နိုင်ငံတော်အလံ၊ သာသနာ့အလံ တို့နှင့်ပတ်သက်၍

မင်္ဂလာပါ

မနေ့က နေ့လည်ခင်းမှာ ဆေးဝါး အချို့ လိုအပ်လို့
တံတားဦးမြို့ သို့ ဆေးဝယ်ယူရင်း နေ့လည်စာ စားဖို့
သွားရောက်ခဲ့ပါတယ်။
အပြန်မှာတော့ မိမိ စီးလာတဲ့ ဆိုင်ကယ်ကို ထင်းကား
တစ်စီး ကျော်တတ်သွားခဲ့ရာ ကြည့်လိုက်စဉ်မှာတော့
၎င်း ထင်းကား မှာ အလံ နှစ်ခု လွှင့်ထောင် ထားတာ
ကို မြင်ခဲ့ရပါတယ်။
တစ်ဖက်မှာ နိုင်ငံတော်အလံ ဖြစ်ပြီး၊ အခြားတစ်ဖက်မှာ
သာသနာ့အလံ ဖြစ်ပါတယ်။

img_0.441220170179908.jpg

ကျွန်တော် သိထားခဲ့သည်မှာ
နိုင်ငံတော်အလံ သည် အစိုးရရုံးစိုက်ရာများနှင့်
အစိုးရပိုင်ယာဉ်များ ၌သာ လွှင့်တင်ခွင့် ရှိသလို
သာသနာ့အလံ သည်လည်း သာသနာ့ နယ်မြေနှင့်
ဘာသာရေးဆိုင်ရာများတွင်သာ လွှင်တင် အသုံးပြုခွင့်
ရှိပါသည်။

img_0.3895669804307326.jpg

ထိုသို့ မဟုတ်မူဘဲ အခြားသော နေရာများ၌ အသုံးပြု
လျှင် နိုင်ငံတော်အလံဥပဒေ၊ သာသနာ့အလံစည်းမျဉ်း
များနှင့် မညီညွတ်၍ မည်သို့သော ဥပဒေပုဒ်မများ
ရှိသည်ကိုတော့ အတိအကျ မသိရသေးသောကြောင့်
ယခု ပို့စ်တင်ကာ မေးမြန်းစုံစမ်းလိုက်ရပါသည်။

ကျွန်တော် ကတော့ ပေါက်တကရလုပ်ဆောင်တတ်တဲ့
ပြည်သူတွေ ‌ရှိတဲ့ နိုင်ငံတော်မှာ နေထိုင်နေပါတယ်ဗျ။

@golden.future



0
0
0.000
6 comments
avatar

ထင်ရာလုပ်တဲ့ လူတွေ နေတဲ့ နိုင်ငံတော်မှာ ကျွန်တော် နေတယ်

0
0
0.000
avatar

ဥပဒေ စိုးမိုးမှု နည်းတဲ့ နိုင်ငံမှာ ကျွန်တော် နေတယ်

0
0
0.000
avatar

ဟုတ်လားဗျ။
အဲ့ဒီစည်းမျဥ်းတွေကို ကျွန်တော်လည်း မသိသေးဘူးဗျ။

0
0
0.000
avatar

ခွင့်မရှိတာတော့ သိတယ်
ပုဒ်မ အတိအကျသာ မသိသေးတာ

0
0
0.000
avatar

ပေါက်တတ်ကရနိုင်ငံတော် အမည်ကတော့အလန်း
အဲ့ပေါက်တတ်ကရက လွတ်ဖို့ မဲပေးစို့

0
0
0.000
avatar

NLD ကို မဲပေးရေး တို့အရေး တို့အရေး

0
0
0.000