ထန်းဋီကာ

avatar

🎵ထန်းပင် ထန်းလက် 🎶ထန်းရွက်တွေက
🎵တသွယ်သွယ်ပါ မောင်ရေ🎶 ဆိုတဲ့ သီချင်းထဲကလို
ထန်းတောထဲ ရောက်သွားတဲ့ အခါမှာတော့ ထန်းဖူးနံ့
သင်းသင်းလေးကို ရှူရှိုက်လိုက်ရင်း ဘဝရဲ့ အမောတွေ
ခဏတာ ပြေပျောက်သွားတယ် ထင်ရပါရဲ့။

img_0.6218988820571559.jpg

သဘာဝရဲ့ တန်ဖိုးက သတ်မှတ်လို့ မတတ်အောင်
ကြီးမားပါတယ်။
ထန်းပင် ဆိုတာက လူသားတွေကို အတော် အကျိုးပြုတဲ့
အပင် ပါပဲ။

ထန်းသီး အစေ့ကနေ ပေါက်လာတဲ့ ထန်းပင်ပေါက်
အညှောက်ကို ထန်းမြစ် ဟု ခေါ်တွင်ပြီး ပြုတ်စားကြ၊
ဖုတ်စားကြ မဟုတ်လား။

ဟော ထန်းပင်ကြီး ဖြစ်လာတော့ ထန်းရွက်ကို အမိုး
အကာ လုပ် သုံးကြပြန်တယ်။ ထန်းဖူးရွက်လေးများ
ကြတော့ မုန့်ထုပ်ရာမှာ သုံးကြသေး။ ဒါတင်မက
ထန်းရွက်ပုတီး၊ ယပ်တောင် အစရှိသဖြင့် အရုပ်မျိုးစုံ
ပါ လုပ် ကိုင်ကြပါတယ်။

ထန်းလက် ကြတော့ ကုလားထိုင်၊ အခင်း၊ ကုတင်၊
တုတ်ချည်စရာ လျှော် စသဖြင့် သုံးကြပါတယ်။

အဲ ထန်းနို့ဖူး ထွက်လာတော့ ထန်းရည် ခံ သောက်ကြ
ပြန်ရော မလား။ ထန်းပင်ကျရေ ဆိုပြီးတော့လေ။
သီးလာတဲ့အခါမှာတော့ ထန်းသီးဆံ စားကြရပြန်ပါတယ်။

ဒါတင်ပဲလား။ အပင်ကြီးလို့ အရပ်ရှည်လွန်းပြန်တော့
ခုတ်လှဲကာ အဆောက်အဦ အတွက် အသား ဖြစ်သလို
ထင်း လည်း ရပြန်ပါတယ်။

ထန်းပင် တစ်မျိုးတည်းနဲ့ အိမ်ဆောက်နေကာ ပရိဘောဂ
စုံစွာ ပြုလုပ်နိုင်တယ်နော်။

ကဲ ဘယ်လောက် အသုံးဝင်လိုက်လဲ။ ထန်းတစ်ပင်လုံး
က အသုံးချ အသုံးကျ အသုံးပြုလို့ ရတာတွေပဲ
ဆိုတော့ကာ ထန်းပင်ဟာ လူတွေ အတွက် အကျိုးများချက်
ပဲဗျာ။

@golden.future



0
0
0.000
4 comments
avatar

သဘာဝတန်ခိုး ထန်းတန်ဖိုး

0
0
0.000
avatar

တန်ဖိုးသိမှ တန်ဖိုးရှိရ

0
0
0.000