိုင်ခဲ့ပါဘူး။
ဒီလို တောပန်းလေးတွေ ပွင့်ဝေနေတာ မြင်ရတိုင်းလည်း
အဆိုတော် စိုင်းထီးဆိုင် ရဲ့ လင်းခေးမြို့အဝင် သီချင်းကို
သတိတရ ဆိုညည်းဖြစ်တာ များပါတယ်။

🎵တောပန်းလေးများနဲ့ 🎶လှချင်တိုင်း 🎶လှနေပါတဲ့.....🎶.

တောသဘာဝ အလှလေးတွေ ကြည့်ရှုခံစားရတာတော့
သာယာ ငြိမ်းအေး လှပါတယ်။
ဖေ့ဘုပ်ပေါ်က ငဗစ်သတင်းတော့ မကြည့်ဖြစ်စေနဲ့ပေါ့။
ဒါမှ ကြည်နေတာလေး မညစ်မှာလေ။
သို့သော်ငြားလည်း ဖေ့ဘုပ်ပေါ် မရောက်ဘဲ မနေနိုင်သေး
ပါတကား။

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ။

@golden.future



0
0
0.000
4 comments
avatar

Small White Star လေးတွေပေါ့

0
0
0.000
avatar

‌ကြယ်ဖြူပန်းလေးတွေ ခေါ်နိုင်ပေါ့

0
0
0.000
avatar

တောပန်းတို့က ရောင်စုံ ဖြူနီဝါ လွန်စွာအလှထူး စိတ်ကြည်နူးဖွယ်ကောင်းပေစွ

0
0
0.000
avatar

ဟုတ် တောထဲမှာ သာယာပါတယ်ဗျာ

0
0
0.000