မျှော်ရ လွမ်းရ ကိုယ့်ဘဝ

avatar

🎶မိုးရိပ် မြင်တိုင်း 🎵လွမ်းလို့ 🎵ရာမညတိုင်း ဆီ🎶
🎶ပြန်လာပါ 🎵လွန်လေခဲ့သော မိုးရာသီ တနေ့မှာ🎵

ဒီနေ့ညနေ မိုးရွာ ဦးမလား မသိ၊ မိုးသား တိမ်လိပ်တွေ
ကတော့ မဲမှောင်နေပါပြီ။
ဝင်လုစ နေမင်းကြီး ကို သော်မှာ ရောင်ခြည် ထင်းထင်း
မလင်းနိုင်အားအောင် တိမ်သားထု က လွှမ်းခြုံကာ
ထားနေပြီပေါ့။

img_0.34246165897044273.jpg

တနေ့တာ ပူပြင်းခဲ့သမျှ ဝေဒနာတွေ ဖြေသာအောင်
မိုးရေ ပတ်ဖြန်းပေးဖို့တော့ တကယ် လိုနေပါပြီ။
ယခင် အပတ်က အခြားနိုင်ငံတွေ ဆီက မုန်တိုင်း
ကလည်း မြန်မာပြည် အလယ်ပိုင်း သို့ တည့်တည့်
မလာခဲ့ဘဲ ကွေ့သွားခဲ့လေတော့ အောက်ပြည်အောက်ရွာ
တွေ မှာသာ ရေကြီးရေလျှံသည် အထိ ဖြစ်ခဲ့သော်လည်း
ကျွန်တော်တို့ နေထိုင်ရာ အလယ်ပိုင်း ဒေသမှာတော့
တစ်မိုး ကောင်းလောက်ပဲ ရွာခဲ့ပြီး၊ ခု မိုးရေ ငတ်ရပြန်ပြီ။

နောက် ရက်နှစ်ဆယ် ဝန်းကျင်ဆို မုတ်သုံ လည်း
ပြန်ထွက်တော့မှာမို့ ဒီကြားထဲ မိုးရေ ကောင်းကောင်း
ရမှသာ သီးနှံလေးတွေ ဖြစ်ထွန်းပြီး တောင်သူလယ်သမား
တွေ ဝမ်းရေးင နိုင်မှာပါ။ သို့မဟုတ်ရင်တော့ ...

ဒီကြားထဲ ငဗစ်က မွှေနေလေသေးတော့ ဟိုမသွားရ၊
ဒီမလာရတွေကြောင့် ချစ်ရသူတွေနှင့် ဝေးကွာနေရတဲ့
အဖြစ်ကလည်း ဝေဒနာတစ်ခုပါပဲ။
ခုလို မိုးတွေ အုံ့မှိုင်းလာလေသောအခါ ပို့လို့သာ
လွမ်းရပေဦးမယ်ပေါ့။

ကဲ ရှိစေတော့လေ၊ မိုးဒေဝါသာ ရွာလာခဲ့ရင်တော့
ရင်ထဲက အပူ မငြိမ်းသော်မှ အပြင်က အပူတွေတော့
လျော့သွားမယ် မဟုတ်လားဗျာ။

မိတ်ဆွေများ အေးချမ်းသာယာ ရှိကြပါစေ။

@golden.future



0
0
0.000
8 comments
avatar

🎶ရင်ထဲက အပူ ဘယ်သူ ကူပါ့မယ်🎵

0
0
0.000
avatar

ဘယ်သူမကူ ကိုယ်ထူကိုယ်ထ

0
0
0.000
avatar

ဝါဆိုရယ် သိပ်သတိရမိတယ် ရာမညတိုင်းကို လွမ်းမိသလိုလို

0
0
0.000
avatar

ရာမညတိုင်း မလွမ်းပါ
စစ်ကိုင်းကိုပဲ လွမ်းပါတယ်

0
0
0.000
avatar

အေးပါခွယ် အဆင်ပြေသလိုပ😁

0
0
0.000
avatar

ပြေဘူး ခွဲနေရလို့ ၊😭

0
0
0.000