The Choice Man (၁၀)

avatar

choice.jpg

ကော်နီရဲ့ရွေးချယ်မှု

“တစ်ချို့ ကိုယ်ရွေးချယ်မိတဲ့ အရာတွေကြောင့်
ဘဝမှာ အဓိပ္ပာယ်မရှိတဲ့ အကျိုးဆက်တွေ
ဖြစ်လာတတ်တယ် . . တစ်ချို့ ရွေးချယ်မှုတွေက
ဘဝကို ပြောင်းလဲသွားစေတယ် . .”

တိုးတိတ်ညှင်သာစွာ သူဆက်ပြောတယ် . . .
“အများအားဖြင့်ပေါ့လေ . . .” ခဏလောက်
နားပြီး ထပ်ပြောပါတယ် . . . “ ဘာကိုရွေးချယ်
လိုက်လို့  ဘာဆက်ဖြစ်မယ်ဆိုတာ တို့ တွေ
မသိနိုင်ဘူး . . . တစ်ချိန်မှာ ကိုယ့်ဆီ
ပြန်လာမယ့် တန်ပြန်အကျိုးသက်ရောက်မှု
တွေ အတွက် အရိုးရှင်းဆုံး
ဆုံးဖြတ်ချက်တွေ ဖြစ်သွားနိုင်တယ်။
ကွန်စတန် ဝီလ်ဆင် . . . ဒီနေ့ တော့
မင်းဘဝကြီးကို ပြောင်းလဲစေမယ့် အခွင့်အရေး
တစ်ခု ရတော့မယ်။ မင်းရဲ့ ဖြတ်သန်းခဲ့တဲ့ ဘဝနဲ့ 
လက်ရှိဘဝ အခြေအနေတွေကို ပြောင်းလဲ
ပစ်နိုင်တော့မယ်။”

“ကျမရဲ့ လက်ရှိဘဝအခြေအနေလား”
သူပြောခဲ့တာတွေကို မကြားလိုက်သလိုပုံမျိုးနဲ့ 
မေးလိုက်ပါတယ်။
“မင်းရဲ့ အတိတ်ကိုရော” လီယိုနာ့ဒ် အလေး
အနက် ဖြည့်စွက်ပြောလိုက်ပါတယ်။
“အတိတ်ကို ပြောင်းလဲလိုက်တာက မင်းရဲ့
လက်ရှိဘဝနဲ့ အနာဂတ်ကိုပါ ပြောင်းသွားစေ
မှာပေါ့”

“ကျမရဲ့ အတိတ်ကိုတော့ ပြောင်းလဲလို့ 
ဘယ်ရတော့မလဲ”

“ပုံမှန်ဆိုရင်တော့ ဟုတ်ပါတယ် . . .
ပြောင်းလို့ မရဘူး . . .ဒါပေမယ့် ဒီအချိန်က
ခါတိုင်းလို မဟုတ်ဘူးလေ”

သူ့ လက်ဆွဲသေတ္တာကို ငုံ့ ယူလိုက်ပါတယ် . . .
ခဏလောက် သော့ဂဏာန်းတွဲတွေကို လှည့်
ပြီး သော့အိမ်ကို နှိပ်ကာ သေတ္တာဖုံးကို
ဖွင့်လိုက်ပါတယ် . . သေတ္တာကို ဖွင့်ပြီးပြီး
ချင်းခဏမှာပဲ ပြန်ပိတ်လိုက်ပါတယ်။ ပါးပျဉ်းထောင်ထား
တဲ့ မြွေတစ်ကောင်အလား သူ့ လက်ဟာ လျင်မြန်လွန်းလှ
ပါတယ်။ သေတ္တာကို သော့ပိတ်ပြီး အောက်ကိုပြန်ချ
တာနဲ့ တစ်ချိန်တည်းလို အခြားလက်တစ်ဖက်က
မနီလာ ဖိုင်တွဲတစ်ခုကို ကိုင်ပြီး သူမထံကမ်းပေး
ပြီးဖြစ်နေပါပြီ။
နူးညံ့ပြီးအေးစက်တဲ့လေသံနဲ့ သူစကားစပြော
ပါတယ်။ “ကွန်စတန် ဝီလ်ဆင် . . . ဒီတစ်ခုက
မင်းအတွက် ဒုတိယအကြိမ်ရွေးချယ်ရမယ့်ဟာပဲ”

