နှမ်းပန်းလေးများ ဖြူလွှဝေစီ

မင်္ဂလာပါ မိတ်ဆွေတို့ရေ

ကျွန်တော် နေထိုင်ရာ ဒေသမှာတော့ မိုးဦး မိုးလယ်
မိုးနှောင်း တစ်ရာသီလုံး မိုး မကောင်းပါဘူးဗျာ။
မိုးမြေပဲ ယာခင်းတွေတော့ နုတ်ချိန်တိုင်နေသော်လည်း
မိုးရေ မရတော့ အဥ မကောင်းသလို မြေလည်း ကြတ်
နေပြီး နုတ်ရခက်ပြီပေါ့။

အချို့ကတော့ မိုးရာသီ နှမ်း စိုက်ထားကြပါတယ်။
နှမ်းခင်းတွေလည်း မိုးရေ မဝတော့ အပင် ဖြစ်နှုန်း
နည်းပေမယ့် အချိန်တန်တော့ ပွင့်ဝေ လာကြပါပြီ။

img_0.7513181663628513.jpg

ဒါကတော့ ကျွန်တော် လူနာသွားကြည့်တဲ့ ရွာဘေးက
နှမ်းခင်းလေးပါ။ နှမ်းပွင့်လေးတွေ ဖွေးဖွေးလှုပ်နေတာ
မြင်ရလို့ ပုံရိုက်ယူခဲ့ပြီး ဒီနေ့ မနက် ပို့စ်တင် လိုက်ရတာပါ။

img_0.3188627746500703.jpg

တောင်သူယာသမားတွေ စိုက်ပျိုးရေး ဖြစ်ထွန်းမှ
ကျွန်တော်လည်း ဝမ်းသာနိုင်တာပါ။ ဒါကြောင့်သာပဲ
မုတ်သုံအထွက် မိုးရယ် ကယ်ပါ ရွာပါဦးလို့
တောင်းဆုပြလိုက်ရပါတယ်။

@golden.future



0
0
0.000
6 comments
avatar

နှမ်းပန်းဖြူလေးတွေ ခေါင်းလောင်းလေးတွေလို လှချက်

0
0
0.000
avatar

မိုးရေ သာ ဝရင် ဒီထက် လှမယ်

0
0
0.000
avatar

မိုးရွာမှ ပျိုးသာမှာကို မိုးမရွာတော့ ရင်မှာ ငိုရမလို

0
0
0.000
avatar

ဟုတ်ပါ့ဗျာ မုတ်သုံအထွက် မိုးရပါစေ ဆုတောင်းနေရတယ်

0
0
0.000