ဒီးဒုတ်ရေတံခွန်စခန်းမှာကွယ်

avatar

မင်္ဂလာပါ မိတ်ဆွေတို့ရေ
ဒီနေ့လည်း ဒီးဒုတ်ရေတံခွန်တောင် ငါးထပ်ရေတံခွန်စခန်း
ပုံလေးတွေကို တင်ပါရစေဦးဗျ။

ဒီပုံလေးတွေကို ငါးဆင့်ရေတံခွန် စခန်းရောက်တာနဲ့
ခဏထိုင်နားပြီး ရေတံခွန်ဘက် ဆင်းကာ အမှတ်တရ
ဓာတ်ပုံ ရိုက်ယူခဲ့တာပါ။
9j65ta.jpg
ဒါကတော့ ရေတံခွန်လေး စီးကြနေပုံပါ။ တောင်နံရံဘေး
မှာတော့ ရေသူမပုံ ဆေးခြယ်ထားတာပါ။ သို့သော်
အဝေးက ကြည့်ရင်တော့ ယောက်ျားတစ်ယောက်နဲ့ ပိုတူ
ပါတယ်။ ရေတံခွန်မှ ကျလာသော ရေတွေကို
အိုင်ထဲမှာ စုပေးထားတာပါ။ ဒါမှ အောက်သို့ ဆက်စီး
မသွားဘဲ ရေကစားလို့ ရအောင်လို့ပါ။ ရေတံခွန်စခန်း
ဆိုင်ရှင်က ညနေရောက်လို့ ရေကစားတဲ့ လူတွေ
ပြန်စေချင်ရင် ‌အိုင်ထဲက ရေတွေကို ဖောက်ချလေ့
ရှိပါတယ်။ ရေတွေ ဖောက်ချတာ တစ်ခုနော့လည်း
ကောင်းပါတယ်။ ရေသစ်လဲပြီးသား ဖြစ်သွားတာပေါ့။
6kmrp8.jpg
ဒါကတော့ ရေတံခွန်အိုင်ဘေးမှ ကျောက်တုံးကြီးတွေပေါ်
ငါးပုံ ဆေးခြယ်ထားတာပါ။ သဘာဝအလှ အပေါ်
အမြင်တစ်ခု တိုးရအောင်ပေါ့ဗျာ။

ကျွန်တော်လည်း ဒီလိုပုံလေးတွေ အမှတ်တရ ရိုက်ယူပြီး
တော့မှပဲ ရေတံခွန်စခန်းဆိုင်တဲထဲ ပြန်ဝင်ကာ
အမောပြေ ဘီယာနှင့် ကျောက်ပွင့်သုပ်လေးများ
စားသောက်ကာ ခဏနားခဲ့ပါတယ်။ ပြီးတော့မှ
ရေထဲဆင်းကာ ရေစိမ်ကစားခဲ့ကြတာပေါ့ဗျာ။

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ။

@golden.future



0
0
0.000
2 comments
avatar

လှတယ်ဗျို့ မရောက်ဖူးသေးဘူး။

0
0
0.000
avatar

ခုချိန် လူရှင်းတုန်း သွားလည်ထားဗျ

0
0
0.000