လူမစည်းကားအပ်သော နေရာမှာ

avatar

မင်္ဂလာပါ
မနက်က ကသက်ဆီ သွားမယ် ဆိုပြီး ပို့စ်တင်ခဲ့ပါတယ်။
တစ်ကယ်လည်း သွားရောက်ခဲ့ပါတယ်။ ကသက် က မန္တလေးဆေးရုံကြီး
ခွဲစိတ်ကုသဆောင်၁ မှာ တတ်ရောက် ဆေးကုသမှု ခံယူနေရတာပါ။
ယခင်က အသည်းစီပိုး ရှိခဲ့ရာမှ အရက်သောက်ဖြစ်တာကြောင့် အစာအိမ်
သွေးကြောပေါက်သွားတာပါ။ ခုတော့ စိုးရိမ်ရတဲ့ အခြေအနေ မရှိတော့
ပါဘူး။ သို့ပေမယ့် ဒီရောဂါက အရက် ထပ်သောက်လို့ လုံးဝ
မဖြစ်တော့ပါဘူး။ သောက်တာနဲ့ သွေးကြောထပ်ပေါက်ဖို့ အလားအလာ
ရှိပါတယ်။

ဆေးရုံ ရောက်တာနဲ့ ကသက်ဆီ ဖုန်းဆက်ပြီး နေရာ မေးရပါတယ်။
မန်းလေးဆေးရုံကြီးက ရောက်နေကြ မဟုတ်ရင် သွားတတ်ဖို့ မလွယ်ပါဘူး။
လမ်းညွှန်ဆိုင်းဘုတ်လေးတွေ ရှိပေမယ့် သိပ်မတိကျလှပါ။ ထားပါတော့။
အချိန်က ဆရာဝန် Round လှည့်ချိန်နဲ့ တိုက်နေပါတယ်။ ဒီတော့
သူ့မိန်းမကို ခဏ အပြင် ထွက်ခိုင်းပြီး ဝင်တွေ့ခဲ့ရပါတယ်။ လူနာစောင့်
နှစ်ယောက် နေလို့ မရလို့ပါ။ ပြီးတော့ လူနာစောင့် တစ်ယောက်လည်း
မနေနဲ့ ထွက်ဦးဆိုလို့ ပြန်ထွက်ခဲ့ရပါတယ်။ အထွက်မှာ ကသက်
မိန်းမနဲ့ စကား ခဏပြောနေချိန် လူနာစောင့်ကဒ် မပါသူတွေ အပြင်ထွက်ကြပါ
ဆိုတာနဲ့ ပြန်ခဲ့ရပါတယ်။ ကသက်ဆီ ကြာကြာ မနေခဲ့ရပါဘူး။

ကပ်ရောဂါကာလမှာတောင် မန်းဆေးရုံကြီးက လူနာတွေ ပြည့်ကြပ်နေတာပါပဲ။
အပြင်မှာလည်း လူနာစောင့်တွေ ပေါများစည်ကားလို့သာပါပဲ။
ဒါနဲ့ စိတ်ကူးပေါက်ပြီး ဓာတ်ပုံ ရိုက်ယူခဲ့ပါသေးတယ်။
l06mcy.jpg
တစ်ကယ်က ဆေးရုံ ဆိုတာ လူမစည်ကားအပ်တဲ့ နေရာပါ။
ခုတော့လည်း စည်းကားနေလေစွ။ ဒါ မကောင်းတဲ့ လက္ခဏာပါပဲ။
မြန်မာနိုင်ငံရဲ့ ကျန်းမာရေး အခြေအနေက ကမ္ဘာမှာ အဆင့် ၁၉၀ လောက်
ရောက်နေတာ ဆိုတော့လည်း မပြောချင်တော့ပါဘူးဗျာ။
tollzi.jpg
ကိုယ့်ကိုကိုယ်သာ ဂရုစိုက်ကြပါတော့။
မိတ်ဆွေအားလုံး ကျန်းမာ ပျော်ရွှင်ကြပါစေ။

@golden.future



0
0
0.000
2 comments
avatar

မစည်ကားအပ်တဲ့နေရာပါလေ။

0
0
0.000
avatar

မြင်ရတာ စိတ်မရွှင်စရာပါပဲ သို့သော် ...

0
0
0.000