blockchain ရဲ့ စကားလေးတွေ နည်းနည်းပြောကြည့်မယ်

avatar

ဒီလိုပြောလိုက်တော့ တော်တော်ရှုပ်ထွေးတဲ့ ဂဏာန်တွေနဲ့ ရှင်းမရအောင် ရှုပ်ထားတဲ့နည်းပညာဆိုလည်းမမှားပါဘူး။ ဒီလိုရှုပ်ထွေးတဲ့ ပုဒ်စာတွေကို block တစ်ခုချင်းစီ ဝိုင်းပြီး ဖြေရှင်းကြပါတယ်။ cloud mining , hardware mining ဆိုပြီး နှစ်မျိုးနဲ့ ငွေကြေးရင်းနှီး အဖြေထွက်ကြပါတယ်။ block တစ်ခုပြီးတိုင်း ရလာတဲ့ ကိန်းဂဏာန်လေးတွေကို token လေးတွေအဖြစ်သတ်မှတ်ပြီး ဖြေရှင်းသူများကို အချို့ကျခွဲဝေပေးပြန်တယ်။ ဒီလိုနဲ့ cryptocurrency လေးတွေဖြစ်ပေါ်လာပြီး ဝယ်လိုအားအလိုက် ဈေးကစားလာရာက ခုဆို နှစ်အတော်ကြာခဲ့ပါပြီ။ ဒီအထဲကနေပြီး ဆန်းသစ်တီထွင်လိုက်တဲ့ social media အနေနဲ့ steemit မှာတော့ စာရေးခြင်းနဲ့ token လေးတွေရရှိအောင် ပထမဆုံးဖန်တီးခဲ့ပါတယ်။ အောင်မြင်ချင်ရင်တော့ စာကောင်းကောင်းရေးသားနိုင်သူ ဒါမှမဟုတ် ငွေကြေးအများအပြားရင်းနှီးနိုင်သူတွေကတော့ အောင်မြင်မှုအားသားမှာပါ။ အမြဲတမ်းအသစ်အဆန်းတွေကို တီထွင်ဖန်တီးနေသူတွေအတွက် steemit မှာအတွေ့အကြုံတွေ ဗဟုသုတတွေရေးသားပါက အားပေးသူ၊ ထောက်ပံ့ပေးသူ ပိုမိုများပြားပါတယ်။ ဒီအကြောင်းတွေထဲက token တွေကို အလွယ်တကူ အရောင်းအဝယ်လုပ်နိုင်ဖို့အတွက် steem engine ကိုဖန်တီးပြီးနောက် ကိုယ်ပိုင် token ကိုထုတ်နိုင်အောင် ဖန်းတီးပေးလိုက်ပြန်တယ်။ ကျွန်တော်တို့ မြန်မာတွေလည်း ကိုယ်ပိုင် token ထုတ်ဖို့တော့ ဝိုင်းဝန်းကြံဆနေဆဲပါ။ မအောင်မြင်သေးပါဘူး။ token တစ်ခုကို ဘယ်လိုထိန်းချုပ်မလဲ ဘယ်လို လည်ပတ်မလဲဆိုတာကအစ အစီအစဉ်လိုအပ်ပြီး အမြဲထိန်းချုပ်ဖို့လိုပါတယ်။ ခုထုတ်ထားတဲ့ token တွေထဲမှာဆိုရင် mining သဘောမျိုး အနေနဲ့ ရင်းနှီးမြှပ်နှံသလို stake သို့မဟုတ် delegate လုပ်ပြီး ရင်းနှီးထားပါကလည်း ငွေပင်ဖန်တီးထားသလိုမျိုး မွေးပေးနေမှာပါ။ ဒီလိုလုပ်လို့ရတဲ့ ဟာတွေကတော့ cloud mining နဲ့ တူနေပြီး သူ့ထက်ပိုပြီး အဆင်ပြေနိုင်တာတွေ့ရပါတယ်။ hardware mining ထက်လည်း ပိုကောင်းပါတယ်။ stake လုပ်ခြင်းနဲ့ delegate လုပ်ခြင်းကတော့ မိမိပြုလုပ်နေတဲ့ token တွေရေရှည် တီတည့်ဖို့ လုပ်ငန်းလည်ပတ်နိုင်ဖို့အတွက် အကျိုးတူပူးပေါင်းသလို ရှယ်ယာထည့်ဝင်သလိုဖြစ်တဲ့အတွက် အများဆိုင်ကုမ္ပဏီသဘောဆောင်စေခြင်းပါ။ ရရှိလာတဲ့ token တွေကိုလည်း ဈေးအတက်အကျအလိုက် အရောင်းအဝယ်လုပ်နေရင်လည်း အရှုံးအမြတ်တော့ ရရှိမှာပါ။ အရှုံးမရှိအောင် ရောင်းဝယ်လာနိုင်ရင်တော့ အမြတ်တွေ ခံစားစံစားနိုင်မှာသေချာပါတယ်။ နည်းပညာက မစိမ်းဘူးဆိုပေမဲ့ မြန်မာပြည်နဲ့တော့ မလွယ်လှတဲ့ ဘာသာရပ်တစ်ခုပါ။



0
0
0.000
2 comments
avatar

Hi, @nayhlaingsoe!

You just got a 0.88% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

0
0
0.000
avatar

ပိုစ့်ရွေးချယ်ပေးသူများ၏ @c-squared Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @c2-myanmar အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the @c-squared Curation Collective Discord community for curators, and upvoted and resteemed by the @c2-myanmar community account after manual review. @c-squared runs a community witness. Please consider using one of your witness votes on us here
0
0
0.000