ဇာတ်လမ်း Review အတွက် အစပြုခြင်း

avatar

မတ်မတ်စု မအားရသည့် အကြောင်းအရင်းထဲတွင် ဇာတ်လမ်းတွဲ ကြည့်နေခြင်းသည်လည်း တစ်ခု အပါအ၀င်ဖြစ်လေသည် ။ အချစ်ဇာတ်လမ်းတွဲတွေကိုတော့ မတ်မတ်စုက မကြိုက်ပေ။ မတ်မတ်စု ကြိုက်သည်က ဇာတ်အိမ် ဇာတ်လမ်း ဆန်းပြားခိုင်လုံသော နိုင်ငံခြား ဇာတ်လမ်းတွဲများနှင့် ဇွန်ဘီ ဇာတ်လမ်းများ စနိုက်ပါ ဇာတ်လမ်းများ စစ်ကားများပင်ဖြစ်လေသည်။ မြန်မာကားဆိုလျှင် တစ်နှစ်တစ်ကားပင် မကြည့်ဖြစ်။ သို့သော် ရုပ်ရှင်ကားကြီးများကိုမှု ကြည့်ဖြစ်ပါသည်။ မြန်မာ ရုပ်သံဇာတ်လမ်းတွဲများကိုမူ မကြည့်ဖြစ်ပေ။ မြန်မာ၀တ္တုများကို မက်မက်မောမော နှစ်သက်လေ့ရှိသော မတ်မတ်စုသည် မြန်မာရုပ်ရှင်များကိုတော့ နှစ်သက်သဘောကျခြင်း မဖြစ်မိ ။ အထူးသဖြင့် ၀တ္တုဖတ်ဖူးသော ရုပ်ရှင်များကို ပို၍ ရှောင်ရှားလေ့ရှိပါသည် ။ မနှစ်သက်သည် ဆိုခြင်းထက် ၀တ္တုထဲရှိ ဇာတ်လမ်း ဇာတ်အိမ်နှင့် ဇာတ်ကောင်များကို ခံစားချက်တမျိုးပြောင်း၍ မခံစားလိူခြင်းပင်ဖြစ်သည်။

220pxSniper3moviecover1.jpg
source image
ဥပမာဆိုရသော် မိမိဖတ်ဖူးသော ၀တ္တုထဲတွင် လိုက်ပါ စီးမျောရင်း စိတ်ကူးနှင့် သရုပ်ဖော်ထားမှုသည် ရုပ်ရှင်ကြည့်လိုက်လျှင် ပျောက်ကွယ် ပျက်စီးတက်သောကြောင့် ဖြစ်လေသည်။ လူတိုင်းတော့ မိမိနှင့် တူနိုင်မည် မထင်။ လွတ်လပ်စွာ သဘောထားကွဲကောင်း ကွဲနိုင်ပါသည်။ မတ်မတ်စုကတော့ လွန်ခ့ဲသောနှစ် အနည်းငယ်က ၀တ္တုတ၀်ပုဒ်ကို ဖတ်ဖူးထားလျှင် တစ်ခါတစ်ရံ ထိုဇာတ်ကောင်အား သတိရနေတက်သေးသည် ။ လွမ်းဆွတ်နေတက်သေးသည်။ ထိုကြောင့် ၀တ္တု မဖတ်ရသေးသော ဇာတ်လမ်း ဇာတ်အိမ်များကို ရွေး ၍ ကြည့်လေ့ရှိပါသည်။

ဆက်ရန်...



0
0
0.000
2 comments
avatar

ခုတလော ကုလားကားတွေကြည့်ဖြစ် pk မင်းသားကားတွေ ကြိုက်သဗျို့

0
0
0.000
avatar

ကုလားကားလည်း ကြိုက်တယ် ဘထွေးရေ ဇာတ်အိမ်ခိုင်တယ် ဇာတ်ကွက်လှတယ်

0
0
0.000