နာကျင်မှုဝေဒနာနှင့်အနာဂါတ်ခရီးအစ

avatar

y4njjukjc3.jpg
https://nextcolony.io
ဒီနေ့တော့ အာကာသဂိမ်းကို စိတ်မပါစွာနဲ့ဘဲ ကစားဖြစ်နေပါတယ် အာကာသဂိမ်းအကြောင်းတော့ မရေးချင်တော့ဘူး စိတ်ထဲမရှင်းတဲ့ ဝေဒနာ တစ်ချို့နဲ့အတူ ရေးလိုက်တော့မယ်
ရင်ထဲမှာ တဆစ်ဆစ် စူးရှနာကျင်နေတာက အဲ့ဒီအတွေးခေါင်းထဲ ရောက်လာကတည်းက
တကယ်ဆို ကိုယ်ဖြစ်စေချင်တာ အဲ့သလိုမဟုတ်ခဲ့ဘူး ထင်သလိုဖြစ်မလာတဲ့အတွက် လက်ခံဖို့ခက်ခဲနေခဲ့တာပါ
အပြောင်းအလဲအတိုင်း ဆက်သွားလိုက်ဖို့ အတိတ်တွေကို ခဏဖြစ်ဖြစ် မေ့လိုက်ကြဖို့လိုအပ်တယ်
မညီညွတ်ခြင်းက တိုင်းပြည်ပျက်ခြင်းရဲ့ တရားခံအစစ်ဘဲ အဲ့ဒီရန်သူက အနီးဆုံးမှာရောက်နေခဲ့ပြီ
အဟောင်းနဲ့ အသစ်ကြားမှာ ကာလတစ်ခု အလွှာတစ်ခု ရှိနေခဲ့မယ် အဲ့ဒီအလွှာက ထူတာလား ပါးတာလား ကျယ်တာလား ကျဉ်းတာလား အတိုင်းအဆ တစ်ခုခုဖြစ်မှာပါ
အဲ့ဒီကြားကာလမှာ အခုလိုဘဲ ဘက်နှစ်ဘက်ကို ဝေခွဲရခက်ပြီး ဗျာပါဒများရတဲ့ တဒင်္ဂတွေလိုပါဘဲ
မေ့မထားစရာ အကြောင်းအချက်တွေတော့ ရှိနေသေးတယ်
သူဌေးတစ်ယောက်နဲ့ ဘက်ပြိုင်ပြီးတော့ ထိပ်တိုက်မတွေ့ချင်စမ်းပါနဲ့လား
မှားတယ် မှန်တယ်ဆိုတာထက် ပိုပြီး သေချာတဲ့ အဖြေတစ်ခုကို အဲ့ဒီသူဌေးက ပေးလာမှာဖြစ်နေလို့ဘဲ
အကြပ်ကိုင်တယ် အမိန့်ပေးတယ် ချယ်လှယ်တယ်ဆိုတာကို အဲ့သလိုလူတွေက လက်ခံလေ့မရှိဘူး အဲ့ဒါ ကဘာဦးအစကတည်းက
ဒါကြောင့် အဖြေက ရှိနေပြီးသားဘဲ ဒါပုံသေဘဲ သူလုပ်ချင်တာကို ဖြစ်အောင် လုပ်သွားမှာဘဲ
ဘာနဲ့တူမလဲဆိုတော့ ဂျီတိုက်ဂျစ်ကန်နေတဲ့ ကလေးတစ်ယော က်ကို ချော့နေတဲ့ ပုံနှယ်ပါဘဲ စိတ်ကျေနပ်မှုလေးတွေအကြောင်းပြောပြနေမှာမဟုတ်ပါလား အဲ့ဒါတွေက ဖြစ်လာနိုင်တဲ့အရာတွေဆိုပေမယ့် ဘယ်တော့မှဖြစ်လာလေ့မရှိတဲ့အကြောင်းတွေပါဘဲ
ခံစားမှုဝေဒနာတွေက တစ်ဦးနဲ့တစ်ဦး သိပ်မကွဲပြားနိုင်ပါဘူး အတိမ်အနက်တော့ ကွာချင်ကွာမှာပေါ့ ငါ့ရင်ဘက်ထဲမှာလည်း ဒီဝေဒနာရှိသလို မင်းတို့အားလုံးရင်ဘက်ထဲမှာလည်း အလားတူ ဝေဒနာ ဖြစ်ပေါ်နေမှာဘဲ ဘာလို့လဲဆိုတော့ တို့တစ်တွေက ရင်ဘက်ချင်းတူတယ်ပြောရမလား ရင်ဘက်ချင်းနီးစပ်တယ်ဆိုနိုင်မလားဘဲ
သူဒါကို ဘာလို့ဝယ်တာလဲ ဒါကိုဝယ်ရင် ဒီလိုဖြစ်မယ်လို့ မတွေးဘဲနေပါ့မလား
ဒါတွေကို တွေ့ရကြုံရမယ် ရင်ဆိုင်ရမယ် ဆိုတာ သိပြီးသားဖြစ်မယ်လေ ဒါကိုယူဖို့ အများကြီး တင်ကြို လုပ်ဆောင်ခဲ့ပြီးပြီဘဲ
ပလန်အေ ပလန်ဘီ ပလန်စီ ပလန်ဇာတ်.........
ဒါကြောင့် အတိုက်တွေ အခံတွေသိပ်မလုပ်တော့ဘူး ဘာလို့လဲ ............. ပိုကောင်းတဲ့ အစီအစဉ် ကောင်းမွန်တဲ့ လမ်းကြောင်း
ခိုင်မာတဲ့ အကြောင်းပြချက် အများလက်ခံချင်စရာ အဲ့ဒါတွေ သူ့မှာ ရှိနေပြီးသားပါ
ကံစမ်းမဲနှိုက်သလို ကံကောင်းပါစေဆိုပြီး ဒီလောက် မိုက်မဲစွာ လုပ်မယ့်သူမဟုတ်နိုင်ပါ
စတီးမစ်ရဲ့ အလှည့်အပြောင်းက အခုမှစတာ မြင်သာထက်သာတဲ့ အကျိုးကျေးဇူတွေး အခုကာလရဲ့ နောက်ကွယ်မှာ ရှိနေပြီးသား
အဲ့ဒါကို တရုတ်ကလေးက မြင်တယ် မမြင်တာက ဟို ဘီလိန် နက်ဆိုလား မဲဆိုလား တောင်ပြောမြောက်ပြော ပုံတွေပြောတဲ့ လူ
တရုတ်ဆိုတာ သူ့အတွက် အကျိုးအမြတ်မရှိရင် လေတောင်မလည်ဘူးရယ်
စတိးမစ်ကြီးနဲ့ စတီးမစ်ကလူတွေအတွက်ဆိုပြီး သူက တကူးတက ပရဟိတ လာလုပ်ပေးမယ့်သူမဟုတ်ပါ
အတိုဆုံးအဖြေကတော့ သူလုပ်ချင်တာဖြစ်အောင်လုပ်မယ့်သူ ဆိုတာပါဘဲ

@bobokyaw



0
0
0.000
1 comments
avatar

According to the Bible, Charity Means Love (4 of 5)

(Sorry for sending this comment. We are not looking for our self profit, our intentions is to preach the words of God in any means possible.)


Comment what you understand of our Youtube Video to receive our full votes. We have 30,000 #SteemPower. It's our little way to Thank you, our beloved friend.
Check our Discord Chat
Join our Official Community: https://beta.steemit.com/trending/hive-182074

0
0
0.000