ချစ်သောနှင်းဆီ ပန်းနှင်းဆီ

avatar
(Edited)

မင်္ဂလာပါ မိတ်ဆွေတို့ရေ

ဒီနေ့တော့ အိမ်ခြံဝင်း ထဲမှာ စိုက်ပျိုးထားတဲ့
နှင်းဆီပန်းပင်လေး ပွင့်နေတာကို ဓာတ်ပုံရိုက်
တင်ပေးလိုက်ပါတယ်။

ပန်းရောင်ဖျော့ နှင်းဆီပန်းလေးက ရနံ့သင်းပျံ့သလို
ချစ်စရာလည်း ကောင်းပါတယ်။

ဒီနှင်းဆီပန်း ပုံလေးတွေကို နှစ်ရက် အချိန်ယူ
ရိုက်ယူထားရတာပါ။

IMG_20200521_080856.jpg

ပထမတစ်ရက် ပန်းရောင်နှင်းဆီလေး ငုံအာ‌လာနေတာကို
ပုံရိုက်ယူခဲ့ပြီး တောက်လျှောက် ပို့စ်မတင်ပါဘဲ
နောက်တစ်ရက် ပန်းငုံလေး ပွင့်လာတာကို စောင့် ရိုက်ယူ
ပြီးမှ ခုလို ပို့စ်တင်လိုက်ရတာပါပဲ။
3pig7p.jpg
တစ်ကယ်တော့ ပို့စ်တစ်ပို့စ်က ဝင်ငွေ များလို့ မဟုတ်ပေမယ့်
လုပ်နေကြ အစွဲတွေကြောင့်သာ နေ့စဉ်မပျက် ပို့စ်တစ်ခု
ရအောင် ဖန်တီးနေရတာပါပဲ။
ဖန်တီးနေရတယ်တဲ့ ဘာမှလည်း မဟုတ်ဘဲကွာ... ဆိုနိုင်သော်လည်း
အချိန်တစ်ခု အားစိုက်ထုတ်မှုတစ်ခု ပေးဆပ်ရတာပဲမို့
အလကားတန်ဖိုးမဲ့တော့ မဟုတ်တန်ရာဘူးဗျာ။

မိတ်ဆွေအများ ပန်းလို မွှေးမြ ဘဝလှကြပါစေ။

@golden.future



0
0
0.000
0 comments