ကျွန်းပန်းတွေ သီးပြွတ်နေ

မင်္ဂလာ ရှိကြပါစေ

ဟိုတနေ့က စစ်ကိုင်းမြို့ သို့ ဆေး ဝယ် သွားခဲ့တာက
အပြန်မှာ လမ်းမဘေးရှိ ကျွန်းပင်ငယ်တွေ အပွင့်တွေ
ဝေဆာ အသီးလေးတွေ အပြွတ်လိုက် ပင်လုံးမြိုင်နေတာ
မြင်ရခဲ့တော့ ဓာတ်ပုံ ရိုက်ယူခဲ့ပါတယ်။

img_0.4494311821812126.jpg

ဒီအပင်တွေ အပွင့် ပွင့်ဝေနေတာ တစ်လလောက်
ရှိပါပြီ။ ခုတော့ သီးကင်းလေးတွေ အစိမ်းလုံး အပြွတ်
လိုက် မြင်ခဲ့ရပါတယ်။

img_0.8547402351172974.jpg

လမ်းမဘေးမှာ တသီးတသန့် စိုက်ပျိုးထားတာရယ်၊
အရွက် ပုံစံ ကြည့်ပြီး ကျွန်းပင် ဟု ပြောလိုက်တာပါ။
သေချာရဲ့လား ‌ပြန်ပြောကြပါဦးဗျ။

ဟိုက်မှာ ပို့စ် တင်ရဖို့ ကလည်း အတော် ရှာကြံရပါတယ်။
လူ အားပေမယ့် စိတ် လွတ်လပ်မှု နည်းပါးတာကြောင့်
ရသစာပေတွေ ခံစား မရေးဖွဲ့ နိုင်အားသေး သလို
သုတ အဖွယ်ဖွယ်လည်း ပြုစု မပေးနိုင်သေးတာကို
ခွင့်လွှတ် သည်းခံ အားပေးကြပါဦး ဟု အနူးအညွတ်
တောင်းဆိုရင်းဖြင့်သာ ...

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ။

@golden.future



0
0
0.000
6 comments
avatar

ကျွန်းပင်စစ်စစ်တွေပါဗျ...

0
0
0.000
avatar

ဟဲ စစ်မှနော် ကျေးဇူး

0
0
0.000