တခြေားဂိမ်းပြောင်းကစားရတော့မည်လား

avatar

y4njjukjc3.jpg
https://nextcolony.io

ယခုရက်ပိုင်းမှာ အာကာသဂိမ်းကစားလို့ သိပ်မကောင်းတော့ဘူးဆိုတာ သတိထားမိလာပါတယ် အရင်လို တက်ကြွကစားသူတွေ မရှိတော့တာမဟုတ်ပါဘူး သူတို့ရှိနေပေမယ့် ဘာကြောင့်များ သွက်လက်မှုမရှိတော့တာလဲ ဂိမ်းက အီသွားတဲ့သဘောရှိနေပါတယ်
စတင်းခွဲဝေမှုက မျှတမှုမရှိတာက တစ်ကြောင်းပေါ့ တန်းစီဇယားနဲ့ ပြိုင်ပွဲလုပ်နေရတော့ ကစားသူတွေ စိတ်ပျက်စေပါတယ်
မျှတတဲ့ ခွဲဝေမှု လုပ်ပေးနိုင်မည်လားဆိုတာကလည်း မလွယ်ပါဘူး သူတို့ရဲ့ လုပ်ဆောင်ပုံက သိပ်မကောင်းပါဘူး စိတ်ပျက်စရာပါ
ဂြိုလ်အသစ် ရှာဖွေမှုဟာလည်း အခုဆိုရင် ပိုမိုခက်ခဲလာပါတယ် စတင်းနဲ့ လဲယူလို့ရတယ်ဆိုတာကြောင့် ဂြိုလ်တွေကို အပြိုင်ရှာမယ် စိတ်ကူးထားပေမယ့် သူတို့ရဲ့ ပေးဝေမှု ခွဲဝေမှု စည်းကမ်းတွေက တင်းကျပ်လွန်းပါတယ်
ရိုးရိုးရှာမယ်ဆိုရင်တော့ တွေ့နိုင်စရာရှိပေမယ့် မျှော်လင့်ချက်ကတော့ အင်မတန်နည်းလွန်းပါတယ်
အမြဲတမ်းလိုလို တွေ့နေသူတွေကတော့ တကယ့်ကို ငွေရင်းထားသူတွေနဲ့ ကစားနည်းကစားဟန် ကျွမ်းကျင်သူတွေ ဖြစ်ပါလိမ့်မယ်
ဂြိုလ်အသစ်မရတာက ဆယ့်ငါးရက်ကျော်လာခဲ့ပါပြီ နောက်တစ်လုံးရဖို့ အဲ့သလောက် စောင့်ရရင်တော့ မတန်တော့ပါဘူး အလကားရနေတယ် ဆိုသော်လည်း အချိန်ပေးကစားရတာက တန်ဖိုးများပါတယ် အခြားလုပ်စရာမရှိလို့ ကစားနေတာဆိုရင်တော့ တစ်မျိုးပေါ့ ဒီဂိမ်းက အချိန်ပေးနေရတယ် ဒါကြောင့် အကျိုးအမြတ် ရမှဖြစ်ပါလိမ့်မယ်
ဂိမ်းအသစ် တစ်ခုက ထွက်လာနေပြီ မကြာခင်မှာ အခြေအနေ သိရတော့မယ့် အဲ့အခါ ဒီဂိမ်းက ဘာတွေ ပြောင်းလဲပေးမှာလဲ
အပြိုင်အဆိုင် ဂိမ်းတွေေ ပ်ါလာတာတောင် အပြောင်းအလဲ မရှိဘူးဆိုရင်တော့ ဒီဂိမ်းက မြောင်းထဲေ၇ာက်သွားနိုင်တယ်
နောက်ဂိမ်းက စတင်းအထွက်နှုန်း ကောင်းနေရင်တော့ ဒီဂိမ်းကို စွန့်လွှတ်ရပါတော့မယ်
@bobokyaw



0
0
0.000
0 comments