ပေါ်တော်မူလာတဲ့ဂြိုလ်

avatar

y4njjukjc3.jpg

https://nextcolony.io

အာကာသဂိမ်းမှာ ဂြိုလ်ပျောက်ရှာနေခဲ့တာ တော်တော်လေးကြာသွားပါတယ် အရင်တစ်ခါ ဂြိုလ်နဲ့ ဒီနေ့ရတဲ့ ဂြိုလ်အသစ်ရဲ့ကြား အချိန်ကွာဟချက်က တော်တော်ကို များသွားပါတယ် ရက်ပေါင်းနှစ်ဆယ်လောက်တော့ဖြစ်မလားဘဲ အဲ့သလောက်ကိုကြာသွားပါတယ် ရှာဖွေရေးယာဉ်တွေလည်း ပျက်ကျတာ မနည်းပါဘူး အသစ်ထုတ်ပြီးရှာလိုက်လိုက် ပျက်ကျလိုက်နဲ့ စိတ်ရှည်ရှည်လေး ရှာခဲ့ရပါတယ် အဲ့သလောက်ကြာသွားတော့ ရှာရတာလည်း တော်တော်ကို အားပျော့်လာမိတာပေါ့ သို့ပေမယ့် အခုလို ဂြိုလ်တစ်လုံးပြန်ရလိုက်တော့လည်း ရှာဖွေရတာ ပျော်စရာဖြစ်လာပြန်ပါရော အားတိုင်းရှာတာထက် မအားလည်း ရှာရမှာပါဘဲ ရှာနိုင်သူတွေအတွက်ဂြိုလ်တွေက ရှိနေမှာပါ တွေ့နေမှာပါ အခုလို အချိန်များစွာကြာမှ တွေ့တက်တာကလည်း ဒီဂိမ်းရဲ့ လျှို့ဝှက်ချက်တ စ်ုခလို့တောင်ပြောရမလိုပါဘဲ
ဒီနေ့အသစ်ရလိုက်တဲ့ ဂြိုလ်ရဲ့တန်ဖိုးက လက်ရှိကာလပေါက်ဈေး နှစ်ဒေါ်လာကျော်ကျော်တော့ တန်ပါတယ် စတင်းနဲ့တွက်ရင်တော့ ဆယ့်နှစ်စတင်းဝန်းကျင်လောက် ရပါတယ် မဆိုးပါဘူး ဒါက ဂြိုလ်အပေါ်ကရတဲ့ တန်ဖိုးပါ လက်ရှီဂြိုလ်ကနေ တစ်ဆင့် ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်ပြီး မနီးမဝေးမှာေ နာက်ထပ် ဂြိုလ်တွေ ရနိုင်သေးတာမို့ အဆင်ပြေလာပြီဆိုရပါမယ် အဲ့သလို ဂြိုလ်တွေ ခပ်စိတ်စိတ်လေး တွေ့တယ်ဆိုရင် ဒါဟာ စတင်းကြောတစ်ခုပေါ်ကို ရောက်သွားသလိုဖြစ်စေမှာမလွဲပါဘူး
အာကာသဂိမ်းက ကျန်းမာရေးတော့ နည်းနည်းချူချာနေပါတယ် စောင့်ကြည့်ရင်း ရသလောက် တွန်းကစားရင်းနဲ့ ရှေ့ဆက်နေပါတယ် ဒိဂိမ်းကနေ စတင်းစုစုပေါင်း နှစ်ထောင့်ငါးရာဝန်းကျင် ထုတ်ယူခဲ့ပြီးပါပြီ အဲ့သလောက်လည်း မဆိုးဘူးပြောရမယ်လေ
စာရေးတာလေးကလည်း အနည်းအကျဉ်းရတယ် ဂိမ်းတွေကလည်း အခုလို စတင်းတွေ အစုလိုက်အပြုံလိုက်ရနေတော့ စတီးမစ်မှာ ဖိုးသက်ရှည် ဖြစ်စေခဲ့ပါတယ်
အခုနောက်ဆုံးထွက်တဲ့ ဂိမ်းကိုလည်း ကစားနေပါတယ် ဂိမ်းအသစ်တို့ထုံးစံအတိုင်းပါဘဲ အယောင်ယောင် အမှားမှားနဲ့ အိုးနင်းခွက်နင်းကစားနေတုန်းပါ နားလည်ဖို့တော့ ကြိုးစားနေပါတယ် သူ့ဆီကနေတော့ လက်ရှိမှာ ဖရီးကစ်နေပါတယ် စတင်း မရင်းဘဲ ကစားကြည့်နေတာပါ အရတော့ နည်းပါတယ် ဒါပေမယ့် ရတယ်ဆိုတော့လည်း ကစားရတာ တန်နေပါတယ် ဂိမ်းတွေထဲမှာတော့ လက်ရှိအခြေအနေအရ စတင်းမွန်းစတားရယ် အာကာသဂိမ်းရယ် အခုနောက်ဆုံးထွက် စပိန်ကဂိမ်းရယ် စတင်းတွေရနေပါတယ် နောက်လည်း ရနေဦမးယ်လို့ သုံးသပ်ရပါတယ် ဒါကြောင့် ဂိမ်းတွေနဲ့ အတူ နောက်ထပ် အချိန်များစွာ အတူရှိနေပါဦးမယ်
စာလေးရေးလိုက် ဂိမ်းလေး ကစားလိုက် စတင်းတွေ စုလိုက်တော့ လုပ်နေတုန်းပါ စတင်းဈေးကလည်းတက်ရိပ်ပြနေတော့ မျှော်လင့်ချက်တွေ မကြာခင် ပြည့်ဝလာဖွယ်ရှိနေပါတယ်
@bobokyaw



0
0
0.000
1 comments
avatar

According to the Bible, How do you influence faith to Christian believers? (Part 1 of 3)

(Sorry for sending this comment. We are not looking for our self profit, our intentions is to preach the words of God in any means possible.)



Comment what you understand of our Youtube Video to receive our full votes. We have 30,000 #SteemPower. It's our little way to Thank you, our beloved friend.
Check our Discord Chat
Join our Official Community: https://beta.steemit.com/trending/hive-182074

0
0
0.000