ကော်နီ သူ့ လက်ထဲက ဖိုင်တွဲကို လှမ်းယူလိုက်တဲ့
အချိန်မှာ သူမလက်တွေ တုန်ယင်နေတာကို
သတိပြုမိလိုက်တယ်။
“အထဲမှာ စာရွက်သုံးရွက်ရှိတယ် . . .” တိုးတိုးညှင်သာ
စွာ ဆက်ပြောတယ် ဒါပေမယ့် သူ့ အသံကို
ရှင်းရှင်းလင်းလင်း ကြားနေရပါတယ် . . .။
“တစ်ရွက်ကတော့ ဗလာသက်သက်ပဲ . .
အဲဒါရဲ့ အဓိပ္ပာယ်က နောက်ကြောင်းပြန်လှည့်ပြီး
မင်းရဲ့ လက်ရှိဘဝမှာပဲ ပြန်နေထိုင်ရုံပဲ . . ကျန်တဲ့
စာရွက်နှစ်ရွက်မှာတော့ မင်းကို ဒီဘဝရောက်အောင်
တွန်းပို့ ခဲ့တဲ့ အဓိက အဖြစ်အပျက်တွေကို
ဖော်ပြထားတယ်. . . မင်းအနေနဲ့ ဒီထဲက
စာရွက်တစ်ရွက်ကိုတော့ ရွေးချယ်ပေးရမယ်”

“ပြီးတော့ရော . . ဘာဆက်ဖြစ်မှာလဲ”
“ ပြီးရင် မင်းရွေးချယ်လိုက်တဲ့ အခိုက်အတန့် 
လေးရဲ့ ဘဝကို ပြန်သွားပြီး နေထိုင်တော့ပေါ့”

ဖိုင်တွဲကို အခုချိန်ထိ မဖွင့်သေးပဲ . . .
“အဲဒါကို ရှင်က ဘယ်လိုလုပ်ပေးနိုင်မှာလဲ”
သူမ ပြန်မေးလိုက်ပါတယ်။
“ဒါက အရေးမကြီးပါဘူး . . .” ခပ်ဆတ်ဆတ်လေး
သူပြန်ပြောလိုက်တယ်။
“မင်းလုပ်ရမှာက တစ်ခုခုကို ရွေးချယ်လိုက်ဖို့ ပဲ”
“ကျမကို ဟာသတွေ လာပြောနေတယ်
မဟုတ်လား . . . ဘယ်လိုလူကမှ
အတိတ်ကို ပြောင်းလဲပေးလို့ မရပါဘူး”

သူ ဘာမှပြန်မပြောတော့ပဲ တိတ်ဆိတ်နေလိုက်
တော့တယ်။
သူမဖိုင်တွဲကိုငုံ့ုကြည့်ပြီး ဖွင့်လိုက်ပါတယ် . . .
ပထမဆုံးစာရွက်က ဗလာစာရွက်ပါ ။
“ဒီစာရွက်က ဘာမှထွေထွေထူးထူး မဟုတ်ဘူး
မလား . .. အားလုံးကို ပိုနေမြဲ ကျားနေမြဲ
ထားရမယ့် ရွေးချယ်မှုပေါ့”

သူမ ရေရွတ်ရင်း ပြောလိုက်ပါတယ်။

ဆက်ရန် . . . . . . .
Translated From “THE CHOICE MAN” by O.H.Reads
@thettinaung
MSC - 105



0
0
0.000
2 comments